အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label facebook ဆိုင်ရာ. Show all posts
Showing posts with label facebook ဆိုင်ရာ. Show all posts

Saturday, 3 May 2014

facebook ကို ဘာအတွက် သုံးမလဲ ?ဘယ်လိုသုံးကြ သလဲ?

facebook ကို ဘာအတွက် သုံးမလဲ ?ဘယ်လိုသုံးကြ သလဲ?
ဒီနေ့ခေတ်အချိန်မှာ နည်းပညာများ ပြောင်းလဲတိုးတက်လာတာနဲ့ အမျှ ကမ္ဘာကြီးကို နေ့စဉ် ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်မှာလည်း ဒီနေ့ခေတ် အချိန်မှာ ဖုန်းတစ်လုံးရှိရင် အင်တာနက် သုံးလို့ ရနေပြီဆိုတော့ ရန်ကုန်မြို့ အပါအဝင် မြို့ကြီး၊ မြို့ငယ် တော်တော် များများမှာ အင်တာနက် သုံးတာ ရာခိုင်နှုန်းဟာ တိုးလို့လာနေပါတယ်။ အင်တာနက် သုံးစွဲကြတဲ့သူတွေ တော်တော် များများဟာ အခုချိန်မှာ facebook ကို သုံးစွဲနေကြပါပြီ၊ မာ့ခ်ဇူကာဘတ်ဆိုတဲ့ ဟားဗတ်တက္ကသိုလ် ကျောင်းသားလူငယ်လေး တစ်ယောက်နဲ့ သူ့ရဲ့ သူငယ်ငယ်ချင်း တစ်ယောက်ယောက် က ကျောင်းသား အချင်းအချင်း တစ်ယောက်နဲ့ တစ်ယောက်ကြား မှာ သုံးစွဲနိုင်ဖို့ ဖန်တီးခဲ့ရာက အစပြုပြီး နောက်ပိုင်း မှာတော့ တက္ကသိုလ်ကျောင်းသားများ ကြားတွင် သာမက အခုအချိန်မှာတော့ တစ်ကမ္ဘာလုံးကို လွှမ်းမိုး ထားနိုင်ပါပြီ။
ကမ္ဘာပေါ်မှာ ရှိတဲ့လူ ၁၄ ယောက်မှာ ၁ ယောက်နှုန်းစီ facebook ကို သုံးစွဲနေကြပြီး မိနစ် ၂၀ တိုင်းမှာ Status Update ၁.၈၅၁ သန်းရောက်ရှိ တယ်လို့ facebook စစ်တမ်းက ဆိုပါတယ်။

Saturday, 25 January 2014

facebook ကို Themesလှလှလေးတွေနဲ့ ...ပြောင်းသုံးတဲ့နည်း



ကဲ..ကျနော်ဒီတစ်ခါတင်ပြပေးချင်တာကတော့...ကျနော်တို့ သူငယ်ချင်းတွေ အင်တာနက်သုံးသူတိုင်းလိုလို
သုံးနေကြတဲ့ facebook ကို Themesလှလှလေးတွေနဲ့ ...ပြောင်းသုံးတဲ့နည်းလေးပါ။
သုံးနေကျ အဖြူရောင်ဘက်ဂရောင်း ကကြာလာတော့ရိုးလာတာပေါ့..အဲ့ ကျနော်တို့  Ningဆိုဒါတွေလို
ဘလော့တွေလို့  စတိုင်လှလှလေးနဲ့  ဆန်းသစ်ပြီးပြောင်းသုံးချင်ကြတယ်လေ...
ကဲ..စကြရအောင်နော်...ပထမဆုံး...morzila firefox မှာ add on ထည့်ဖို့ အတွက်
ဒီနေရာကို  သွားလိုက်ပါ။။အောက်က ပုံအတိုင်းတွေ့ ပါ့မယ်။
add to firefox ကို ကလစ်ပီး အင်စတောလုပ်လိုက်ပါ...
stylish 1.4.0 ကို အင်စတော လုပ်ပြီးရင် facebook themes ရှိတဲ့နေရာကို သွားရဦးမယ်လေ။
အဲတော့ ဒီနေရာလေးမှာ သွားလိုက်ပါနော်

