အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label ယဉ်ကျေးမှု. Show all posts
Showing posts with label ယဉ်ကျေးမှု. Show all posts

Friday, 2 May 2014

ဟီရိနှင့် သြတ္တပ္ပ ကင်းဝေး ကြလျှင်ဖြင့်


 Royal Hero Media
''ဟီရိ''၏ အဓိပ္ပာယ်မှာ ''ရှက်ခြင်း''ဖြစ်၍ ''သြတ္တပ္ပ'' ၏ အနက်မှာ ''ကြောက်ခြင်း'' ဖြစ်သည်။ ဤ ''အရှက်''နှင့် ''အကြောက်'' တရားနှစ်ပါးသည် လူ့ဘုံ လောကကို ထိန်းကျောင်း စောင့်ရှောက်သည့်နေရ...ာတွင် အဓိက ကျနေ၏။

''ဟီရိ'' ဟူသော ''အရှက်''သည် အဘယ် အရာကို ရှက်ရမည်နည်း။ လူသားတို့၏ ကိုယ်၊ နှုတ်၊ စိတ်တည်း ဟူသော ကာယကံ၊ ဝစီကံ၊ မနောကံ၊ အပြုအမူ အရာကို ''ရှက်ခြင်း'' အားဖြင့် ရှောင်ကြဉ်ကြရမည်။

''သြတ္တပ္ပ''ဟူသော ''ကြောက်ခြင်း'' ဖြင့် မည်သည်ကို ကြောက်ရမည်နည်း။ ကိုယ်နှုတ်၊ နှလုံး၊ အမူအရာအားဖြင့် ကြောက်ရမည်နည်း။ ကိုယ်၊ နှုတ်၊ နှလုံး အပြုအမူ အားဖြင့် အရှက်တကွဲ ဖြစ်ရမည်ကို ကြောက်ရွံ့ခြင်းဖြင့် ရှောင်ကြဉ် ကြရမည်။

အချုပ်အားဖြင့် ဆိုရသော် ဟီရိနှင့် သြတ္တပ္ပသည် လူသားတို့၏ ကာယဣနြေ္ဒ ဟူသော ကိုယ်အမူအရာ၊ ဝစိဣနြေ္ဒ ဟူသော အပြောအဆိုနှင့် မနောဣနြေ္ဒ ဟူသော စိတ်အမူအရာ များကို ထိန်းသိမ်းရန် ရည်ညွှန်းထားသည်။

''သိသာ သိစေ မမြင်စေနှင့်'' ဆိုစကားသည် အလွန် ''တာသွား'' သောစကား ဖြစ်သည်။ ''မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့ မရ'' စကားပုံ သည်လည်း ဣတ္ထိယ နွယ်ဝင် အမျိုးသမီး များ၏ ဣနြေ္ဒကို တန်ဖိုးထားကြောင်း ပြဆိုထားသည်။ ရှေးမြန်မာ အမျိုးသမီးများသည် ခြေမျက်စိ ပေါ်အောင်ပင် ထဘီများကိုဝတ်ဆင်လေ့ မရှိခဲ့ ကြချေ။ ကာယ၊ ခန္ဓာကိုယ်အား လုံခြုံစေရန် ကျက်သရေ ရှိစွာ ဝတ်ဆင် ခဲ့ကြသည်။ ဆံကေသာနှင့် ပတ်သက်၍ ဆိုလျှင်လည်း ''ပိတုန်းရောင် ကေသာ'' စကားက ထင်ရှားနေသည်။တိုးတက် ပြောင်းလဲ လာသော ခေတ်အခြေအနေ အရ ဝတ်စား ဆင်ယင်ခြင်းနှင့် ပတ်သက်၍ ပြောင်းလဲ လာသည်ကို လက်ခံ သင့်သော်လည်း တိုလွန်းလျှင် ဟီရိသြတ္တပ္ပ ကင်းပြီး လူမျိုး၏ ဂုဏ်သိက္ခာကို ထိခိုက် စေသည်မှာ အမှန်ပင်ဖြစ်သည်။

လောက လူ့ဘုံကို အရှက်နှင့် အကြောက်ဟူသော လောကပါလ တရားနှစ်ပါးဖြင့် လုံခြုံအောင် ကာကွယ် ထားသည်ကို လူသားတိုင်း အထူး သတိထား ကြရမည် ဖြစ်သည်။ ဤတရား နှစ်ပါးနှင့် ကင်းဝေး သွားကြလျှင် တိရစ္ဆာန် ဘုံနှင့် မခြားနား တော့ပေ။ ကမ္ဘာဦး ကာလသို့ ရောက်သွား ပါလိမ့်မည်။

