အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Thursday, 26 June 2014

ဘာကို တန်ဖိုးထားရမလဲ


ကိုယ့်ရဲ့နေ့စဉ်ဆုံးဖြတ်ချက်တွေဟာ ကိုယ့်ကို ဘယ်လိုလူဖြစ်လာမလဲဆိုတာကို ပုံဖော်နေတာပဲ။ ဖန်တီးနေတာပဲ။ ဆုံးဖြတ်ချက်တွေဟာ အုတ်ချပ်နဲ့တူတယ်။ အဲဒီ အုတ်ချပ်ကလေးတွေကို တစ်ချပ်ချင်းစီပြီး ဆောက်သွားတဲ့ အခါမှာ အိမ်တစ်အိမ်ဖြစ်လာသလိုပဲ အဲဒီ ဆုံးဖြတ်ချက်တွေ စုပေါင်းလိုက်တဲ့အခါမှာ လူတစ်ယောက်ဖြစ်လာတယ်။

မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချတဲ့အခါမှာ လွတ်လပ်တဲ့သူ၊ တာဝန်သိတဲ့သူ ဖြစ်လာတယ်။
တကယ် လွတ်လပ်တဲ့ လူသားတစ်ယောက်၊ တကယ်လူပီသတဲ့ လူသားတစ်ယောက်၊ တကယ်လူဖြစ်ရကျိုးနပ်တဲ့ လူသားတစ် ယောက်၊ ကိုယ့်ဘ၀ကို ကိုယ် တကယ်ကျေကျေနပ်နပ်နေတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့၊ တကယ်မြင့်မြတ်တဲ့ လူသားတစ်ယောက်ဖြစ်လာဖို့ဆိုရင် အချိန်တိုင်း၊ အချိန်တိုင်းမှာ ချနေတဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်ပြီးတော့ ကိုယ်ဦးတည်ထားတဲ့ ဦးတည်ချက် ကို အထောက်အကူပေးမယ့် ဆုံး ဖြတ်ချက်မျိုးကိုချရမယ်။ ကိုယ် ဖြစ်လာရမယ်လို့ မှန်းထားတဲ့ လူသားတစ်ယောက် ဖြစ်လာဖို့အရေးကို ထိခိုက်သွားစေမယ့် ဆုံးဖြတ်ချက်မျိုးကို ချမယ်ဆိုရင် သတ္တိမရှိရာ ကျမယ်။ သစ္စာမရှိရာကျမယ်။

ပစ္စည်းဥစ္စာရဖို့ မသင့်တော်တဲ့ ဆုံးဖြတ်ချက်တွေကို ချနေမယ်ဆိုရင် သတ္တိမရှိတဲ့လူလို့ ဆိုရမယ်။ နောက် တစ်နည်းအားဖြင့်ဆိုရင်လည်း ကိုယ့်ဘ၀ကို အမြစ်ကနေ တူးဖြိုနေတဲ့သူလို့ ဆိုရမယ်။
တချို့က တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရဲတာ၊ ထိုးရဲတာ၊ ကျိတ်ရဲတာ၊ ပစ်ရဲတာ၊ ခတ်ရဲတာ၊ ခန္ဓာကိုယ်
မှာ နာသွားမှ သွေးထွက်သံယိုဖြစ်သွားမှာကို မကြောက်တာ၊ အဲဒီလို မိုက်မဲတာကိုပဲ သတ္တိရှိတာလို့ အဓိပ္ပာယ်
ကောက်မှားတတ်တယ်။ အမှန်တော့ သတ္တိဆိုတာ အတွင်းစိတ်ဓာတ်ရဲ့ အရည်အသွေးတစ်မျိုးဖြစ်တယ်။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

လွတ်လပ်သူတို့ ၏ အတွေးအခေါ်အယူအဆ

ကိုယ်ပိုင်ဉာဏ်နဲ့ မစဉ်းစားနိုင်တဲ့ သူဟာ တောင်ပံကျိုးနေတဲ့ ငှက်နဲ့ တူတယ်။ အတောင်ရှိပေမယ့် မပျံနိုင်ဘူး။
တောင်ပံချိုးထားတာကို ခံရတဲ့သူတွေ များတယ်။ တချို့ ငယ်ငယ်ကတည်းက ကိုယ့်ဉာဏ်နဲ့ကိုယ် စဉ်းစားခွင့် ကိုယ့်စိတ်ကူးနဲ့ကိုယ် လုပ်ခွင့်မရခဲ့လို့ တောင်ပံကျိုးသလို ဖြစ်သွားတယ်။ ကြီးတဲ့အထိ အဲဒီတောင်ပံက ပြန်ကောင်း မလာတော့ဘူး။ ဒါကြောင့် တစ်သက်လုံး တောင်ပံကျိုးနေတဲ့ ငှက်လို ဘ၀မှာပဲ နေရတော့တယ်။ ပြောသမျှကို ယုံ၊ ခိုင်းသမျှကိုလုပ်၊ ပေးသမျှကို ယူတဲ့သူဖြစ်မယ်။

