အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label သင်ခန်းစာယူဖို့ ရန်. Show all posts
Showing posts with label သင်ခန်းစာယူဖို့ ရန်. Show all posts

Monday, 30 June 2014

ဖားနှင့်နွား (The Frog And The Ox)

တစ်ခါတုံးကပေါ့.....
နေ့ လည်ခင်းတစ်ခုမှာ ရေကန် အနီးက စားတစ်ခုမှာ လှပထွားကျိုင်းပြီး စိတ်ဝင်စားစရာကောင်းအောင်
လှတဲ့  နွားတစ်ကောင် ရှိပါတယ်။အဲဒီနွားက ရေကန်စပ်မှာရှိနေတဲ့  ရိုင်းရိုင်းပြပြ ဖားတစ်ကောင်ကို သတိပြု
မိလိုက်သတဲ့။ထိုဖားကလေးကလည်းပဲ နွားရဲ့အလှအပ ထွားကျိုင်းမှုကို သတိပြုမိပါတယ်။သတိပြုမိလိုက်တော့ သဘောကျသွားတယ်။အဲလို သဘောကျ တဲ့အချက်ကနေ မနာလို
ဝန်တိုစရာဖြစ်ခဲ့ပါတော့တယ်။

           ထိုအချိန် ဖားကလေးက " ဟော..ကြည့်ကြစမ်း..သိပ်လှတဲ့ နွားကြီးပဲ" လို့  သူ့ ရဲ့သူငယ်ချင်း
တွေကို အောင်ပြောလိုက်တယ်။နောက်ထပ် ဖားကလေးကပြောလိုက်ပါသေးတယ်။ "သူက ထွားကျိုင်းကြီးမာ လှပတာ မှန်ပါတယ်..တကယ်လို့ ငါသာကြီးအောင် ထွားအောင် လုပ်လိုက်မယ်ဆို
သူ ငါ့လောက်မကြီးနိုင် မထွားနိုင်ပါဘူး"တဲ့။

       ပြောပြီးချိန်မှာ ဖားကလေးက လေကိုရှူသွင်းပြီး သူ့ ခန္ဓာကိုယ် ကြီးလာအောင်လုပ်လိုက်တယ်...
ပြီးတော့ သူ့ သူငယ်ချင်းတွေ ကို မေးလိုက်တယ်။ "ဘယ်လိုလဲ ငါသူ့ လောက် ကြီးလာပြီမဟုတ်လား"တဲ့
သူငယ်ချင်းတွေက ပြန်ပြောလိုက်ပါတယ်.."မကြီးပါဘူးကွာ"တဲ့

         ဒါကြောင့် ဖားကလေးက လေးတွေ သွင်းရှူပြီး ကိုယ် ကို ဖောင်းအောင် ကားအောင်လုပ်တယ်..
လုပ်ပြီးတော့ သူ့ လောက် ငါကြီးပြီးလားမေးပါတယ်။သူငယ်ချင်းတွေကလည်း မရပါဘူး မကြီးပါဘူး...နောက်ထပ် ဆက်မလုပ်ပါနဲ့ လို့ ပြောပါတယ်။ ဒါပေမဲ့ ဖားလေးက ဆက်ပြီးကြီးအောင် ထွားအောင်လုပ်ပါတယ်။

          နောက်ဆုံးမှာတော့ ဖားကလေးရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲသွားပါသတဲ့။