အလွန်ပင် တိုးတက် လှပါသည်၊ ယဉ်ကျေး လှပါသည် ဆိုသည့် နှစ်ဆယ့်တစ် ရာစု ကာလ ခါသမယမှာ သားပျို၊ သမီးပျို၊ လူငယ်၊ လူရွယ်များ အနေဖြင့် အမျိုးသား အသိဖြင့် သတိထား ကြရမည်။ အသရေ မလုံခြုံသော အဝတ်ကို ပိုက်ဆံ ပိုပေး၍ မဝတ်သင့် ကြပေ။ တစ်ဖက်မှလည်း ''သားသမီး မကောင်း မိဘခေါင်း''၊''တပည့်မကောင်း ဆရာ့ခေါင်း'' ဆိုစကားအတိုင်း မိဘ၊ ဘိုးဘွား၊ ဆရာသမား လူကြီး များကလည်း လျစ်လျူရှု မထားကြဘဲ ပြောဆို ဆုံးမ သြဝါဒ ပေးကြရမည် ဖြစ်သည်။

ကမ္ဘာ့ လူမျိုးတိုင်း၌ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာ အရ ဝတ်စား ဆင်ယင်မှု ကွဲပြားလျက် ရှိကြသည်မှာ အများသိ ဖြစ်ပါသည်။ မြန်မာ လူမျိုးတွင်လည်း ''မြန်မာ့မူဟန် ဇာတိမာန်''ဟူသော စကားအတိုင်း ကိုယ့်ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ အတိုင်း ကာယဣနြေ္ဒ လုံခြုံစွာဖြင့် ကိုယ်ပိုင်ဟန် မပျက်ရအောင် ထိန်းသိမ်း သွားကြရမည်မှာ မြန်မာ အမျိုးသား၊ အမျိုးသမီး၊ လူငယ်၊ လူရွယ်တိုင်း၏ သမိုင်းပေး တာဝန် ဖြစ်သည်ကို မမေ့သင့် ကြပေ။

ယဉ်ကျေးမှု ပျောက်လျှင် လူမျိုးပါ ပျောက်နိုင်သည်။ ကမ္ဘာဦး လူသားတို့သည် ကိုယ်ခန္ဓာတွင် မည်သည့် အရာမျှ အဖုံးအကာ မရှိသည့် ဘဝမှ တဖြည်းဖြည်း အသိဥာဏ် ရင့်သန် လာသည်နှင့်အမျှ သစ်ရွက်၊ သစ်ခက်၊ လျှော်၊ သားရေတို့ဖြင့် ကာယ ဣနြေ္ဒ လုံခြုံစေရန် ဝတ်ဆင် လာခဲ့ကြသည်မှာ ထင်ရှားသည့် ယဉ်ကျေးမှု၊ တိုးတက်မှု တစ်ရပ် ဖြစ်သည်။ လူသားများ အတွက် မြတ်နိုး ဂုဏ်ယူ စရာလည်း ဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာလူမျိုး တို့၏ သမိုင်းစဉ်သည် အလွန်ရှည်လျား ကြာညောင်းခဲ့ပြီ ဖြစ်သည်။ ဤသည်ကို ပုံတောင်၊ ပုံညာဒေသ ရှေးဟောင်း သုတေသန တူးဖော် တွေ့ရှိချက်က သက်သေ ပြခဲ့ပေပြီ။ တွေ့ရှိရသော လူသား ကျောက်ဖြစ်ရုပ်ကြွင်း (ပရိုင်းမိတ်) စမ်းသပ် တွေ့ရှိချက် အရ မြန်မာလူမျိုး တို့သည် လွန်ခဲ့သော နှစ်ပေါင်း သန်းပေါင်း ၄ဝ ကျော်ကပင် စတင် လာခဲ့ကြောင်း ကမ္ဘာကို ကြေညာခဲ့သည်။ သမိုင်းစဉ် ရှည်လျားသည့် နည်းတူ သိမ်မွေ့ နက်နဲသည့် ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားသည့် လူမျိုး အဖြစ်လည်း ကမ္ဘာသိ ဖြစ်သည်။ ဤသည်တို့မှာ ကျွန်ုပ်၏ဘိုး၊ ဘေး၊ ဘီ၊ဘင်တို့ အစဉ်အဆက် စောင့်ရှောက် လာခဲ့သော ကျေးဇူး ကြီးမားခြင်း ဖြစ်သည်။