ပြောသမျှကို ယုံ၊ ခိုင်းသမျှ ကိုလုပ်၊ ပေးသမျှကို ယူတဲ့သူကို တပည့်မွေးချင်တဲ့သူတွေ များတယ်။ “ဟုတ်ရဲ့လား၊ ဘာဖြစ်လို့လုပ်ရမှာလဲ။ လုပ်သင့်ရဲ့လား။ ဒီလိုလုပ်တာ တရားရဲ့လား။ မျှတမှုရှိရဲ့လား။ ဒါလောက်နဲ့တော့ မလုပ်နိုင်ဘူး” လို့ ဆိုတဲ့သူကို တပည့်ကောင်းလို့ မယူဆဘူး။ အဲဒီလိုလူဟာ တပည့်မဖြစ်ဘူး။ တပည့်မဖြစ်ရင် ဘာဖြစ်မလဲ။ အဲဒါကို ဆက်ပြီးစဉ်းစားပါ။

အခြေအနေ တင်းမာမှု မရှိခြင်းဆိုတာ အနုတ်လက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
တရားမျှတမှုရှိတာကို အပေါင်းလက္ခဏာ ငြိမ်းချမ်းမှုလို့ ခေါ်ပါတယ်။
တရားမျှတမှု မရှိရင် လွတ်လပ်မှု မရှိဘူး။

ဒါကြောင့် တရားမျှတမှုရှိရင် ငြိမ်းချမ်းမှုလည်းရှိတယ်။ လွတ်လပ်မှုလည်း ရှိပါတယ်။ လူတိုင်း တကယ်လိုချင်တာ တရားမျှတမှုပဲ ဖြစ်ပါတယ်။
  
ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ၏ လွတ်လပ်သော စိတ်စာအုပ်မှ

Tuesday, 29 April 2014

သိပ်လည်း ဘ၀င်မြင့်မနေနဲ့....

သိပ်လည်း ဘ၀င်မြင့်မနေနဲ့....
***********************
စင်္ကာပူမှာရောက်နေတဲ့ မြန်မာပြည်သားတယောက်က သူ့ဖေ့စ်ဘုတ်မှာ ရေးထားတဲ့အကြောင်းအရာတခုကတော့ - အမြင်ကျယ်ကြပါ တဲ့။
သူ့ရေးသားချက်ကို စနေနေ့မှာ တင်လိုက်တော့ အခုဆိုရင် အွန်လိုင်းမှာ အနည်းဆုံး အကြိမ် တထောင်ကျော် လက်ဆင့်ကမ်း ဖတ်ရှုနေကြပါပြီ။
"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့" လို့ အမည်ပေးထားတဲ့ သူ့ရေးသားချက်တွေထဲမှာ မြန်မာပြည်ရဲ့ အခြေအနေ၊ မြန်မာပြည်သား အများအပြားရဲ့ စိတ်နေစိတ်ထား၊ သတိမပြုမိကြတဲ့ အရေးကြီးအကြောင်းအရာ များစွာ ပါဝင်နေပါတယ်။
မဖတ်ရသေးသူများအတွက် မူရင်းအတိုင်း ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
..........................................................................
"သိပ်လည်း ဘ၀င်မမြင့်ကြပါနဲ့"
(By Kogyimind Mind)

ပြည်တွင်းမှာ နေနေတဲ့ သူတော်တော်များများကဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးဟာ ကမ္ဘာမှာ မြန်မာမှာပဲ ရှိနေတယ်ထင်ကြတယ်။ဘာကြောင့်ဆိုတော့ သူတို့ဟာ ဒေါက်တာ ဆွန်ယက်ဆင်၊ ဟိုးဆေးရီးဇော်၊ ဟိုချီမင်း၊ ဂန္ဒီ၊ ချေဂွေဗားရား တို့အကြောင်းမသိကြတော့ နိုင်ငံတိုင်းမှာ ရှိတဲ့ သူရဲကောင်းတွေကို လေးစားရကောင်းမှန်းမသိကြဘူး။
လေယဉ်ပေါ်ကနေ မြန်မာပြည်ကို မမြင်ဘူးတော့အခုချိန်ထိ Golden Land ဆိုပြီး ဘ၀င်မမြင်ပါနဲ့။ တောတွေပြုန်းပြီး မီးလောင်ပြင်လိုဖြစ်နေတဲ့ လွင်ပြင်၊ တောင်တန်းတွေကိုမှ သူတို့မမြင်ဘူးကြပဲ။
တမလွန်အတွက် ပြင်ဆင်တဲ့အလေ့အကျင့်တွေထုံနေတဲ့ထမင်းရေ၊ ချောင်းစီးအလှူကြီးမျိုးတွေကိုပဲ မြင်ဖူးပြေီး ဘ၀င်မြင့်မနေပါနဲ့။ ကမ္ဘာ့သူဋ္ဌေးသူကြွယ်ကြီးတွေရဲ့ကိုယ်ကျိုးမဖက်ပရဟိတသက်သက်လှူဒါန်းမှုတွေကို အသိအမှတ်ပြုရကောင်းမှန်းမသိကြဘူး။
Globalization ကိုနားမလည်တော့ ကိုယ့်နိုင်ငံထဲမှာပဲ ကိုယ်နေရင် လုံခြုံပြီလိုထင်ပြီး ဘ၀င်မြင့်မနေကြပါနဲ့။ CNN Effect, Al Jazeera Effect ခေါ်တဲ့ ကမ္ဘာအရှေ့ခြမ်းမှာ ဖြစ်နေတာကို အနောက်ခြမ်းက ချက်ချင်းသိနိုင်တာကို လက်မခံနိုင်ကြသေးဘူး။

