အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Monday, 15 April 2013
နှစ်သစ်ရဲ့ သင်္ကြန်
ပိတောက်တစ်ခက် ရနံ့ သက်စွာ
မေ့ဆံညှာဦး ရွှေရည်လူးသို့ 
နေခြည်ဖူးသစ် တစ်နှစ်သစ်ကာ
ခေတ်အခါတွေ ဘယ်လိုထွေစေ
တို့ နေမြန်မာ မာယာမရှိ
ယဉ်ကျေးသည့်သာ ။...။
ရေသဘင်ပွဲ ခြိမ့်ခြိမ့်သဲတော့
ယိမ်းသမနဲ့  သင်္ကြန်ရဲ့ဒိုး
ဘယ်ခါမညှိုး ဆတိုးသစ်လွင်
အပျက်စင်အောင် ချစ်ဆွေနောင်များ
ရွှေပြည်တန်ဖိုး ချစ်မြတ်နိုးမှ
လှပမည်သာ။...။
နွေလေမြူးတွေ သင်းလေတော့လည်း
လျှောက်မြဲလျှောက်မယ် ပိတောက်ရယ်
နှစ်သစ်မှာဖြင့် မာန်ဝင့်ကာ လေ
ပွင့်လန်းစေချင် ရေစင်ပွဲနဲ့ 
ရှင်းသန့် လျှက်သာ။....။
ရင်ခုန်ရသူ(15.4.2013)
1 comment:
စံပယ်ချို said...
နှစ်သစ်အတွက်ကဗျာလှလှလေးပေါ့နော်
Followers