ရှေ့ဆက် ထိန်းသိမ်းရမည့် တာဝန်မှာ မျိုးဆက်သစ် လူငယ်၊ လူရွယ်များ၏ ရှောင်လွှဲ မရသည့် တာဝန်ပင် ဖြစ်သည်။မျက်မှောက်ခေတ် မြန်မာ့ ယဉ်ကျေးမှုကို အနောက်တိုင်း သရုပ်ပျက် ယဉ်ကျေးမှုက တစ်စတစ်စ ဝါးမျို လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင နေကြရသည်။

အထူးသဖြင့် အချို့ အမျိုးသမီး ငယ်ရွယ်သူ များ၏ ဣနြေ္ဒ မလုံခြုံသော ဝတ်ဆင်မှုသည် မြင်ရသူတိုင်း ဘဝင်မကျ၊ မရှုဝံ့၊ မမြင်ရဲစရာ ဖြစ်လာသည်။ မိဘနှင့် သားသမီး၊ မောင်နှင့် နှမ၊ မြေးနှင့် အဘိုးတို့ကြား အမြင်မတော် မသင့်လျော် ဖြစ်နေသည်။ တကယ်တမ်း ပြောရလျှင် ကိုယ့်ယဉ်ကျေးမှု ထုံးတမ်းများကို မျက်ကွယ်ပြု ကျောခိုင်းပြီး သရုပ်ပျက် ဝတ်ဆင်မှုကို အထင်ကြီးကာ အင်နှင့်အားနှင့် လိုက်စားကာဖြင့် ''တံလျှပ်ကို ရေထင် ရွှေသမင် အလိုက်မှား'' လျှင်တော့ မောပန်းခြင်းနှင့် သောကသည်သာ နောက်ဆုံးရလဒ် ဖြစ်မည် ဆိုသည်ကို အချိန်မလွန်မီ သဘောပေါက် ကြရမည် ဖြစ်သည်။

များသောအားဖြင့် ကျောင်းသားအရွယ် လူငယ်၊ လူရွယ်များ အတွင်းမှာလည်း ဇာတိမာန် ပျောက်ကာ တိုင်းတစ်ပါးသား တို့၏ မြန်မာ့ ယဉ်ကျေးမှုနှင့် မအပ်စပ်သော လူနေမှု ပုံစံ၊ ဝတ်စား ဆင်ယင်မှု ပုံစံကို အထင်ကြီး အတုယူစရာ တစ်ခုအဖြစ် ယူဆ အောက်မေ့ အတုခိုး နေကြသည်။ ထိုသို့ လမ်းလွဲ နေမှုကို ယဉ်ကျေးမှုအား မြတ်နိုး ချစ်ခင်တတ်သော လူငယ် လူရွယ် အချင်းချင်း ဝိုင်းဝန်းတားမြစ် ပြစ်တင် ကြရမည်။ အထူးသဖြင့် တာဝန် ရှိသူများမှာ မိဘများပင် ဖြစ်သည်။

နိုင်ငံတော် အလံနှင့် နိုင်ငံတော် သီချင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ဇာတိမာန်ကို ဖော်ပြနေသည်။ လူမျိုး၏ ဝတ်စား ဆင်ယင်မှု သည်လည်း လူမျိုး၏ ဇာတိမာန်ကို ဖော်ညွှန်းနေသည်။ ဇာတိမာန် ပျောက်လျှင် ကျွန်ဘဝသို့ ပြန်ရောက် တတ်သည်ကို သတိချပ် သင့်သည်။ ''ပညတ်သွားရာ ဓာတ်သက်ပါ'' ဆိုသည့် အတိုင်း အမှား ရှည်ကြာ လာပါက အမှန်ဟု ထင်လာ တတ်ကြသည်မှာ လူ့သဘာဝ ဖြစ်သည်။ သို့ဖြစ်သောကြောင့် မျိုးမြန်မာ ဇာတိမာန် ဖောက်၍ လူမျိုး မပျောက် ရလေအောင်၊ အထူးသဖြင့် ဆယ်ကျော်သက် အမျိုးသမီး ငယ်တိုင်း''ချောင်းကိုပစ်၍ မြစ်ကို မရှာသင့်ကြောင်း'' အလေးအနက် သတိထား ကြရမည်။

ယဉ်ကျေးမှုဆိုတာ.

