အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Saturday 18 January 2014

စိမ်းရက်လေသူ


လေပြေညှင်းက တသင်းသင်းလေးဝှေ့ 

တငွေ့ ငွေ့ နဲ့ အတွေးစိတ်က

အာရုံတွေထွေးပိုက်ရင်း...
...
ဒီညနေခင်းလေးမှာ...

အဖော်မပါတစ်ယောက်တည်း...

မြေနီလမ်းလေးထဲလျှောက်လို့ ..

ခရေပင်အောက်မှာ ပန်းကြွေတွေက...

အတိတ်ကခြေရာတွေကို တူးဖ်ာနေတော့...

နီဖျော့ဖျော့ဆံနွယ်တွေက..

ဝင်းပပ ပါးမို့ မို့ ထက် တစ်ခါတစ်ခါ ရိုက်ခတ်လို့ ..

ညှို့ မျက်ဝန်းတွေဆီခြယ်..

နှင်းဆီရောင် နှုတ်ခမ်းဖူးများ...

သွဲ့ သွဲ့ လေးပြုံးပြရင်း....

ဘဝဆိုတဲ့  ပုစ္ဆာတစ်ပုဒ်ကို...

ပကာသနတွေနဲ့  အဖြေထုတ်ချင်ခဲ့သူ..

လိုအင်တွေ ပြည့်ဖို့ ..အဝေးသို့ ပြေးထွက်သွားခဲ့တယ်နော်..

ပျော်ပါစေ...သူ့ ရဲ့လမ်းလေး....

ပန်းတွေလည်းမွှေးပါစေ....

ဒီညနေခင်းလေး....

စိမ့်စိမ့်ကလေးအေးလာ...

ခြုံနေတဲ့  အလွမ်းဝတ်ရုံလွှာကို..

အသာအယာဖယ်ချရင်း.....

ကြယ်စင်လင်းတဲ့ ညဆီကိုမျှော်...

သြ....လမင်းလည်း..ကိုယ့်လိုပဲပေါ့.....


လေးစားလျှက်
 





အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

1 comment:

စံပယ်ချို said...

စိမ်းရက်လေသူနဲ့ဝေးပါစေလို့အမဆုတေင်းပေးခဲ့တယ်နော်

Followers