စံပြပုဂ္ဂိုလ်





“စံပြပုဂ်္ဂိုလ်”

Q. လူငယ်တွေအနေနဲ့ လေးစားစံပြုတဲ့ပုဂ်္ဂိုလ် အရွေးမမှားဖို့အတွက် ဘယ်လိုလုပ်သင့်ပါသလဲဆရာ။
A. လူငယ်တွေမှာ အရွယ်နဲ့အမျှ စံပြပုဂ်္ဂိုလ်ကတော့ ပြောင်းနေမှာပဲ။ စံပြပုဂ်္ဂိုလ်က ပုံသေမရှိဘူး။ သူ့အရွယ်နဲ့သူ စံပြပုဂ်္ဂိုလ်တွေ ရှိတတ်ကြတယ်။ သူထားတဲ့ စံပြပုဂ်္ဂိုလ်က သူ့ရဲ့ပန်းတိုင်၊ သူ့ရဲ့ဘ၀ပဲ။ ဒီကလေးဟာ ဘယ်သူ့ကိုအားကျသလဲ၊ စာသင်ခန်းထဲမှာ ဒီကလေးက ဘယ်သူနဲ့ပေါင်း သလဲဆိုတာကိုကြည့်ပြီး ဒီကလေးရဲ့ မနက်ဖြန်နဲ့ အနာဂတ်ကို ပြောလို့ ရတယ်။
ရည်းစားထားနေတဲ့မိန်းကလေးနဲ့ ပေါင်းတဲ့မိန်းကလေးဟာ မကြာခင် ရည်းစားထားမှာပဲ။ ဆေးလိပ်သောက်တဲ့သူနဲ့ ပေါင်းတဲ့ ကလေးဟာလည်း မကြာခင် ဆေးလိပ်သောက်တတ်သွားမှာပဲ။

ဒါကြောင့်မို့လို့ ကျောင်းသင်ရိုးတွေမှာ တကယ့်စံပြုထိုက်တဲ့ ပုဂ်္ဂိုလ်တွေ အကြောင်းကို ထည့်သင့်တယ်။ ဥပမာ မာသာထရီဇာ အကြောင်းကို ထည့်သင့်တယ်။ မာသာထရီဇာဆိုတာ အိန်္ဒိယနိုင်ငံသူ မဟုတ်ဘူး။ ယူဂိုဆလားဗီးယားနိုင်ငံသူ။ ခရစ်ယာန်ဘာသာဝင်။ ဒါပေမဲ့ အိန်္ဒိယနိုင်ငံမှာ လူတွေ ဆင်းရဲဒုက္ခရောက်နေတာကို သူ ကယ်တင်ခဲ့တယ်။ သူ့အကြောင်း ကို မသင်သင့်ဘူးလား။

Saturday, 9 November 2013

~~အမြတ်ကိုလိုလျှင် အရင်းစိုက်ပါ~~


နေရောင်တွေ...ပြိုးပြိုးပျက်ပျက်တောက်ပနေတဲ့ နွေခေါင်ခေါင် ပေတရာလမ်းမထက်တွင်

ဖိနပ်မပါခြေဗလာဖြင့် လျှောက်လှမ်းနေရသလို ဘဝကိုတိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့ လူသားအချို့ မှာ

လောကဓံကို ရင်ဆိုင်အံတုဖို့ ခွန်အားတွေ မွေးမြူ စိုက်ထုတ်ရပါတယ်။အရာတစ်ခုကို ကျနော်တို့ ရ၇ှိဖို့ အတွက်

မျက်လှည့်ဆရာတစ်ယောက်လို ဟက်ချလောင်း ဆိုပြီး လုပ်လို့ ဘယ်အရာမှ မရနိုင်ပါ…

ထိုက်သင့်သောအရင်းနှီးတစ်ခုကို ကျနော်တို့ ပေးဆပ်ရပါမည်။ခရီးတစ်ခုကိုရောက်ဖို့  ကျနော်တို့ ရဲ့