     ပုံပြင်လေးကတော့ ဒါပါပဲကွယ် ။။ပုံ ပြင်ထဲကဖားကလေးလို သူငယ်ချင်းတို့ ဘဝမှာ ကိုယ်နဲ့  မသင့်တော့ မလိုက်ဖက် မတန်အပ်သော အရာတွေ ဖန်တီးခြင်းကို ဆင်ဖြင်နိုင်ပါစေ..မဆင်ခြင်နိုင်လျှင် ဖားကလေးလို ဘဝဆုံးသည်အထိပေးဆပ်ရတတ်ပါတယ်။ မဖြစ်နိုင်ဘူးဟု ဘယ်ခါမရှိဆိုသော
 စကားလည်းရှိပါ၏ သို့ သော်ညားလည်း ထိုစကားသည် ကြိုးစားခြင်းဆန္ဒကို လှုံဆော် အားပေးသော စကားဖြစ်လေ၏။
ထမင်းအိုးပူထဲ လက်ထည့်ရင် ပူတတ်ပါတယ်။ပူမှန်းသိရက်နဲ့ ထည့်ရင်တော့ ဒါကိုကြိုးစားတယ်လို့ မခေါ်ထိုက်ပါဘူး။

              အားလုံးပျော်ရွှင်ပါစေးးးးးးးးးးး ရင်ခုန်ရသူ

Saturday, 31 May 2014

Bruce Lee ပြောတဲ့ မှတ်သားဖွယ်ရာ စကားများ

(၁) အသိအပညာ ဗဟုသုတဆိုတာ သင့်ဘဝအတွက် အကောင်းဆုံး လက်နက်တွေပါပဲ။ အဲဒီဗဟုသုတတွေကို လေးစားလိုက်နာဖို့တော့ လိုတယ်။

(၂) သင့်ဘဝကို ချစ်တယ်ဆိုရင် အချိန်တွေကို မဖြုန်းမိပါစေနဲ့။ ဘာလို့ဆိုတော့ အချိန်နဲ့ ဘဝဆိုတာ လေးကို တည်ဆောက်ထားလို့ပါ။

(၃) အခွင့်အရေးရပြီ ဆိုတာနဲ့ အသုံးချတတ်အောင် ကြိုးစားပါ။ ဘာလို့ဆိုတော့ အခွင့်အရေးဆိုတာ ခဏခဏမရလို့ပါ။

(၄) ခက်ထန်မာကြောနေတဲ့ မာန်မာနတွေကို လျော့ချလိုက်ပါ။ ဥပမာ - ဝါးပင်တွေ အရမ်း အပင်မြင့်သောလည်း လေယူရာကို တိမ်းပြီး ယိမ်းနွဲ့လိုက်ပါ တတ်ကြပါတယ်။ လေကြောင့် ကျိုးကြသွားတယ်ဆိုတာ မရှိပါဘူး။

(၅) အနာဂတ်မှ ဘာလုပ်ရမလဲဆိုတာ အမြဲတွေးထားပါ။

ကျော်လင်းနိုင် (ရိုးရာလေး)


Wednesday, 21 May 2014

ကျားကကြောက်ရတဲ့ မြေခွေး




ကျားကကြာက်ရတဲ့ မြေခွေး

တစ်ခါတော့ ကျားတစ်ကောင်ဟာ အမဲလိုက်ရင်းနဲ့ မြေခွေးတစ်ကောင်ကို အရှင်ဖမ်းမိလိုက်ပါတယ်။အဲဒါနဲ့ မြေခွေးကို စားမလို့ပြင်တဲ့အခါ မြေခွေးက စကားထပြောသတဲ့
"အို အသင်ကျား ကျုပ်ဟာ အသင်စားလို့မရဘူး ဘာလို့လဲဆိုတော့ ကျုပ်ဟာ မိုးနတ်မင်းလွှတ်လိုက်တဲ့ သားရဲကောင်တို့ရဲ့ ဘုရင်ဖြစ်လို့ပဲ"
ကျားက ထရယ်လိုက်တယ် ပြီးတော့ " ကောင်းပြီ မင်းကိုယ်မင်း သားကောင်တွေရဲ့ ဘုရင်လို့ဘယ်လိုသက်သေပြမလဲ "

