ကာရံတွေနဲ့ လျှောက်လှမ်း
ငါ့ကဗျာလမ်းကြောင်းမှာ
ခက်ဆစ်တွေဖွင့်ဖို့ မလို
အပိုအစာမသွပ် ခဲ့ပါဘူး
နဂိုအရှိအတိုင်း
မ၇ိုင်းရအောင် ဖွဲ့ ဆိုလို့ 
ဖတ်ရသူအဖို့  ကျေနပ်ရင်
ငါ့ရင်က ကဗျာ ရှင်သန်နေမှာပါ...
ကဗျာရေးသူ
သူသူငါငါတို့ ဟာ
အလှကိုရှာ ဖန်ဆင်းကာပြ
အလှတန်းဖိုး မညှိုးစေချင်
ရင်ခွင်မှာစွဲ ကလောင်ကိုမြဲစေခဲ့တယ်..
နှောင်တွဲမိတဲ့ သံယောဇဉ်
ပြန်ပြောရင် တမ်းတမိ
တသသည့်အတိတ်ဟောင်းကို
စိတ်ပြောင်းလိုတိုင်း ရေးချရင်
ဘယ်ရင်ခွင်မှာပဲပျော်နေပျော်နေ
မျှော်နေသေးတယ် ပန်းသဇင်....
နန်းဝင်သူမို့ 
ခြွေဖို့ မတွေးခဲ့ပါဘူး
ဝေးရမှာ ကြိုးတွေဖူးပေမဲ့
ဝေးခဲ့ကြရလေသောအခါ
ကဗျာပန်းကို ပျိုးမိတယ်...
ကဗျာနဲ့  သဇင်
ဘယ်ယှဉ်ဝံ့ပါ့မလဲ
ညကောင်းကင်ထဲက လနဲ့ ကြယ်လို
အလှတွေရော ဘယ်လိုတူနိုင်မှာလဲ..
လမင်းသာဖို့  လူတွေဆုတောင်းရင်.
လိုချင်တာပြည့်ဖို့  ညကကြယ်တို့ 
ကြွေကျလို့ ပေးရတာ မဆန်းပါဘူး...
ဟုတ်ပါတယ်မဆန်းဘူး
ကဗျာတွေ ကြည်ကြည်နူးနူးစပ်
သဇင် အတွက်ပေးဆပ်နေဦးမှာ
တို့ တွေ....
ဝေးခဲ့ကြရလေသောအခါ........
ငါ့ကဗျာလမ်းကြောင်းမှာ
ခက်ဆစ်တွေဖွင့်ဖို့ မလို
အပိုအစာမသွပ် ခဲ့ပါဘူး
နဂိုအရှိအတိုင်း
မ၇ိုင်းရအောင် ဖွဲ့ ဆိုလို့ 
ဖတ်ရသူအဖို့  ကျေနပ်ရင်
ငါ့ရင်က ကဗျာ ရှင်သန်နေမှာပါ...
ကဗျာရေးသူ
သူသူငါငါတို့ ဟာ
အလှကိုရှာ ဖန်ဆင်းကာပြ
အလှတန်းဖိုး မညှိုးစေချင်
ရင်ခွင်မှာစွဲ ကလောင်ကိုမြဲစေခဲ့တယ်..
နှောင်တွဲမိတဲ့ သံယောဇဉ်
ပြန်ပြောရင် တမ်းတမိ
တသသည့်အတိတ်ဟောင်းကို
စိတ်ပြောင်းလိုတိုင်း ရေးချရင်
ဘယ်ရင်ခွင်မှာပဲပျော်နေပျော်နေ
မျှော်နေသေးတယ် ပန်းသဇင်....
နန်းဝင်သူမို့ 
ခြွေဖို့ မတွေးခဲ့ပါဘူး
ဝေးရမှာ ကြိုးတွေဖူးပေမဲ့
ဝေးခဲ့ကြရလေသောအခါ
ကဗျာပန်းကို ပျိုးမိတယ်...
ကဗျာနဲ့  သဇင်
ဘယ်ယှဉ်ဝံ့ပါ့မလဲ
ညကောင်းကင်ထဲက လနဲ့ ကြယ်လို
အလှတွေရော ဘယ်လိုတူနိုင်မှာလဲ..
လမင်းသာဖို့  လူတွေဆုတောင်းရင်.
လိုချင်တာပြည့်ဖို့  ညကကြယ်တို့ 
ကြွေကျလို့ ပေးရတာ မဆန်းပါဘူး...
ဟုတ်ပါတယ်မဆန်းဘူး
ကဗျာတွေ ကြည်ကြည်နူးနူးစပ်
သဇင် အတွက်ပေးဆပ်နေဦးမှာ
တို့ တွေ....
ဝေးခဲ့ကြရလေသောအခါ........

No comments:
Post a Comment