ခြေထောက်တွေ လှမ်းပေးရပါတယ်...နေရာတင်ထိုင်နေရုံမျှဖြင့် ကျနော်တို့ လိုချင်သော ပန်းတိုင်

သို့ တည်းမဟုတ်ရည်းမှန်းချက် ကိုရောက်နိုင်လိမ့် မည်မဟုတ်ပါ။သို့ ပင် လှမ်းရုံမျှနှင့် ရောက်မည်လော...ရောက်တော့ရောက်ပေမည်။

လှမ်းသွားပုံချင်းမတူချေက အချိန်ကွာခြား၍သွားပေမည်ဖြစ်သည်။ဒေသတစ်ခုကို ကား၊ဆိုင်ကယ်၊မီးရထား၊ဆိုက်ကား၊မြင်းလှည်း အစရှိ

သဖြင့် သွား၍ရောက်နိုင်ပါတယ်။ ကားနှင့်သွားလျှင် အမြန်အစောတလင်ရောက်၍ မြင်းလှည်းဆိုက်ကားတို့ ဖြင့်

သွားလျှင်နောက်ကျမှာအသေချာပင်။ ထိုသို့ ကားနှင့် သွားဖို့ အတွက် ကားခအလုံလောက် ကျနော်တို့ မှာပါဖို့ လိုပါတယ်။

ကားခအလုံလောက်မပါလျှင် ကျနော်တို့ ဟာ မီရထား ဆိုက်ကားတွေနှင့်သွားရမည်...မီးရထားဆိုက်ကားနှင့် သွားလျှင်

ခ၇ီးပမ်းပင်ပန်းရပေမည်။ထိုနည်းတူစွာပင် အောင်မြင်သာ ပန်းတိုင်းကိုရောက်လိုပါလျှင် ထိုပန်းတိုင်နှင့်ပတ်သတ်သော…

ထိုအလုပ်နှင့်ပတ်သတ်သော ထိုကဏ္ဍနှင့်ပသတ်သတ်သော ပညာ ၊ဥစ္စာ၊အရင်းနှီးတို့  ကျနော်တို့ မှာရှိဖို့ လိုအပ်ပါတယ်။

ိအဲဒီလို ပညာဥစ္စာအရင်းနှီး တွေကိုကြိုတင်စုဆောင်းထားမှသာလျှင် ကျနော်တို့ လှမ်းချင်တဲ့
လမ်းကို ချောချောမွေ့ မွေ့ လျှောက်လှမ်းတိုင်မှာဖြစ်ပါတယ်။

အမြတ်များများရဖို့ အတွက် ကျနော်တို့ မှာ အရင်းများများ၇ှိဖို့ လိုပါတယ်....အရင်းမစိုက်ထုတ်နိုင်ပဲ
မည်သည့်အကျိုးအမြတ်ကိုမှ မျှော်ကိုးနေ၍မရနိုင်ပါ...

ပိုက်ဆံမရှိ၍ ခိုးဝှက်စားသောက် ရလျှင်ပင် ခိုးနည်းခိုးဟန် ခိုးသည့်ပညာကို တတ်ထားရပါသေး
သည်။တချို့ သောသူများသည် နေရာ၌ပင် နေချင်ပြီး ဟိုရောက်ချင်တယ် ဒီရောက်ချင်တယ်

ပြောနေတတ်ကြသည်။ ထိုသို့ ရောက်ချင်လျှင် သွားဖို့ လှမ်းဖို့ လိုအပ်ပါတယ်...သူများမ,ရွှေ့ လို့ 
ရောက်တညမျိုးဟာ..ကိုယ်ပိုင်ခွန်အား..ကိုယ်ပိုင်ဥာဏ် မရှိသူများသာဖြစ်ပေမည်။

ကိုယ်ပိုင်ခွန်အား ကိုယ်အစွမ်း၇ှိသူများသည် အရင်းစိုက်မှ သာလျှင်အမြတ်ကိုရပေမည်......