ယဉ်ကျေးမှုဆိုတာ...
----------------------

တစ်ခါတရံမှာ ကိုယ်လက်မခံနိုင်တဲ့ ဂီတ၊ ယဉ်ကျေးမှုတချို့တွေ့တဲ့အခါ ကိုယ့်ကိုယ်
သိပ်ရှေးရိုး ဆန်နေသလားလို့ ပြန်ဆန်းစစ်မိပါတယ်။ ငါဟာ(conservative)တစ်
ယောက်များ ဖြစ်နေပြီလားလို့ ကိုယ့်ကိုယ်တွေးမိပါတယ်။တကယ်တမ်းခံယူထားမိတာ
က ကိုယ့်ယဉ်ကျေးမှု၊ ဂီတဆိုတဲ့ စည်းမျဉ်းအပေါ်လေးစားမှု၊ တန်ဖိုးထားမှုနဲ့လည်း သက်ဆိုင်မယ်လို့ ထင်ပါတယ်။ မြန်မာဂီတနဲ့ ကမ္ဘာ့ဂီတမှာ မြန်မာ့ဂီတကို ပိုသဘော
ကျမိပါတယ်။ ဘာလို့လည်းဆိုတော့ မြန်မာ့ဂီတကို ကာလပေါ်၊ ခေတ်ပေါ်တေးဂီတ
အထိကြိုက်နှစ်သက်ခဲ့ပါတယ်။ အနောက်တိုင်း ဂီတတွေကိုလည်း နှစ်သက်မိတာရှိ
သလို မနှစ်သက်မိတာတွေလည်း ရှိပါတယ်။ (Mono) သီချင်းတွေကို အာပေးပါတယ်။ (Rock)ဆို မကြိုက်ပါဘူး။ (Mono)သီချင်းတွေကို ကြိုက်ရတဲ့ အကြောင်းက မြန်မာ့ဂီတ
နဲ့ ဆင်တူနေလို့ပါ။ (Pop) လည်းကြိုက်ပါတယ်။ တချို့ဟာတွေမကြိုက်တာလည်း ရှိပါ
တယ်။ ကမ္ဘာမှာ (Pop)ဘုရင်လို့နာမည်ကြီးတဲ့ မိုက်ကယ်ဂျက်ဆင်ကိုလည်း ကြိုက်တဲ့
သီချင်းတွေရှိသလို မကြိုက်တဲ့သီချင်းတွေလည်း ရှိပါတယ်။ ဂီတအကြောင်းတွေကို
ထည့်သွင်းပြောရရင် ကျယ်ပြန့်သလို အငြင်းပွားစရာလေးတွေလည်း ပါနိုင်တာမို့ ကျွန်တော်ချန်လှပ်ပါ့မယ်။ ကိုယ်ကြိုက်ရာကိုယ်နားထောင်ပေါ့။ ခံစားမှုပုံသဏ္ဍန်တူနိုင်
တာမဟုတ်လို့ပါ။

ကျွန်တော်အနေနဲ့ မြန်မာ့ဂီတကို ကမ္ဘာ့ဂီတတွေထက် တန်ဖိုးထားလေးစားမိတဲ့
အချက်တွေက မြန်မာသီချင်းတွေ ကမ္ဘာကျော်ချင်မှကျော်ပါမယ်။ ဒါပေမဲ့ မြန်မာနဲ့
ကိုက်ညီတဲ့ ဓလေ့တွေ ရေးစပ်ပုံတွေ၊ သံစဉ်ဖန်တီးမှုတွေက မြန်မာနဲ့ ကိုက်ညီပါတယ်။
ယဉ်ကျေးတဲ့ ဓလေ့စရိုက်တွေ ပါသလို ခနဲ့တဲ့သရော်တဲ့ အသုံးနှုန်းတွေ မြန်မာတွေနဲ့
ကိုက်ညီမှုရှိပါတယ်။ မြန်မာသီချင်းတွေ နားထောင်ခဲ့ရသလောက်တော့ ရိုင်းစိုင်းတဲ့
အသုံးနှုန်း မိုက်ရိုင်းလောက်အောင် မပါတဲ့ယဉ်ကျေးမှုတွေ ရှိနေပါတယ်။ ကိုလွှမ်းမိုး
တို့သီချင်းတွေ မှာဆိုရင် ရန်ကုန်မှာမွေးတဲ့ကျွန်တော့်ကို အညာမှာမွေးတဲ့နွားက မကြည်သလိုစိုက်လို့ကြည့်ဝင်ခွေ့တယ်....လို့ပြောတာ။ ဒီနေရာမှာ တစ်ဘက်က ရိုင်း
တယ်လို့ထင်ရပေမဲ့ သူ့ရေးတာ နွားကိုပဲရည်ညွှန်းတာပါ။ ခနဲ့တာပါ။ ဒဲ့မဆော်ပါဘူး။
ကိုစိုးလွင်လွင်ဆိုရင်လည်း ဒီလမ်းထဲကိုနောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး။
နောက်ဆုံးမှာ သူခံယူတာ သူချဆိုတယ်။ အားနည်းချက်ရှာနေတတ်တဲ့ လူတွေနဲ့
မဆက်ဆံချင်တော့ဘူး။ ဟုတ်တာပဲ...လူတွေကအပြစ်ပဲမြင်နေတတ်ကြတာကို...။
မြန်မာတေးလောကရဲ့ (Own Tune) သမားတွေရေးခဲ့ရာ၊ ဆိုခဲ့ရာတွေမှာ ရိုင်းစိုင်း
သွား အောင်တော့ မလုပ်ခဲ့ကြပါဘူး။ အကုန်လုံးကို ခြုံပြောရရင် မြန်မာ့ဂီတကို
တီထွင်ဖန်တီးသွားသူတွေ တေးသီးချင်းရေးစပ်သီဆိုသွားသူတွေ ပြဇာတ်၊ အငြိမ့်အ
ထိ တန်ဖိုးထားပါတယ်။ ကောက်နုတ်ပြရရင်လည်း တွံတေးသိန်းတန်ရဲ့ထွေးညို၊
လေးနွယ် ဒီလိုသီချင်းတွေဆိုရင် အံ့မခန်းပါ။ ရေးစပ်သူရဲ့ စေတနာ၊ ဆိုသူရဲ့ ကျပေါက်
ပညာပေးတာ ခေတ်အဆက်ဆက်ထိတောင် မှတ်သားစရာ။ ထည့်ပြောရမဲ့ အနုပညာ
ရှင်တွေမနည်းပါဘူး။

