အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday 29 January 2014

****~~~@ နှင်းဆီနှစ်ပွင့်၏ ကောက်ကြောင်း@~~~****


****~~~@ နှင်းဆီနှစ်ပွင့်၏ ကောက်ကြောင်း@~~~****
_______________________________________________


နေရောင်တွေ တဖိတ်ဖိတ်တောက်နေတဲ့  ကွင်းပြင်ထက်မှာ...နေပူကိုကျောခိုင်း ဘဝကို ခါးမှာသိုင်းလို့  စို့ တို့ တို့ ချွေးစက်တွေ အသာအယာ သုတ်ရင်း...လက်ထဲမှကိုင်ထားသော တူရွင်းကို အသာချ ဘဝအတိမ်အနက် အဖြစ်အပျက်က အငွေ့ ပျံနေသောကွင်းပြင်ကို ဖြတ်ပြီး.. မဖိတ်ခေါ်ပဲရောက်လာခဲ့တယ်....

""ပဲပြုတ်......ပဲပြုတ်ပူပူလေးရမယ်..ပဲပြုတ်.....""ဟူသောအသံရှည်သည်းကား....ကျွန်ုပ်၏ မနက်အတွက် နိုးစက် ပင်မဟုတ်ပါလော....သိပ်မကြာသောအချိန်မှာပဲ...ကျနော့အိမ်ရှေ့  ပဲပြုတ်သည် ဒေါ်ပု ရောက်လာလေသည်။...ကျနော်လည်း အိမ်ရှေ့ မှာ သံပန်းကန်လေးကိုင်ရင်း... ဒေါ်ပုကကျနော့ကိုမြင်သည်နှင့်....အောင်ဇော်ရေ ပဲပြုတ်လေး စိမ့်တယ် ဟဲ့ ယူပါဦးလား...ဟုဆိုလာသည်ကို အော်ဗျာ ဒေါ်ပုကလည်း အထူးကျော်ငြာနေစရာမလို ပါဘူး နေ့ တိုင်းဝယ်နေကြပဲဗျာ... ခင်ဗျားပဲပြုတ်ကာင်းလွန်လို့  ကျနော့မှာ နေ့ တိုင်း မစားရရင်မနေနိုင်ဖြစ် နေတာပဲကြည့်လေ...ဟု ဒေါ်ပုအား အရွှန်းဖောက်လိုက်သည်။ အမလေး အောင်ဇော် မသိတဲ့သူတွေကျလို့ ဟယ်...ဟုဒေါ်ပုကပြန်ပြောလေသည်။ ဟုတ်ပါသည် ကျနော့်မှာ ကျောမွဲ အောက်ခြေလူတန်းစား တနေ့ လုပ်မှ တနေ့ စား ရသည့် ဘဝခါးခါး အညတြ သမား တစ်ယောက်ပါ။ ကံတရားကိုသာ အပစ်ပုံချမည်လော လောကကြီးကို ကျိန်ဆဲရမည်လော ကျနော်ကား မသိနိုင်တော့ပါ... ဖန်တရာတေနေတဲ့ ကျနော့ဘဝကို အကြင်နာတွေ ပေးသနားရင်း အဘသည် ကျနော့ကို့  စွန့် ပစ်ခဲ့သော ကာလသည်လည်း ၁၀နှစ်ပင်ရှိ ခဲ့လေပြီ... ကျနော့တွင် အဖေဆိုတာရှာမတွေ့  အမေဆိုတာ အများတွေ ခေါ်သလို ခေါ်စရာမရှိ ငွေကြေးဥစ္စာမရှိ လက်ရှိလုပ်နေသော အလုပ်မှာ ကာယအားကို အသုံးချ ကုန်းကုန်းကွကွ လုပ်နိုင်ကာမှတော်ကာကျပေသည်။ အချိန်သည် စောင့်မနေ နားနေလို့ မပြီး ဝမ်းရေးအတွက် ဆက်ရပေမည်။
ကျနော်လည်း ကိုသာကျော်၏ အိမ် အုတ်ဖိနပ်ခံဖို့  အိမ်လိုင်းကျင်းများတူးရင်း ပြီးလုနီး လာလေပြီ...ထိုအချိန်တွင် အလုပ်ရှင် ကိုသာကျော်က အောင်ဇော်ရေ မင်းပြီးရင် လုပ်အားခ တစ်ခါတည်း လာယူသွားကွာနော့...ဟုပြောသောအခါ ကျနော့စိတ်ထဲနည်းနည်း ....ဟုတ်ဘူး အတော်လေးပျော်ခဲ့တယ်....ကျနော့်စိတ်မှာ...ပျော်ရွှင်ရခြင်းသည်ကား လုပ်ခငွေရမည်သောအကြောင်းကြောင့်မဟုတ်ခြေ....ကျနော့်တွင် ရည်မှန်းချက်တစ်ခုရှိပါသည်...ထိုရည်မှန်းချက်သည်မှာ ကျနော့်လို မိဘ အဖေအမေခေါ်စရာ မရှိသော ညီလေးတစ်ယောက်နှင့် ညီမလေး တစ်ယောက် အတွက် ကျနော်မနက်ဖြန်မနက်မှာ
ဖိနပ်လှလှလေးနှစ်ရံ။စာအုပ်ခဲတံ...ကျောင်တက်အဝတ်စား..ကျနော်ဝယ်ပေးနိုင်တော့မည်သောကြောင့်ပင်တည်း....ကျနော်လည်း အလုပ်ကို လက်စသပ်ပြီး...လုပ်ခကို ကိုသာကျော့်ထံသွားယူပြီး အိမ်ကို ပြန်လာခဲ့လေသည်....