လေးစားလျှက်
ရင်ခုန်ရသူ




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

Saturday, 26 October 2013

တလွဲအယူမှားနေခြင်း

 ~~~***တလွဲအယူမှားနေခြင်း***~~~

                စကားတစ်ခုလောက်ပြောပါရစေ၊..အကြောင်းအရာတစ်ခုပေါ့နော်...ကျနော်တို့ လူတွေ

အများစုဟာ အောင်မြင်ကျော်ကြားချင်ကြတဲ့သူတွေများပါတယ်။အောင်ကျော်ကြားချင်တာ

တကယ်တော့မဆန်းပါဘူး...လူတိုင်းအောင်မြင်တိုးတက်ကောင်းမွန်အောင်အားထုတ်ကြိုးစာနေကြ

ရတာဓမ္မတာပါ။ဒါပေမဲ့ဆန်းတယ်လို့  ထင်ရတာလေးတော့၇ှိရှိပါတယ်။ဘာလဲဆိုတော့ ခုခေတ်

မှာမိန်းကလေးအများစုမှာ..ဥပမာ အနုပညာလုပ်နေတဲ့ ကြတဲ့ ညီမလေးတွေ ရှိပါတယ်။အနုပညာ

သွေးပါလာတော့ အောင်မြင်တဲ့အနုပညာသမားတစ်ယောက်ဖြစ်ချင်ကြတယ်။ဒါလည်းကောင်းမွန်တဲ့

စိတ်ထားပါ။မကောင်းတာတစ်ခုက  ဟိုတစ်နေ့ က ကျနော် စမ်းသပ်တဲ့အနေနဲ့  မင်းသမီး သက်မွန်

မြင့် ပုံနှစ်ပုံကို တင်ပေးခဲ့တယ်။သက်မွန်မြင့်က ထိပ်ဆုံးကိုရောက်နေတဲ့မင်းသမီးတော့မဟုတ်ပါဘူး။

ပုံနှစ်ပုံမှာ တစ်ပုံက sexyကျတယ် နောက်တစ်ပုံက ယဉ်တယ်ပေါ့။

               

Friday, 20 September 2013

***ရင်ထဲက ဖွင့်ဟချက်***

သူငယ်ချင်းတွေတချို့ ပြောနေကြတယ်...
မိန်ကလေးတွေကို...အတို အပြတ်...အဖော် အဟိုက်တွေ...ဝတ်လို့ အပစ်တွေပြောကြတာတွေ တွေ့ တယ်...
ခုကျနော်လည်းမြန်မာလူမျိုး ဗုဒ္ဓဘာတစ်ယောက်ပါ.....

ဒါကကောင်းစေချင်လို့  ပြောတယ်ဆို တာ ကျနော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းသိပါတယ်..
ကျနော်တို့ လူငယ်တွေ က တစ်ခုရှိတယ်ဗျ...မှန်တယ်ထင်ရင်.
.မစဉ်းစားပဲ...ကမူးရှူးထိုး...ပြောတတ်လုပ်တတ်ကြတယ်...
မစဥင်္းစားတတ်ကြဘူး...များသောအာြး
ဖင့်ပေါ့နော်...
တကယ်တော့ ကျနောတို့  မြန်မာစကားပုံလိုပဲ....သားသမီးမ
ကောင်းမိဘခေါင်းပေါ့ဗျာ...
ဒီစကားကလည်း....ဟုတ်လို့ ဆိုခဲ့တာပဲဗျ...ရှေးလူကြီးသူမေ
တွ...အားအားယားယားပြောခဲ့ကြတာမှမဟုတ်မတာ...သူငယ်ချင်းတို့ ပဲတွေးကြည့်...မြင်သာအောင် ကျနော်ဥပမာအနေနဲ့ တစ်ခုပြောပြမယ်.....
ကောင်မလေး..ငယ်ငယ်လေး..ကလေးလေး.
.ပေါ့.....သူ့ ကိုဗျာ...မိဘတွေက...ငယ်စဉ်တုံးမို့ ...ကလေးမို့ ...လှအောင်ပအောင်...အများသူငါထက်သာအောင်...ဆိုပြီး...ဝတ်စားဆင်ယင်ပေးတယ်ဗျာ....အင်း..တချို့ မိဘတွေ..(မိဘတော်တော်များများပေါ့နော်)အတွေးတွေလွန်ကဲနေကြတယ်...
ကျနော်မိဘ အားလုံးကို မပြောပါဘူး လိမ္မာပါးနပ်တဲ့  မိဘတွေလဲ ဒုနဲ့ ဒေးပါ...
အဲ့အထဲကမှ...ပေါ့....သူတို့ ကလည်း..သားသမီးကို ချစ်တဲ့ စိတ်ကြောင့်...ပါ...
စကားပြန်ဆက်၇အောင်ဗျာ...ဘယ်လိုေ
တွ အတွေးလွန်ကြလဲဆိုတော့...