မြေခွေးကတော့ " ကျုပ် တောအတွင်း လမ်းလျှောက်သွားမယ် ခင်ဗျားကျုပ်နောက်ကလိုက်ခဲ့ ကျုပ်ကိုမြင်ရင် တောကောင်တွေအားလုံး ကြောက်လန့်ပြီးထွက်ပြေးကြလိမ့်မယ်"
ကျားကလဲ သဘောတူလိုက်တယ်။ ပြီးတော့ မြေခွေးနောက်က လိုက်တယ်။ မြေခွေးသွားတဲ့လမ်းတစ်လျှောက်က ယုန်တွေ၊သမင်တွေ ၊ဒရယ်တွေဟာ မြေခွေးကို မြင်တာနဲ့ ထွက်ပြေးကြတယ်။ တကယ်တော့သူက မြေခွေးကို ကြောက်တာမဟုတ်ဘူး၊ကျားကို မြင်လို့ ပြေးကြတာပါ။
နောက်ဆုံးတော့ မြေခွေးက ဘယ်လိုလဲ ယုံပြီလား လို့ပြောပြီး လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ကိုရွှေကျားကြီး ကြောက်ကြောက်နဲ့ တောထဲကို တစ်ချိုးထဲ လှည့်ပြေးပါတော့တယ်. . .
ပုံပြင်လေးကတော့ ဒါပါပဲ
ပုံပြင်ကို ဖတ်ရင်း သင်ခန်းစာတစ်ခုခု ရကြပါစေ
မောင်စိုင်း

Saturday, 10 May 2014

အိုင်းစတိုင်းက ဒီလိုပြောတယ်


(၁) အမြဲတန်း သိချင်စိတ်ကို ပြင်းပြင်နေပါစေ
(၂) ဘယ်အရာကိုမှ မိမိနှင့် မဆိုင်သလို မနေပါနဲ့
(၃) ရောက်ရာနေရာမှာ အာရုံစူးစိုက်ပါ
(၄) မှားနေတဲ့ အတွေးအခေါ် အယူအဆတွေကို ပြင်လိုက်ပါ
(၅) အချိန်ကို တန်ဖိုးရှိအောင် အသုံးချပါ
(၆) အသိပညာ ဗဟုသုတတွေကို ကြွယ်ဝအောင်ကြိုးစားပါ
(၇) မိမိကိုယ်ကိုယ် စည်းကမ်းတကျ ကောင်းမွန်အောင် နေထိုင်လိုက်ပါ
(၈) သူတစ်ပါး စကားပြောနေတဲ့ အချိန်မှာ နားထောင်ပါ။ စကားကို လုမပြောပါနဲ့။
(၉) ဘဝဟာ တိုတိုလေးမို့ အရာရာကို အကောင်းဘက်မှ မြင်နိုင်အောင် ကြိုးစားပါ
(၁၀) မဆုတ်မနစ်သော အပတ်တကုတ်ကြိုးစားသော လုံ့လ ဝီရိယ ရှိဖို့တော့ လိုတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

Wednesday, 7 May 2014

ပျော်ချင်တယ်ဆိုရင်

(၁) မိမိဘဝကို တစ်ခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။
(၂) နေ့တိုင်း လူသုံးယောက်ကို အနည်းဆုံး ပြုံးပြနိုင်အောင် ကြိုးစားပါ။
(၃) အဝေးရောက်နေတယ် ဆိုရင် မိသားစုထံ ခဏခဏ ဖုန်းခေါ်ပါ။
(၄) ရည်မှန်းချက် ဦးတည်ချက် တစ်ခု သတ်မှတ်လိုက်ပါ။
(၅) လူတိုင်းအပေါ်မှာ သံသယစိတ်တွေ ကင်းစင်ပါစေ။
(၆) အားတဲ့အချိန်မှာ အသက် ၇၀ ကျော်များ (သို့) အသက် ၆ နှစ်အောက် ကလေးများနှင့် အချိန်းဖြုန်းလိုက်ပါ။
(၇) အကောင်း အဆိုးကို ခွဲခြားတတ်ပါစေ။
(၈) မည်သူ့ကိုမှ မမုန်းမိပါစေနဲ့။
(၉) အိပ်ယာဝင်တိုင်း စဉ်းစားပါ။ " ငါ ဒီနေ့ ဘာတွေ လုပ်ခဲ့လဲ။ မနေ့က ငါ နဲ့ ဒီနေ့ ငါ ဘာတွေ ကွာခြားသွားလဲ " ဆိုတာကို
(၁၀) စိတ်ကို ကြည်နှုးစေမယ့် နေရာလေးတွေမှာ တစ်ပတ်တစ်ကြိမ်လောက် သွားနေဖြစ်ပါစေ။  
ကျော်လင်းနိုင် (ရိုးရာလေး)