အိမ်ရောက်သည်နှင့်..ကျနော့အားကြိုဆိုနေကြသော အပြုံးပန်းလေးနှစ်ပွင့် လန်းစွင့်ပွင့် အာနေသည်ကို မြင်လိုက်ရသည်ခိုက် မောဟိုက်ခဲ့သမျှတို့  ပိန်းကြာရွက်တွင် ရေမတင် လျှောကျ လို့ သွားခဲ့လေသည်။ ည်ီမလေးက....ဟေး...ကိုကြီးပြန်လာပြီ...ဆိုသောအသံကလေးနှင့် ကျနော့အား ပြေးလို့ ကြိုလာပါတော့သည်။။။

အား........ဖြေးဖြေးလာပါညီမလေးရယ်...ပြေးလာလို့ ခလုတ်ထိမိပါဦးမယ်ကွယ်...ဟုကျနော့်ညီမလေးအား စိုးရီပ်စိတ်နဲ့ ပြောလိုက်မိသေး၏....ညီလေးကတော့ပြေးမလာ..ဒါပေမဲ့ ကျနော့အတွက်ရေတစ်ခွက် အသင့်ခပ်ပေးအသင့်ရပ်စောင့်နေလေ၏။...ကျနော့ ဘဝရဲ့ ဂီတ တ့ခါးလေး နှစ်ခုပေါ့ဗျာ....ကျနော်လည်း...ညီလေးညီးမလေးတွေကို ထွေးပိုက်ရင်း အိမ်ထဲဝင်လာခဲ့လိုက်သည်။ညနေခင်းအတွက် ထမင်းချက်ရပေဦးမည်မဟုတ်ပါလော...
ရေချိုး ဖို့ အချိန်မရသေး...ထမင်းအိုးလေးတည် ထမင်းအိုးလေးတည်းနေတုံးဟင်းချက်ဖို့ ချဉ်ပေါင်ရွက်ကလေးတွေသင် ပြီး ထမင်းအနပ်တွင် ဟင်းလေးကပြာကယာချက် ပီး ရေးချိုးဖို့ ပြင် ....ရေချိုးပီးတော့...ကျနော့်တို့ ရဲ့ ညစာ ထမင်းဝိုင်းလေးကိုတည်ခင်းပီး...ညီးလေးတို့ ညီမလေးတို့ ရေ...ထမင်းစားကြမယ်ဟေ့...
ဟုခေါ်လိုက်သည်းနှင့် သူတို့ လည်း ဆာနှင့်နေမှန်းတော့ကျနော်လည်းသိပါသည်...သို့ ပေမဲ့
မတတ်နိုင်ပါ...နေ့ ခင်းအချိန်စားဖို့ ချန်ထားပေးခဲ့ပေမဲ့ ကလေးတို့ သဘာဝ ပြေဒကြလွှားကြနှင့် ဆာနေမည်အမှန်ပင်....

ကျနော်တို့ မောင်နှမတွေ သားနေကြရင်းကျနော် က...ကဲညီလေးနဲ့  ညီမလေးကို..ကိုကြီးပြော စရာရှိတယ်...မနက်ကျရင် ညီလေးနဲ့ ညီမလေးအတွက် ဖိနပ်ရင်ကျောင်းစိမ်းရယ် စာအုပ်ခဲတံ..ကိုကြီးဝယ်ပေးမယ်နော်...ဟုပြောလိုက်သောအခါ သူတို့ လေးတွေမျက်လုံးလေးများ အရောင်လက်...လာလေသည်...တကယ်ပြောတာလားအကိုကြီး....
တကယ်ပေါ့ကွ ညီလေးနဲ့ ညီမလေးရ..
ဒါဆိုကျနောတို့ ကျောင်းတက်ရတော့မှာပေါ့နော်....
ဒါပေါ့ကွ....
ဟေးးးးးးးးးးးးးးးးပျော်လိုက်တာ...ကျောင်းတက်ရတော့မယ်ကွ....

သူတိုာ့လေးတွေ ပျော်နေတာကြည့်ရင်း ကျနော့်ရငိမှာ ပီတိတွေဖြာလို့ ပေါ့.....

နောက်ရက်တစ်မနက်မှာ.....................................................................................................................................

ဆက်လက်စောင့်မျှော် အားပေးကြပါ ရန်..............
.လေးစာလျှက်

1 comment:

Anonymous said...

စာနာမှုနဲ့လျှောက်လှမ်းတဲ့ ဘ၀က တကယ်ကို အေးချမ်းမှု အတိလေးပဲနော် ....

Followers