ခေတ်ဆိုတဲ့ စကားကိုနားမလည်ပဲ.....သားသမီးေ
တွ ကို ခေတ်ဆန်အောင်..ပြုစုပေးကြတယ်...
တခုပြောလိုက်ဦးမယ်ကြုံးတုံးမို
့...ကျနော်သူငယ်ချင်း...အင်္ဂလိပ်စာ သင်ကျောင်းမှာ အင်္ဂလိပ်စာသင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်...အဲနေ့ ကလည်းကျနော်က..သူငယ်ချင်းဆီမရောက်တာကြာလို့ အလည်သွားတဲ့နေ့ ပေါ့...ကလေးတစ်ယောက်ရဲ့မိဘက ကျောင်းရောက်လာတယ်...အဲအချိန်မှာ...ဆရာမတစ်ယောက်က...ကလေးတွေကို..မြန်မာစာသင်ပြနေတယ်...မြန်မာသမိုင်းကြောင်းတွေပြောပြနေတယ်...အဲဒီကလေးရဲ့မိဘက...ဘာပြောတယ်မှတ်လဲ....ငါ့ကလေးကိုဘာတွေသင်နေတာလဲတဲ့...
ဆရာမကလည်း...မြန်မာစာသင်တယ်ပေါ့
...မသင်နဲ့ တဲ့ အလကားပေါက်လွတ်ပဲစား စာတွေတဲ့  ဘာမှသုံးစားလို့ မရဘူးတဲ့ ဗျာ...အဲဒီမိဘ...ဘယ်ပြည်ကမွေးပြီး...ဘယ်စာတွေသင်ပြီး...ဘယ်လိုကြီးလာတာလဲ...ကျနော်တို့ မြန်မာစာ...မြန်မာစကားက...အလကားပေါက်လွတ်ပဲစားတဲ့ လား....
အဲလိုမိဘတွေ က အတွေးအမြင်တွေလွဲနေသမျှတော့...က
ျနော်တို့ လူငယ်တွေမှာ..အာနည်းနေမှာပဲ...

စောစောကစကားကိုမဆက်ရသေးဘူး...ခု
ဆက်မယ်ဗျာ...အဲလိုခေတ်ဆန်အောင်ထားချင်တယ်...သူတို့ တွေအမြင်မှာတော့..သူတို့ သားသမီးတွေဟာ...ဘယ်တော့ကြီးမလာတဲ့ ကလေးလေးတွေပဲ...ဒါပေမဲ့ ...သဘာဝဆိုတာတားဆီးထားလို့ မှ မရတာ....ပတ်ဝန်းကျင်ကသိနေတယ်...ဒါကို..တချို့  မိဘတွေလက်မခံဘူး...အဲလိုတွေ မမြင်ကြတော့...ငါ့သမီးက ငယ်သေးတာပဲဝတ်ပါစေ...ကလေးပဲ...ဘာမှဖြစ်ပါဘူး....
တချို့ မိဘတွေရှိသေးတယ်....ငါ့ရှိလို့  ငါသမီးငါဆင်တာ...ဘယ်သူ့ အပူပါလဲ...
ဘယ်သူ့ အပူမှပါပါဘူး...ဦးဦးတို့ ဒေါ်ဒေါ်တို့ ပဲပူရမှာ...ကျနော်..ဒီအွန်လိုင
်းပေါ်မှာညီမငယ်လေးတချို့ ကိုမေးကြည့်ဖူးတယ်....သရဏဂုဏ်(၃)ပါးရဲ့ အဓိပ္ပာယ်သိလားဆိုတော့...ဘာတွေလာမေးနေတာလည်းစိတ်မဝင်စားဘူး...ဘာတွေလာပြောနေမှန်မသိဘူး...အူကြောင်ကြောင်နဲ့ တဲ့ ..ကျနော်သက်ပြင်းချမိတယ်...ကျနော်တို့ ငယ်ငယ်တုန်းကဆို..ကျနော်တို့ မိဘတွေက...ရဟန်သံဃာတွေ့ ရင်....သားလေးဘုန်းဘုန်းကို...ဦးတော်ချလိုက်ပါဦး...သမီးလေး..ဘုန်းဘုန်းကို ဦးတော်ချလိုက်ပါဦး...အဲဒီလိုကစလို့ ...သွန်သင်ပြသပေးတာ...ခု.အခါတွေ့ ရတဲ့ ကလေးများမှာတော့....ရဟန်သံဃာဆီကတောင်ပြန်စွန့် ဖို့  ကြံနေကြတာ....ရဟန်းသံဃာကို ပြောရင်လည်း....သူငယ်ချင်း..အချင်းချင်းပြောနေလားမှတ်ရတယ်ဗျ...ဒါတွေဟာ....အလိုလိုက်တတ်တဲ့ ...မိဘတချို့ တွေကြောင့်ပါ....ချစ်တော့ချစ်ပါ...မနှစ်မိကြပါစေနဲ့ ဗျာ....ကျနော်တို့ လူငယ်တွေဆိုတာ...စွန်းထင်းလွယ်တဲ့  ...စာရွက်အဖြူလေးတွေပါ....စာရွက်အဖြူလေးတွေကို...သေသပ်လှပတဲ့..အရောင်သွေးတောက်ပြော င်တဲ့ ....မြန်မာ့အလှပန်းချီကားလေးဖြစ်အောင်လုပ်ဖို့ က....မိဘတွေဖြစ်တဲ့...လူကြီးတွေပါပဲ....ကလေးဆိုတာကတော့....လူကြီးလောက်အသိဥာဏ်မရှိပါ...အတွေ့ ကြုံနည်းပါတယ်...