Saturday, 3 May 2014

လင်းယုန်ငှက်ပုံပြင်


 လင်းယုန်ငှက်ပုံပြင်
------------------------
လင်းယုန်ငှက်ဟာကမ္ဘာပေါ်မှာ အသက်အရှည်ဆုံးငှက်
တစ်မျိုးဖြစ်ပြီး အသက် (၇၈) နစ်အထိအသက်ရှင်နေ
ထိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်
နေနိုင်ဖို့အတွက် သူတို့ ရဲ့အသက်(၄၈)နှစ်မှာ ခက်ခဲ
တဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခု
ကိုချကြရပါတယ်။


သူ့အသက် (၄၈) နှစ်ရောက်တဲ့အခါမှာ သားကောင်ကို
ဖမ်းဖို့အတွက်သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီး
လာပါတယ်။ နှုတ်သီးတွေကလဲရင်ဘတ်ထိအောင်ရှည်
လာပြီးနောက် ကောက်လာပြီး အတောင်တွေကလဲ
အရမ်းလေးလာပါတယ်။ အမွှေးတွေကလဲအရမ်းထူလာ
တဲ့အတွက်ပျံရတာလဲအရမ်းပင်ပန်းလှပါတယ်။ သူ့မှာ
ရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှ
မလုပ်တော့ပဲအသေခံမလား၊ နာကျင်ခက်ခဲတဲ့ဖြစ်စဉ်တစ်ခု
ကိုဖြတ်သန်းပြီးအသက်ဆက်ရှင်မလားဆိုတာပါပဲ။ မစွန့်
စားပဲသေရတာထက်စာရင် စွန့်စားပြီးသေရတာကပိုပြီး
မြတ်ပါလိမ့်မယ်။
ဒါကြောင့်အလွန်မြင့်တဲ့တောင်တစ်ခုဆီပျံသန်းသွားပြီး
အသိုက်တစ်ခုတည်ဆောက်လိုက်ပါတယ်။ ပြီးတော့
ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနေပါတယ်။ နာကျင်ခက်ခဲ
တဲ့ဖြစ်စဉ်ကိုကျော်ဖြတ်ဖို့အစကနေအဆုံးထိရက်ပေါင်း
(၁၅၀) နှစ်ထက်ဝက်နီးပါးကြာမြင့်ပါတယ်။
သူဟာပထမဦးဆုံး သူ့ရဲ့နုတ်သီးကိုကျောက်ဆောင်နဲ့
ရိုက်ပြီးဖြုတ်ပြစ်ရပါတယ်။ သည့်နောက်မှာတော့သူရဲ့
နှုတ်သီးအသစ်ထွက်လာတဲ့အထိတိတ်ဆိတ်စွာနဲ့စောင့်
ဆိုင်းနေခဲ့ရပါတယ်။ နှုတ်သီးအသစ်ထွက်လာချိန်မှာ
ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတစ်ခုဆွဲနှုတ်
ပြစ်ရပါတယ်။ ခြေသည်းအသစ်တွေထွက်လာချိန်မှာ
သူ့ရဲ့အတောင်တွေကိုတစ်ခုပြီးတစ်ခု နုတ်ပြစ်ရပြန်
ပါတယ်။ အတောင်ပံအသစ်တွေထွက်လာချိန်မှာတော့
သူ့ရဲ့ခက်ခဲစွာဖြတ်သန်းရတဲ့ ရက်ပေါင်းက (၁၅၀)
ကြာသွားပါတယ်။ သည့်နောက်မှာတော့ သူဟာ
ပျံသန်းနိုင်ပြီဖြစ်ပြီး နောက်ထပ်နှစ်ပေါင်း (၃၀) ကြာ
အသက် (၇၈) နှစ်အထိ အသက်ရှင်နေထိုင်နိုင်ပါ
တော့တယ်။
ဒီအဖြစ်အပျက်ကတော့ (change) ဆိုတဲ့ပြောင်းလဲ
မူကိုပြောချင်တာပါ။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ 
တွေဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်
တွေချကြရပါတယ်။ ဘဝကိုအောင်အောင်မြင်မြင်
နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့
ရဲ့အကျင့်ဆိုးတွေ ထုံးစံတွေကိုလွှင့်ပစ်ရပါလိမ်မယ်။
ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေ
ကိုစွန့်ပစ်ရလိမ့်မယ်။ ကိုယ့်ရဲ့အစွမ်းအစတွေဖော်ထုတ်
နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်
နိုင်ရပါမယ်။
တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင်သူ့ခန္ဓာကိုယ်မှာ
ရှိတဲ့မလိုလားအပ်တဲ့အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်
သေးရင် အသိဉာဏ်ရှိတဲ့လူသားတွေကရော ကိုယ့်
ကိုယ်ကို အပြောင်းအလဲ မလုပ်နိုင်ကြတော့ဘူးလား။
လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ကျွန်တော်တို့က နာကျင်စရာမရှိပဲ
"အတွေးအခေါ်အဟောင်း အမူအကျင့်အဟောင်း
မကောင်းတဲ့စရိုက် တွေကိုမစွန့်လွှတ်နိုင်ကြဘူးလား
မပြောင်းလဲ နိုင်ကြဘူးလားဒီအတိုင်းဆက်သွားမလား"
ဆိုတာ စဉ်းစားစေချင်ပါတယ်။ တစ်ခုခုရကြပါစေ။ 
credit>>>>Luu Phyu
copy from ‪#‎KoNaing‬

