အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label သတင်းရပ်ဝန်း. Show all posts
Showing posts with label သတင်းရပ်ဝန်း. Show all posts

Tuesday, 3 June 2014

အာဆီယံတွင် မြန်မာ့ပညာရေး နောက်ဆုံးရောက်နေဟု သာသနာရေးဝန်ကြီးပြော

မြန်မာနိုင်ငံ၏ ပညာရေး အခြေအနေသည် အရှေ့တောင် အာရှနိုင်ငံများတွင် နောက်ဆုံးသို့ ရောက်ရှိနေပြီး နွံထဲမှ ဆွဲထုတ်ရ မည့်အခြေအနေဖြစ်နေကြောင်း သာသနာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောသည်။
အလွတ်ကျက်စနစ်နှင့် စာ မေးပွဲဦးတည်သော စနစ်တို့သည် မြန်မာနိုင်ငံ၏ ပညာရေးကို နိမ့် ကျသွားစေခဲ့ပြီး အခြေခံ သာမကအဆင့်မြင့်ကဏ္ဍတွင်လည်း နိုင်ငံတကာထက် နောက်ကျကျန်နေခဲ့ ကြောင်း ဦးဆန်းဆင့်က ဟိုပုံးမြို့၌ ပြုလုပ်သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများညီလာခံ တွင်သံဃာတော်များအား လျှောက်ထားခဲ့ခြင်းဖြစ်သည်။
 ‘‘ယခင်က အာရှမှာ ထိပ် တန်းရောက်ခဲ့တဲ့ ပညာရေးသည် ယနေ့အာဆီယံမှာ နောက်ဆုံး အဆင့်ရောက်နေပြီဆိုတာ ဘယ် သူမှ ငြင်းလို့မရတော့ပါဘူး။ အမှတ်နဲ့ ဖြတ်ခဲ့တဲ့၊ စာမေးပွဲနဲ့ ဖြတ်ခဲ့တဲ့ ပညာရေးဖြစ်ခဲ့တဲ့အတွက် အခြေခံမှာလည်း နိမ့်သလို အလယ်တန်း၊ အထက်တန်းမှာလည်းနိမ့်ပါးသွားတဲ့အတွက် အဆင်မြင့်ပညာဖြစ်တဲ့ ပါရဂူ၊ မဟာဘွဲ့တွေလည်း နိုင်ငံတကာမှာ ရင်ပေါင်မတန်းနိုင်ဘဲ နောက်တန်းကို ရောက်ခဲ့တယ်ဆိုတာ အထင်အရှားပါ။  ဒီနေ့မြန်မာနိုင်ငံရဲ့ ပညာရေးကို နွံထဲကနေ ဆွဲတင်ရမယ့်အခြေအနေရောက်ပြီဖြစ်တဲ့အတွက် အဓိကကျတဲ့ ပညာရေးသည် အခြေခံပညာဖြစ်ပါတယ်’’ဟု သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကဆိုသည်။
အခြေခံပညာသည် အဓိကကျသော  ပညာရေးဖြစ်သောကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအနေဖြင့် မြန်မာ့ပညာရေးကို လက်ရှိအခြေအနေမှ ပြန်လည်ကယ်ထုတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဦးဆန်းဆင့်ကသံဃာတော်များအား လျှောက်ထားရာတွင် ပြောကြားခဲ့သည်။
 ဆင်းရဲနွမ်းပါးသော ကလေး ငယ်များကို  လက်ခံပညာသင် ကြားပေးနေသော ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများအနေ ဖြင့် အစိုးရက နိုင်ငံသားအားလုံး အတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော ပညာရေးတွင် အားဖြည့်ဆောင်ရွက်ပေးနေမှုကို ကြည်ညိုလေးစားကြောင်း ပြည် ထောင်စုဝန်ကြီးက လျှောက်ထား ခဲ့သည်။
မြန်မာနိုင်ငံတွင် ဘုန်းတော် ကြီးသင်ပညာရေးကျောင်း ၁၅၀၀ ကျော်ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူနှစ်သိန်းခုနစ်သောင်းနီးပါး တက်ရောက်ပညာသင်ယူလျက်ရှိကာ အစိုးရပညာရေးဝန်ထုပ်ဝန်ပိုး သက်သာစေရန် ပံ့ပိုးကူညီလျက်ရှိသည်။


Followers