နောက်ပိုင်းတော့ အဲ့ဒီလိုအနုပညာရှင်တွေပျောက်ကွယ်သွားပါ တယ်။ ဘာ့ကြောင့်လဲ
ဆိုတော့ စနစ်ကြီးကအသေချာ ဖန်တီးလိုက်လို့ပါ။ ကျွန်တော်တို့ဗမာတွေ အင်္ဂလိပ်
ခေတ်မှာတောင် အင်္ဂလိပ်ကို တော်လှန်ဖို့ ကဗျာ၊ တေးသီးချင်း၊ လင်္ကာတွေစပ်လို့ရခဲ့
သေးသဗျ။ လွတ်လပ်ရေးရပြီးမှ တောက်လျှောက် ငါတို့လာမထိ နဲ့ကွ.... ဆိုခွင့်ပိတ် သကွာ။ ၅နှစ်နား၊ ၂နှစ်၊ ၃နှစ်၊ ၄နှစ်နားတွေပါ ဖြစ်ကုန်တယ်။ ခေတ်စနစ်ကို ထင်ဟပ်
ဖို့ ဘာကဗျာမှမစပ်နဲ့ ဘာစာမှမရေးနဲ့ ဘယ်သီချင်းမှလည်းမရေးနဲ့ ဆိုပြီး လုပ်ခဲ့ရာမှာ
ဂီတ၊ စာပေ၊ ယဉ်ကျေးမှုတွေ မြောင်းထဲရောက်သွားတယ်။ အစဉ်လာရှိတဲ့ ဂန္ဓ၀င်တေး
လောကကြီးလည်း ပျင်းရိဖွယ်ဖြစ်သွားတယ်။ အဲ့ဒီနောက်မှာ အနုပညာရှင်တွေ ဖန်တီးသူတွေ အဆင့်တန်းတွေက နိမ့်ကျသွားတာ ပြောမဆုံးပေါင် တောသုံးထောင်။
စနစ်ပျက်နဲ့ အုပ်ချုပ်လိုက်တာမှာ ကျန်တဲ့ ကဏ္ဍတွေ အဖတ်ဆယ်လို့မရအောင် ဘေး
ထွက်ဆိုးကျိုးတွေပါလာတယ်။ မြန်မာဟာ ကမ္ဘာမှာ အနိမ့်ဆုံးစားရင်းဝင်သွားတာ
ဖိနှိပ်ချုပ်ချယ်မှုကနေ ကျန်တဲ့ကဏ္ဍတွေအကုန် တစ်ခုချင်းစီ ကမ္ဘာကိုဘာနဲ့မှ ရင်ပေါင်တန်းလို့ မရတော့ဘူးဖြစ်သွားတာ။ ကဏ္ဍတစ်ခုထဲအဖြေရှာကြည့်ရင် အုပ်ချုပ်
ရေးယန္ဓယားကနေ ကျန်တဲ့ကဏ္ဍတွေအကုန်ဖျက်ဆီးပစ်လိုက်တာ။

Followers