format, proofread & picture: Hlaing Bwa

အိုးတစ်လုံး၏ ဘဝ(ပုံပြင်)

အိုးတစ်လုံးရဲ့ ဘဝ
တရုတ်ဟန်မင်းဆက်ခေတ်ကထင်ရှားခဲ့တဲ့ ပုံပြင်လေးပါ။
တစ်ခါတော့ ဘုရင်ကြီးဟာ ကို အလွန်လှပတဲ့ အိုးတစ်လုံးလက်ဆောင်ဆက်သသတဲ့။ ဘုရင်ကြီးဟာ အဲဒီအိုးကို လှပလွန်းလို့ သူ့အိပ်ဆောင်ကုတင်ရဲ့ ဘေးနားမှာ စင်တစ်ခုလုပ်ပြီးထားရှိတယ်။
ညရောက်တဲ့အခါ ဘုရင်ကြီးက အိုးကို သေချာကြည့်ပြီး " အိုးရယ် မင်းဘာလို့ ဒီလောက်လှပနေတာလဲ " လို့မေးတယ်။

အဲဒီအချိန်မှာ အိုးက ထူးဆန်းစွာလှုပ်လာပြီးတော့ လူလိုစကားပြောသတဲ့
" ကျွန်တော်ဟာ ဒီလိုအိုးမဖြစ်ခင်က ရွှံ့စေးတုံး တစ်တုံးသာဖြစ်ပါတယ်။ တစ်နေ့တော့ အိုးလုပ်တဲ့လူဟာ ကျွန်တော့်ကို ယူသွားပြီးတော့ သူ့လက်တွေနဲ့ အပြင်းအထန် ကျွန်တော့်ကို ချေပါတယ်။ ကျွန်တော် အရမ်းခံရခက်ပြီး နာကျင်တာကြောင့် အိုးလုပ်သူကို ရပ်ဖို့ပြောပါတယ်။ သူကတော့ အချိန်မကျသေးလို့ပါတဲ့

