အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label ကဗျာလေးများ. Show all posts
Showing posts with label ကဗျာလေးများ. Show all posts

Friday, 4 July 2014

ငြိမ်းချမ်းသော ကမ္ဘာ

ကောင်းကင်ကြီး မိုးတွေ ညိုနေတယ်

မြေပြင်ပေါ် အာဃာတတွေ ပျိုနေတယ်

နေမင်းကြီး အရင်ကထက် ပူပြင်းတယ်

ငွေလမင်း တိမ်ဖုံးရက်တွေ များလာတယ်

စမ်းချောင်းတွေ ပက်ကြားအက်လာသလို

လမ်းကောင်းတွေ ခြုံတွေပိတ်နေတယ်

ကျောင်းတွေနောက် ဆေးလိပ်တိုတွေ ပုံလာတယ်

မြောင်းတွေအောက် စာရိတ္တတွေ တိုးဝင်နေတယ်

ဖားတွေ မိုးခေါ်ဖို့ အော်နေတယ်

မြွေတွေ ဖားကိုချောင်းနေတယ်

ဒေါင်း အိုးဝေကို ဖြိညှစ်တွန်နေရတယ်

ကျီးတွေ ဒေါင်းရောင် ဆောင်ကြဆဲ..

အမှောင်ည နောက်ဘေးလမ်းက ရယ်သံကြားတယ်..

ကလေးငယ်တစ်ချို့  လည်ချောင်းထဲ ခြောက်နေတယ်...

သစ်တောတွေ ပြုတ်လာသလို

ပင်လယ်မြစ်တို့  မျက်ခုံးလှုပ်ကြတယ်...

အိမ်လည်သွားတဲ့ကလေး အိမ်ပြန်ချင်နေတယ်..

အိမ်က ဆန်အိုးထဲ အိမ်မြောင်ဥ နှစ်လုံးရှိတယ်...

အမေ့ မျက်ဝန်အိမ် အရည်လည်နေတယ်...

အိမ်ခေါင်းမိုးက မိုးယိုတယ်..

အိမ်တိုင်ခြေက ခြစားနေတယ်...

အားလုံရင်မှာ ကိန်းဝပ်ဖို့  မေတ္တာ တရားလိုနေတယ်..

ငါတို့ ကမ္ဘာ ငြိမ်ချမ်းဖို့  လိုနေတယ်...

အလှတရားတွေဆင်ပေးပါ..

အညစ်တရားတွေ စင်ပေးပါ...


                                          လေးစားလျှက်...ရင်ခုန်ရသူ

Friday, 27 June 2014

မင်းအတွက် ငါ့ရဲ့တေးကဗျာ

မနက်တိုင်းမှာ နေသာ
 ဝေဒနာကို အဖြေရှာရင်း
ဒီမနက်ခင်း မင်းအတွက် ငါ
ကဗျာတေးတစ်ခင်း
ငါရေးရင်းပေါ့...

အကြင်နာတွေ ထုနဲ့ ထေး(ဒေး)
ပုံကာပေးလို့ ချစ်
နှလုံးသား ကန္တာရ အလယ်က
အိုအေစစ်
အားကစားမှာ အလေးထားရတဲ့
အိုလမ်ပစ်
ငါ့ဘဝရဲ့ အရာအားလုံးမှာ
မင်းက နံပါတ်တစ်


မင်းနဲ့ ငါ ရဲ့ချစ်ခြင်း
မြစ်အစင်းတစ်ရာ
ဆီးကာ လေထားဦး
နှလုံးသားနဲ့  ဦးနှောက်
မင်းရင်ခွင် တံခါးပေါက်
ငါအရောက်လာခဲ့မယ်....

လူသားတိုင်းမှာရှိတဲ့
ဘဝရဲ့အလှအပ
နှလုံးသားတစ်ဒေသမှာ
အချစ်ဆိုတာပါလေမှဖြင့်
ရင်နင့်အောင်ချစ်တဲ့ငါ
အပြစ်မဆိုပါနဲ့ ဟာ...

ငါရေးတဲ့ ဒီကဗျာ
ကာရံတွေ မကြွယ်သော်လည်း
ငါ့အချစ် ဖော်မပြပဲ
မင်းရင်ထဲ စွဲမြဲနိုင်စေ..

Friday, 20 June 2014

သူ့ အတွက်သာဆိုလျှင်



ပျားကလေးတွေ အတွက်

ပန်းဝတ်ရည်စက်တွေဟာ

ဝေဝေဆာဆာ ပွင့်လွှာတွေယှက်လို့ 

အခက် ခက်တို့  ပွင့်ကြတယ်......

ညကမ္ဘာမှာ

အလှကဗျာတွေသီဖို့ 

ကြယ်တာယာတို့ ဝန်းရံရင်း

လမင်းကြီးလည်း

အမြဲထိန်လင်းဖို့ ကြိုးစားတယ်........

နံနက်ခင်းဆိုတာကို

သာယာခြင်း အတိ ပိုမိုဖို့ 

ကျေးငှက်တို့  တေးစပ်လို့ ဆို

သူရိန်ပျို ရောင်ခြည်ဦးက

ဖေးမ လို့ မြဲစေတယ်...

ခင်ရယ်

ဘယ်အခါဝယ် တောင်းတစမ်း

မောင့်အနမ်း တစ်ခက်

ကမ်းဆက်လို့ ပေးပါ့မယ်....

အန္တရာယ်တွေကြုံခဲ့ရင်

စစ်ဘုရင်တစ်ပါးလို

အကြင်နာပို မဖုရားလေးအတွက်

အသွေးအသက်ကို လက်နက်ထား

တစ်ဖဝါး မခွာနေပါ့မယ်...

နေ့ သစ်ရဲ့ ရောင်ခြည်ဦးမှာ

အစဉ်သာကြည်နူးစေချင်

ခင့်လိုအင် မှန်လေသမျှ

ကျေပါ့မယ်ချစ်ဝန်တာ

မချစ်သလို တမာခါး

အပြစ်ဆို ငြူစူသွားပါနဲ့ 

မုသားမပါတဲ့ အက္ခရာ

အသဲထက်မှာ ကဗျည်းတင်

"သူ့ အတွက်သာဆိုလျှင်"

လှိုင်းထန်တဲ့ ပင်လယ်ပြင်

မီးလျံပင် ဘယ်လိုဆိုး

ချစ်စိတ်တန်ခိုးနဲ့ 

မြတ်နိုးမှုတွေကာရံ

တွန်းလှန်ကာကျော်ဖြတ် ပါ့မယ်...

ချစ်တဲ့သူရယ်..................

Followers