အဖြူရောင်ပန်းချီကားပေါ်...စုတ်ခ
ျက်တွေကို.....မညီမညာရေးခြစ်နေသမျှတော့...
လှပတဲ့ ပန်းချီကားတွေနည်း နေဦးမှာပါပဲ....လူကြီးတွေပဲလား
ဆိုတော့..မဟုတ်ပါဘူး...
ဘယ်သူမပြု မိမိမှု တဲ့ ...လူငယ်တွေမှာလည်းထိုက်လျောက်
တဲ့...အတွေးခေါ်တွေ အသိဥာဏ်တွေရှိပါ.တယ်..သေရှာ စဉ်းစားရွေးချယ်တတ်ဖို့ လို ပါတယ်....လူဆိုတာခေတ်ဆန်ဖို့ မလိုပါဘူး...ခေတ်မှီဖို့ ပဲလိုတာပါ...ခေတ်နောက်မကျပဲ...ခေတ်မှီတယ်ဆိုရင်...ခေတ်ကိုရင်ဘောင်တန်းပြီးလိုက်နိုင်ပါတယ်...

ကျနော်ပြောချင်တာကဗျာ...လူကြီးေ
တွကလည်းချစ်တတ်စေချင်တယ်...ချစ်လွန်းလို့ နှစ်သလိုဖြစ်တတ်တာတွေ တွေးထားစေချင်တယ်...ကျနော်တို့ မြန်မာလူမျိုးတွေက..ပေါက်လွတ်ပဲစားတွေမဟုတ်ပါဘူး...မြန်မာပီသတယ်....မြန်မာဆန်ပါတယ်...မြန်မာလိုလှပါတယ်...မြန်မာလိုတွေးနေသမျှပေါ့.....လူငယ်တွေလည်း....ကောင်တာလှတာလေးတွေပဲယူကြပါ...တိုးတက်နေတဲ့..ခေိတ်ကြီးမှာ..ဆင်တူယိုးမှာတွေ..ပေါလာပါတယ်...သွေးဆောင်ဖြားယောင်းခြင်းတွေထပ်လာထပ်လာတယ်.....မြန်မာဆိုတာကိုမမေ့လိုက်ပါနဲ့ ....နဂိုစိတ်ပျောက်လို့ ...ဗိုလ်စိတ်ပေါက်ရင်တော့....ဟိုတစဒီတစ နဲ့  ဘဝတွေလိုက်ကောက်ရလိမ့်မယ်.....ဒေါင်းကလှနေလျှက်နဲ့  ကျီးတောင်တွေ...မဆင်ချင်ပါနဲ့ ...ဒေါင်းယောင်ဆောင်တဲ့ကျီပဲရှိပါတယ်.....ကျီးယောင်ဆောင်တဲ့ ဒေါင်းတွေမဖြစ်စေချင်းဘူး.......

ဒါက...ကျနော် အညတြ..တစ်ယောက်ရဲ့အမြင်ပါ......
ဆော်ကားစေချင်စိတ် တစ်ပြားသားမှ...မပါရှိပါဘူး.....မကျေနပ်လို့ ဝေဖန်မယ်ဆိုလည်း...ဝေဖန်ခံဖို့ အသင့်ပါ.....

အားလုံးသောမြန်မာမျိုးတွေကို ချစ်ခင်လေးစားလျှက်....

Wednesday, 19 December 2012

ဘဝအမြင်

ဘဝဆို တာကျနော်တို့ ဖြစ်ခဲ့တာတွေရော ဖြစ်နေတာတွေရော အားလုံးကို ပြောတာပါ။

ဘဝဆိုတာ အလွန်ပင်တိုတောင်းလှတယ်လို့ ကျနော်တို့  ဘုရားရှင်က ဟောထားပါတယ်။

ဒါကြောင့်ကျနော်အနေနဲ့  ဘဝဆိုတာကို ဇာတ်သဘင် တစ်ခု ကပြဖျော်ဖြေနေသည်ဟု မြင်ပါတယ်။

ဘဝမှာ ကန့် လန့် ကာ စဖွင့်ချိန် ကစလို့  ကျရာနေရာ အခန်းကနေ ဝင်ရောက် လှုပ်ရှားနေကြရပါတယ်။

လူရွှင်တော်နေရာမှာ ရောက်နေသူဟာ ပရိတ်သတ်ကို ရယ်မောအောင် ပြောရဆိုရပါတယ်။

ပရိသတ်နေရာမှာ ရှိနေသူမှာလည်း ရယ်စရာတွေ့ ကရယ်၊ပြုံးစရာတွေ ကပြုံး၊မဲ့ရမည့်နေရာမဲ့၊

ငိုရမည့်နေရာငိုရပါတယ်။ဒီလိုမှ ပရိတ်သတ်ပီသပါပေလိမ့် မယ်၊လူရွှင်တော်ပီသပါပေလိမ့်မယ်။

ဘဝမှာလည်း ပွဲကြည့်ပရိတ်သတ်ဆိုလျှင် ငိုတတ်၊ရယ်တတ်၊ပြုံးတတ်၊မဲ့တတ်ဖို့ လိုတယ်။