နောက်တော့သူဟာ ကျွန်တော့်ကို လည်နေတဲ့ သစ်သားပြားပေါ်တင်ပြီး လှည့်ပါတယ်။ ကျွန်တော်ခေါင်းတွေ အရမ်းမူးပြီး စိတ်တွေ တကယ်ရှုပ်ထွေးတယ်။ ဒါကြောင့် အိုးလုပ်သူကို ရပ်ပါ လို့ပြောပေမယ့်လဲ သူဟာ အချိန်မကျသေးဘူးလို့ပြောပြီး ကျွန်တော့်ကို သူ့လက်နဲ့ပုံဖော်ပါတယ်။
ပြီးတော့ ကျွန်တော့်ကို အရမ်းပူပြင်းတဲ့ မီးဖိုထဲကို ထည့်ပြီးတော့ မီးရှို့ပါတယ်။ ကျွန်တော်အရမ်းပူတယ်။ ကျွန်တော့် အသားတွေ ခြောက်ကုန်တယ်။ အဲဒါကြောင့် ကျွန်တော် တံခါးကို ထုရိုက်ပြီး အိုးလုပ်သူကို ရပ်ဖို့ပြောပေမယ့် သူက အချိန်မကျသေးဘူးတဲ့
နောက်တော့ ကျွန်တော့်ကို ဆေးရောင်တွေခြယ်တယ်။ ဆေးတွေက ကျွန်တော့်ကို ရုပ်ပျက်စေပြီးတော့ အနံ့တွေကလဲ မွှန်ထူနေတာပဲ ကျွန်တော်လဲ ရပ်လိုက်ဖို့ပြောပါတယ်။ သူကလဲ အချိန်မကျသေးဘူးလို့ပြောတယ်။
နောက်ဆုံးတော့ ကျွန်တော့်ကို ကြပ်ခိုးစင်ပေါ်တင်ပြီးတော့ မှိုင်းတိုက်ပါတယ်။ တစ်ကိုယ်လုံးလဲ မီးခိုးတွေ မွှန်ပြီးတော့ အသက်ရှုကြပ်လို့ ရပ်လိုက်လို့ပြောပေမယ့် သူကတော့ အချိန်မကျသေးလို့ပါတဲ့
နောက်ဆုံးတော့ ကျွန်တော့ကို ခုံတစ်ခုပေါ်တင်ပြီး ပွတ်တိုက်ပြီးတော့ မှန်ထောင်ပြီး ပြပါတယ်။ မှန်ထဲမှာ ကျွန်တော် အရမ်းလှနေတယ်။ ဒါနဲ့ အိုးသမားကိုမေးလိုက်တယ်။ ဘာလို့ကျွန်တော် အရမ်းလှတဲ့ အိုးဖြစ်နေတာလဲပေါ့။
သူကပြန်ပြောတယ်။ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်နိုင်လေလေ အဲဒီအိုးဟာ လှပလာလေလေပဲ။ တဖြည်းဖြည်းနဲ့ သူ့ရဲ့ အရည်အသွေးကောင်းလာပြီးတော့ မြင်တဲ့သူတိုင်း စွဲမက်စရာဖြစ်သွားကြတယ်။
ငါတို့လူတွေလဲဒီလိုပဲ အခက်အခဲများစွာကို တစ်ဆင့်ဆင့် ဖြတ်ကျော်လာပြီးတော့ ငါတို့ကျွမ်းကျင်မှုတွေ အတွေ့အကြုံတွေ ရင့်ကျက်လာကြတယ်။ ငါတို့ရဲ့ အရည်အချင်းတွေ လဲ တက်လာကြပြီးတော့ လူအများက နှစ်ခြိုက်ကြတယ်။"
ရုတ်တရက် ဘုရင်ကြီးဟာ လန့်နိုးသွားတယ်။စကားပြောတဲ့အိုးကို ကြည့်လိုက်တော့ ဒီအတိုင်းပဲ။
မောင်စိုင်း
www.kanaung.net

Friday, 2 May 2014

လူငယ်တွေ ဖတ်ကြည့်စေချင်တယ်

လူငယ်တွေဖတ်ကြည့်စေချင်တယ် ...