ပြီးရင် မိမိသဘောကျတဲ့ themes ကိုတွေ့ ပီဆိုရင် မိမိသဘောကျတဲ့ ပုံပေါ်ကို တစ်ချက်ကလစ်ထောက်လိုက်ပါ ။ အောက်မှာပြထာတဲ့ပုံအတိုင်း
install with stylish နဲ့ ဒေါင်းလိုက်ပါ....
 အဲလိုလုပ်ပြီးတဲ့အချိန်မှာ မိမိရဲ့ firefoxကို restart လုပ်လိုက်ပီး Facebook ကိုဖွင့်လိုက်ရင်
ကျနောသုံးနေတဲ့ ပုံအတိုင်း themes လှလှလေးနဲ့  လန်းနေတာကိုတွေ့ ရမှာဖြစ်ပါတယ်...
ကဲအားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်နော်.....




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

Saturday, 18 May 2013

facebookမှာ စာသားအပြာရောင်နဲ့ ရေးကြမယ်

သူငယ်ချင်တွေစိတ်ဝင်စားမယ်ထင်လို့ ပြန်တင်ပေးလိုက်ပါတယ်နော်....
facebookမှာ statusကိုစာ သားအပြာရောင်နှင့်ရေးချင်သူအတွက်ပါ။
လိုချင်တဲ့သူ လုပ်ချင်တဲ့သူတွေက အောက် အနီရောင်ကုဒ်လေးကို သိမ်းထားရပါမယ်နော် 
ဒါမှရေးတဲ့ အချိန်တိုင်း...သုံးလို့ ရမှကိုး....
သုံးနည်းကလွယ်လွယ်လေးပါ....ststus တစ်ခုရေးတော့မယ်ဆိုရင်...မိမိရေးချင်တဲ့ စာသားတွေကို
အောက်ကကုဒ်ထဲမှာပေးထားတဲ့ စာသားဒီနေမှာပြောင်း ဆိုသောနေ၇ာတွင်ထည့်ပေးရမှာပါ....
 ဒီလိုဗျာ....ကုဒ်ကိုcopyယူလိုက်...ပြီးရင်..ရေမည့်status boxထဲမှာpasteချလိုက်..
ပြီးရင် စာသားဒီနေရာမှာပြောင်း  ဆိုတာကိုဖျက်လိုက်ပါ...အဲနေရာ မိမိရေးချင်တဲ့စာသားထည့်လိုက်ပါ....
ဒါဆို...post..လုပ်လိုက်ရင်  အပြာရောင်စာသားလေးတွေရပါပြီ....
 


@[1: ]@@[1:[0:1: စာသားကို ဒီနေရာမှာပြောင်း ]]
အဆင်ပြေပါစေဗျာ.....

Monday, 4 February 2013

facebookပေါ်တွင်မလုပ်ရ(10)ချက်

ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။
...
၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority)

Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်း ဖြစ်ပါတယ်။ မိမိ လုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ် ကို ဖေ့စ်ဘွတ်နဲ့ တွဲမနေစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တွဲနေရင်လည်း Facebook မှာ မဖော်ပြမိစေဖို့ လိုအပ်ပါတယ်။ Facebook အကောင့်ကို လုံခြုံရေး လျော့နည်းစေသလို မိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။

၂။ profile နှစ်ခု ထားခြင်း

ပရိုဖိုင် နှစ်ခုနဲ့ အကောင့် နှစ်ခုထားတာမျိုး မလုပ်ရပါဘူး လို့ဆိုပါတယ်။ ဒါကို အနောက်နိုင်ငံက Facebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများ ရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebook ရဲ့ အခြား အစိတ်အပိုင်းများ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါခါ ဖုန်းနံပါတ် ထည့်မရလို့ အကောင့် ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင် ပါတယ်။ သို့ပေမယ့် ယင်းထားတဲ့ အကောင့်ကု နောက်လူ တစ်ယောက်ပုံစံ အနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက် အမြဲ အသင့်ရှိစေတဲ့ အကောင့်လိုပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။

ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ် အခြား တစ်မျိုးတင်တယ် ဆိုရင်တောင် Personal အရ အခြားလူ မြင်ရင်တောင် မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြု နိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Group ကို တစ်ဦးတည်း လုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။

၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊

နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Like ရင် iPhone အလကားပေးမယ်။ ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။

၎။ မက်လုံးပေးသော App များကို အသုံးပြုခြင်း

အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်။ ဒီမှာ User တစ်ယောက်က ယင်း app ကို click နှိပ်မိရင် အလိုအလျောက် သူ့သူငယ်ချင်းများထံ ဆက်လက် ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက် အကောင့်လုံခြုံရေး လျော့နည်းသွားပါတယ်။ အချို့ ကျတော့လည်း လူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့ တတ်ပြီး Like နှိပ်သူ Wall မှာ ဆက်တိုက် တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတုယ်။

၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင်

အချို့ က ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာလို အသုံးပြုတတ်ပါတယ်။ ဒါက မလုံခြုံတဲ့အပြင် လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။

၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း

မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ ကလည်း ဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ်။ ယင်း အချက်အလက်ကို ကြည့်ပြီးတော့ ဟက်ကာ များက အကောင့် ခိုးယူနိုင်ပါတယ်။

၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း

အသုံးပြုဖို့အတွက်ကိုပဲ Facebook က    အစရှိသဖြင့် အရုပ်ကလေးများ (emoticons) တို့ကို ပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီး မကြာသေးမီကမှ Facebook အသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Comment တိုင်းမှာ ပေါပေါသီသီ အသုံးမပြုစေဖို့ အနောက်တိုင်းက User များက လက်ခံထားပါတယ်။ ယင်း လက္ခဏာများအား အလွန်အကျွံ သုံးစွဲခြင်းဟာ တစ်ဖက်ရဲ့ တင်ပြချက်ကို မလေးစားရာ၊ အခြား ထင်မြင်စရာ ပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင် အသုံးပြုဖို့ဆိုပြီး အနောက်တိုင်းက user များက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင် Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။

၈။ ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း

ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အားလုံးကို Facebook ပေါ်မှာ တင်နေရင်တော့ အကောင့်တင်မကပဲ မိမိနဲ့ ပတ်ဝန်းကျင် လုံခြုံရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဓားပြတိုက်ဖို့အတွက် Facebook မှာ Status တင် လူစုတဲ့ ဖြစ်ရပ်ကြောင့်လည်း ထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။

၉။ သတိထားဖွယ် ကွန်းမင့်

ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa, haaaaaa, အစရှိသဖြင့် ဘယ်မှာမှ ရှာလို့မရတဲ့ စာတွေ၊ အက္ခရာ အကြီးနဲ့ ရေးတဲ့စာတွေ (WOW, AMAZING, WHO IS HE?) အစရှိသဖြင့်တို့ကို ရှောင်ကြဉ်ရေးသား ရပါတယ်။ Facebook ကအဲဒီလိုစာများနဲ့ ကွန်းမင့်ပေးရင် သူ့အလို အလျောက် လိုက်ဖြတ်ပါတယ်။ အဲဒီလို ပေးပါများရင်တော့ Facebook က သတိပေးစာ ရောက်လာတတ်ပြီး ကံမကောင်းရင် အကောင့် လော့ကျ သွားနိုင်ပါတယ်။

၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း

ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးမသုံး ဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။ အချို့ နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင် လုပ်ထးတာမျိုး တို့ ရှိပါတယ်။ ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလို အလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။

အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

--

Followers