ဘဝမှာ ခေါင်းဆောင်မင်းသားနေရာမှာကျလျှင် မင်းသားကောင်းတစ်လက်ဖြစ်ဖို့ ကြိုးစား ကပြရပါတယ်။

ဘဝမှာလည်း ခေါင်းဆောင်နေရာရောက်လျှင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ လို အပ်ပေတယ်။

ဒါရိုက်တာမှာလည်း သူလိုချင်တဲ့ပုံစံကို သူ့ ရဲ့ဇတ်မှာပါဝင်တဲ့ ကပြဖျော်ဖြေသူတွေကို ပြောပြ ညွှန်ပြရပါတယ်။

ဘဝမှာလည်း ညွှန်ကြားသူနေရာရောက်လျှင် စနစ်တကျ ပြောတတ် ဆိုတတ်၊စီစဉ်တတ်ရန်လိုအပ်ပေသည်။

နှစ်ပါးအကမှာ နှစ်ယောက်က,မှပြီးမြောက် အောင်မြင်သလို ဘဝမှာလည်း အများဖြင့်လုပ်မှ ပြီးမြောက်အောင်မြင်တာတွေရှိပါတယ်။

ဒါကြောင့် မိမိဘဝမှာ ကျရာနေရာကနေ အကောင်းဆုံး လုပ်ဆောင်တတ်ဖို့ ၊လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

အရန်မင်း သမီးနေရာရောက်သော် ခေါင်းဆောင် မင်းသမီး၊မင်းသားကို အကောင်းဆုံးပံ့ပိုးတတ်မှ

အရန်ကောင်းတစ်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်။ဘဝမှာလည်း ပံ့ပိုးရာနေရာရောက်လျှင် အကောင်းဆုံး ပံ့ပိုးနိုင်ရမယ်။

ဆိုင်းဆရာနေရာရောက်လျှင် ကပြသူနှင့်အတူ ဟန်ချက်ညီညီတီးခတ်တတ်၊တီးခတ်နိုင်ရန်လို အပ်ပေသည်။

ထို့ နောက် ဘဝဆိုတာ အားကစားသမားလို  ဘောလုံးအသင်းမှာအများဖြင့် ကစားကြရသည်နှယ်၊

ဝိတ်မ,သမားတစ်ယောက်လို လေးလံသော အရာကို တစ်ယောက်တည်း မ,ရသည်လည်းရှိပေသည်။

ဘဝဆိုတာ စစ်တုရင်ကစားပွဲလို ဘေးထိုင်နေရတဲ့အခါရှိသလို ဝင်ပါလိုက်ရသောအခါများလည်းရှိလေသည်။

ဘဝဆိုတာ ဘင်ခရာ ဝိုင်းသမားတစ်ယောက်လို ဘင်ခရာလို အုန်းဒိုင်းကျဲတီးခတ်ရတာ ရှိသလို ၊ဝီစီလေးလို

တရွှီရွှီနဲ့ အေးအေးညင်သာ မှုတ်ရတာလည်းရှိလေသည်။ဘဝဆိုတာ ညဘက်ရှိသလို နေ့ ဘက်လည်းရှိလေသည်။

ဘဝဆိုတာ အရက်သမားတစ်ယောက်ကပြောသလို ဘီယာလိုများများသောက်မှမူးတတ်တာရှိသလို

ဝီစကီလို နည်းနည်းလေးသောက်တာနဲ့ မူးတတ်တာလည်းရှိပေသည်။ဘဝတိုတာ

ဘာမှမလုပ်ပဲဝေလေလေလုပ်နေလျှင် ဘာမှဖြစ်မလာပဲ ဝါးတားတားအဖြစ်နဲ့ သာလျှင် နိဂုံးချုပ်ရတတ်လေသည်။

ဘဝဆိုတာ ဘာမှဖြစ်မလားသေးတာကိုမျှော်လင့်နေရန်မလိုပါ။လက်ရှိ အချိန်မှာ အကောင်းဆုံးဖြစ်အောင်

ပါးနပ်စွာလုပ်ဆောင်တတ်ရန်သာလို အပ်အပ်ပေ သည်။ ဘဝဆို တာ ပညာတတ်တစ်ယောက်ရဲ့ စကားလို

ဘွဲ့ တစ်ခုရဖို့  ဝရိယ၊ဇွဲ၊လုံ့ လတို့ ဖြင့် စုပေါင်း အားထုတ်ရပေသည်။

ဒါကြောင့် ဘဝဆိုတာ အမျိုးမျိုး ရှိပေသည်။သူငယ်ချင်းတို့ လည်း သူငယ်ချင်းတို့ ကျရာနေရာကနေ

သူငယ်ချင်းတို့ ဘဝတွေကို အကောင်းဖြစ်အောင် နေထိုင် သင့်ပေသည်။

မိမိဘဝကို မိမိသာလျှင် ဖန်တီးနိုင်ပေသည်။

အကောင်းဆုံး ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

လေးစားလျှက်

ရင်ခုန်ရသူ

Followers