၂၄ ၂ ၂၀၁၄ နေ့ညက ဥတ္တံတားကျေးရွာ စာပေဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း
(ပုတီးကုန်း) ပြောသွားတာလေးပါ။

ဂျပန်နိုင်ငံဆိုတာကမ္ဘာမှာမျိုးချစ်စိတ် နိင်ငံချစ်စိတ် စံပြနိုင်ငံပါ။
ဒီလိုမျိုးချစ်စိတ်လူတိုင်းမှာဖြစ်လာအောင် ကျုပ်တို့နိင်ငံလို ဆိုင်းဘုတ်တွေ ဆောင်ပုဒ်တွေပဲချိတ်ဆွဲခဲ့တာမဟုတ်ဘူး။ ဂျပန်မှာချယ်ရီပန်းတွေပွင့်တဲ့အချိန် ပန်းကြည့်ပွဲလုပ်တယ်။ ကျောင်းတွေပိတ်တယ်။ ဒီလိုပဲသစ်တောကြည့်ပွဲ မြစ်ကြည့်ပွဲ ဖူဂျီတောင်ကြည့်ပွဲတွေလုပ်တယ်။

ဆရာဆရာမတွေကတပည့်တွေကိုခေါ်သွားတယ်။ မိဘတွေကခလေးတွေကိုခေါ်သွားတယ်။ ဟိုရောက်ရင် ခလေးတွေကိုပေးဆော့တယ်။ မုန့်တွေကြွေးတယ်။ ခလေးတွေအရမ်းပျော်တာပေါ့။
ပြီးတော့မှဆရာမတွေကမေးတယ်။ သားတို့သမီးတို့ပျော်ကြလားပေါ့။ ခလေး
တွေကပျော်တာတယ်ပေါ့။ ဒီတော့ဆရာတွေကထပ်မေးတယ်။ ဒီပန်းပင်တွေ ဒီသစ်တောတွေ ဒီမြစ်ကြီးတွေ ဒီဖူဂျီတောင်ကြီးတွေ မရှိတော့ရင် ကလေးတို့ပျော်ပါ့မလားပေါ့။ ဒီဟာတွေအမြဲရှိနေစေချင်လားပေါ့။
ကလေးသဘာဝအမြဲရှိနေစေချင်တယ်ပဲဖြေကြတာပေါ့။ ဒီတော့ဆရာတွေကထပ်
မေးတယ်။ မင်းတို့အမြဲရှိနေစေချင်တာတွေကို တစ်ခြားနိုင်ငံက တစ်ခြားလူမျိုးတွေ လာပြီးလုယူမယ်။ ဝယ်ယူမယ်ဆိုရင်ရောလို့မေးတော့ ကလေးတွေက မပေးဘူး ရိုက်ထုတ်မယ် မောင်းထုတ်မယ်။ ဒါမျိုးဖြေကြမှာပဲလေ။

အဲဒီလို ငယ်ငယ်လေးကတည်းက သစ်ပင်သစ်တောတွေ မြစ်တွေ တောင်တွေကစပြီး
ကိုယ့်လူမျိုးကိုယ့်နိုင်ငံကို နှလုံးသားထဲ စွဲစွဲမြဲမြဲ ချစ်တတ်အောင်သင်ခဲ့ကြတာတဲ့။

