ထိတ်စရာလိပ်ပြာလှုပ်
ပြိတ္တာရုပ်သဖွယ်
မဲချက်ကကဲထက်ကြွယ်သည်
ကျွဲနက်ဝယ်မခြား။
ဂျီးသူဌေးမီးသွေးငိုသည်
ကျီးမွှေးကိုရှုံ့းရတကား။
ညစ်ထေးလို့ ပြစ်ထွေးမှောင်သည်
သစ်စေးရောင် အလား။
အနက်တွင် မက်လင်သားပါပဲ
မျက်မြင်အား အမှန်။
အမူတွင် ငါးခူရှုံးရ
လဒူမုန့် ကျွမ်းသည့်သဏ္ဍာန်။
သပိတ်နှင့် ငချိတ်ဆန်လို
မနိပ်ဟန် ဆင်ကွဲပါ့
မင်ခဲနှင့် ပုလင်းဖင်လို မဲမှောင်လို့ညို။
မီးလောင်သည့် တုံးငုတ်တိုမှာ
ပုံးစုတ်ကို စွပ်ထားသို့လေး။
( စလေ ဦးပုည )
ပြိတ္တာရုပ်သဖွယ်
မဲချက်ကကဲထက်ကြွယ်သည်
ကျွဲနက်ဝယ်မခြား။
ဂျီးသူဌေးမီးသွေးငိုသည်
ကျီးမွှေးကိုရှုံ့းရတကား။
ညစ်ထေးလို့ ပြစ်ထွေးမှောင်သည်
သစ်စေးရောင် အလား။
အနက်တွင် မက်လင်သားပါပဲ
မျက်မြင်အား အမှန်။
အမူတွင် ငါးခူရှုံးရ
လဒူမုန့် ကျွမ်းသည့်သဏ္ဍာန်။
သပိတ်နှင့် ငချိတ်ဆန်လို
မနိပ်ဟန် ဆင်ကွဲပါ့
မင်ခဲနှင့် ပုလင်းဖင်လို မဲမှောင်လို့ညို။
မီးလောင်သည့် တုံးငုတ်တိုမှာ
ပုံးစုတ်ကို စွပ်ထားသို့လေး။
( စလေ ဦးပုည )
1 comment:
ဟင် !!! ဒါ တမင် ကိုယ့်ကိုများ ရည်ညွှန်းလေသလား ကွယ် .. ကိုယ်က ချောကလက် ရောင်အသားအရည်ဆိုယုံလေးပါ :P
အလှဘွဲ့ လေး ဖတ်ရှု့သွားပါတယ် :)
Post a Comment