အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Thursday 27 February 2014

****ဆည်းဆာထက်က တော်ဝင်ပန်း****


ရနံသင်းပျံ့ ၊လျှံ့ လျှံ့ ကြည်မွှေး

မြင်သူငေးကာ၊ရူပါတင့်ဆန်း

ခိုင်လုံးလန်းလှိုင်၊မြိုင်ထွေးဝါရွှေ

ဆည်ဆာနေထက်၊လိုက်ဖက်လှစွာ

ပန်းမာလာနွယ်......

ပန်းမာလာနွယ်၊အလှကြွယ်မှု

မြနှယ်စုလော၊သူ့ သဘောကို

ပန်းပျိုငယ်က၊မသိလေလား

ဆည်းဆာခမ်းရင်၊ညခွင်ကိုရောက

ရွှေရောင်လည်းပျောက်၊နွမ်းကာခြောက်မည်

နွမ်းမခြောက်ခင်၊ပန်းတော်ဝင်ရေ

လန်းပါလျင်၍၊ဂုဏ်မတွေ့ နှင့်

ကြွေလွင့်ခမြဲ၊မြေပေါ်ကျဲ၏

နွမ်းပါလျှင်မူ၊မငြူစူနှင့်

လန်းစဉ်အခါ၊သင့်ဝန်တာမှု

ရှူမိသင်းကြိုင်၊ဝမ်းတွင်ခိုင်လော့

ဆည်းဆာထက်တွင်၊ပန်းတော်ဝင်ငယ်

သင်ဘယ်သို့ နွမ်းမည်နည်း..........

လေးစားလျှက် 


 ရင်ခုန်ရသူ  (၂၆.၂.၂၀၁၄)

1 comment:

စံပယ်ချို said...

ရင်ခုန်ုရသူရေ------
ဖတ်မိသူတွေ ရင်ခုန်ရအောင်ရေးတတ်တယ်နော်

Followers