အဲဒီကလေးတွေကြီးလာလို့ အရာရှိပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်ပဲဖြစ်ဖြစ် နိုင်ငံခေါင်းဆောင်ကြီးတွေပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာခဲ့ရင် သစ်တောတွေ တောင်တွေ မြစ်တွေ သယံဇာတတွေကို တစ်ခြားနိုင်ငံ
ရောင်းစားမယ့်လူတွေ ဘယ်တော့မှမဖြစ်လာနိုင်တော့ဘူးတဲ့။

ဒါလေးဖက်ကြည့်ပြီးသဘောကျရင် တစ်ခြားသူတွေလည်း ဖတ်ရအောင်
Share ပေးလိုက်ပါ။

— Ko Aung Lwin

မျောက်ထောင်ချောက်

မျောက်ထောင်ချောက်
အာဖရိကက လူတွေအသုံးပြုတဲ့နည်းလမ်းလေးပါ။တွတ်ပီကာတွန်းထဲမှာလဲ ပါဖူးပါတယ်။ဒါပေမယ့် သိပ်တော့မတူပါဘူး။
အရင်ဆုံး အုန်းသီးတစ်လုံးကို မျောက်လက်ဝင်နိုင်အောင် အပေါက်ဖောက်ရပါတယ်။ပြီးရင်တော့ အထဲကို အပေါက်လောက်အရွယ်အစားရှိတဲ့ လင်းလက်တောက်ပြောင်တဲ့ ကျောက်ခဲတစ်မျိုး(အာဖရိကတွင်တွေ့ရသည့် ကျောက်အရိုင်းတုံး)ကို ထည့်ထားရပါတယ်။ပြီးရင်တော့ သစ်ပင်မှာ အဲဒီအုန်းသီးကို တွဲလောင်းချိတ်ခဲ့ရပါတယ်။

မျောက်တွေက အလွန်စူးစမ်းတတ်ပါတယ်။သူတို့က အုန်းသီးကိုတွေ့တော့ အထဲက အပေါက်ထဲကို ချောင်းကြည့်ကြပါတယ်။အထဲမှာ လင်းလက်တဲ့ ကျောက်ခဲလေးကိုတွေ့တော့ လှမ်းပြီးဆွဲယူတော့တာပါပဲ။
အထဲကကျောက်ခဲကို ကိုင်ထားပြိးတော့ ဆွဲထုတ်တဲ့အခါမှာ လက်ကကြပ်နေပြီးတော့ ဆွဲထုတ်မရဖြစ်နေပါတယ်။အဲဒီတော့ မျောက်ကအော်ဟစ်ပါတယ်။အဲဒီအချိန်မှာ မုဆိုးတွေရောက်လာကြပါတယ်။
မျောက်က အမျိုးမျိုး အော်ဟစ်တယ်၊လက်ကိုထုပ်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် သူလွတ်မြောက်ဖို့အတွက် ဒီတန်ဖိုးမရှိတဲ့ကျောက်ခဲကိုလွှတ်ချရမယ်ဆိုတာကို သူမတွေးမိပဲ ကျောက်ခဲကို ဆုပ်ကိုင်ရင်း လက်ကိုဆွဲထုတ်ပါတယ်။ဒါပေမယ့် နောက်ဆုံးတော့ မုဆိုးရဲ့ရိုက်ချက်နဲ့ ထိုမျောက်သေဆုံးရပါတယ်။မျောက်က သေသွားတာတောင် လက်ထဲကကျောက်ခဲကို ဆုပ်ကိုင်ထားပါသေးတယ်တဲ့။
ဒီအဖြစ်အပျက်လေးကို သိစေချင်လို့ပြောပြတာမဟုတ်ပါဘူး။ဒီအဖြစ်အပျက်မှာ သင်ခန်းစာလေးတစ်ခုပါပါတယ်။ဖတ်ရှုရင်းနဲ့ မြင်တတ်ကြပါစေ။
မောင်စိုင်း
www.kanaung.net

Followers