အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Showing posts with label ရတုကဗျာများ. Show all posts
Showing posts with label ရတုကဗျာများ. Show all posts

Tuesday, 29 October 2013

~~~**ရွှင်ပြုံးနှစ်ဖြာ လက်ထပ်မင်္ဂလာ သို့ **~~~(ပိုဒ်စုံရတု)






ငွေရောင်ဖွေးဖွေး၊လရောင်နွေးအောက်
ပြေးလျှောက်တွယ်ယှက်၊နွယ်မျက်ခတ်ဖြာ
ခင်းကဗ္ဗလာလို၊ရည်စိုနှင်းပေါက်
ပြိုးပြောက်ပြောင်လက်၊ရွက်လက်ထက်ဝယ်
ပုလဲနှယ်သို့ ၊ရွဲနှယ်သို့ ...၊

လေဆောင်အေးအေး၊ဆောင်းလေအေးမို့ 
ချမ်းလို့ ခိုက်တုန်၊ရင်လှိုက်ခုန်အောင်
ခြုံစောင်မနွေး၊သူ မ,ဖေးမှ
နွေးရရင်နန်း၊စိတ်ရွှင်လန်းဖွယ်
မခွဲဘယ်သို့ ၊မြဲမယ်ဒို့ .....။

မေမောင်ဆွေးနွေး၊ဆုံကြရေးကို
တွေးဆိုကာဖြင့်၊ရာသင့်ခါပေး
ဆောင်းလအေးမှာ၊ဝါလလည်းကင်း
ဆုံဖက်ခြင်းမှု၊ပြုမင်္ဂလာ
နှစ်ဖြာမိဘ၊ညီလှမောင်ဘွား
ဆွေသားချင်းစုံ၊ချစ်ရိပ်မြုံနန်
လှမ်းစို့ တူပြိုင်၊ရွှင်ချစ်ပြည်နယ်
မြသဲမယ်သို့ ၊ပွဲလယ်မို့ ....။

လေးစားလျှက်
ရင်ခုန်ရသူ




အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်

Thursday, 21 March 2013

လနွေတပေါင်း(အလွမ်းဖွဲ့ရတု)

လနွေတပေါင်း၊မြရွှေလျောင်းတယ့်

ရွက်ဟောင်းရဲ့ကြွေ၊အို-နွဲ့ခွေရာ

ဗွေဗျာလှိုင်မော၊သည်မြိုင်တောယံ

လွင့်မျောညံတယ်၊ချိုး(ဂျိုး)သံရယ်ညင်း...

ရွှေအဆင်းနဲ့၊လေညှင်းသွဲ့မှာ

ယိမ်းနွဲ့ကာမြူး၊ရွှေဖီဦးဖြာ

ဆွေညီခူးကာ၊ကြည်နူးစွာခဲ

ရွှင်ကာပဲပျော်၊ပွဲတော်စေတီ

သဲတည်ကာနွှဲ၊ချိန်ခါလွဲလို့

တွဲဖို့မခင်၊အကြင်သူနဲ့ဝေးခါမို့။

လှငွေတဆောင်း၊ရာသီဟောင်းက

ချီပြောင်းကြွခါ၊မိန်လခါညီ

စာသီကာတမ်း၊မျှော်ကာမှန်းဆ

အလွမ်းသ,ပြန်၊နှမထံပေး

မြိုင်ယံဝေးမှာ၊ဘုတ်,ခါကကြွေး

ဒေါင်းကအိုးဝေ၊မျောက်ကကြိုးခွေ

မိုးခွေစရာ၊သစ်ရိပ်မှာလည်း

အရွက်ကျဲကျဲ၊တသဲသဲသာ...

အင်ကြင်းမာလာ၊သန္တာညွန့်ဖူး

အို-ရူးရာပါ့၊အကြင်သူနဲ့ ဆွေးရာမို့။

ညနေအဆောင်း၊ငှက်တစ်သောင်းညံ

အိပ်ကြောင်းပြန်ချိန်၊နေသူရိန်ဝါ

ဂေါရာကျွန်းထံ၊ယွန်းပြန်ပါပေါ့

ကညာဖျော့ကာ၊လသော်တာဝင်း

ဆော်ကာညှင်းလေ၊ရွှန်းဝေဥဩ

လွမ်းသံနှောပြန်၊မနောယံမှာ

အသောလျှံကာ၊လှိုက်ဖိုပါမိ

ရှိုက်ငိုသည့်တိုင်၊မချိယိုင်လဲ

ထိချိုင်သဲကို၊ခဲလို မနိုင်

အလွမ်းမြိုင်မှာ၊အကြင်သူနဲ့ဝေးခါမို့။

လေးစားလျှက်

ရင်ခုန်ရသူ(21.3.2013)22:38

Wednesday, 27 February 2013

လယ်သူမလေးသို့ လွမ်းစာစီ

ဆွေးနီနီလင်း၊နံနက်းခင်းမှာ

သီချင်းသာကျွေး၊ကညုာထွေးငယ်

လှရေးကြွယ်မူ၊မောင့်လယ်သူမေ

နှင်းမြူချေလှိုင်၊ရိုးတွေပြိုင်ပြိုင်

ဝါလှိုင်လှိုင်ထွေး၊တောမြိုင်လေးမှာ

နံ့ဖွေးသာဖြူ၊တောရွာသူမို့

အမူတို့ကင်း၊ရိုးလို့ရှင်းတယ်

စံပယ်တူလို့ဖြူသမို့။

အေးလီလီညှင်း၊လေတစ်သင်းရယ်

လယ်ကွင်းကျယ်မှာ၊ယိမ်းဘယ်ညာလူး

ကျေးသာမြူးခုန်၊နွေဦးသုန်ထက်

သစ်ခြုံရွက်ခါ၊တစ်ခက်ဖြာရေး

မြေမှာပြေးဆော့၊အတွေးသော့လည်း

ရိလျှော့ရဲရ၊အသည်းမှဒဏ်

မေ့ရရန်ခဲ၊အပြန်လဲလဲ

ရင်ထဲစွဲလွမ်း၊အမြဲတမ်းပင်

ကံရယ်ကြူလို့မြှူသမို့၊။

ဖေးချီချီမင်း၊ထိုလယ်ကွင်းမှ

ယမင်းလှစင်၊လုံမခင်ရယ်

အကြင်နယ်ဝေး၊တကယ်ဆွေးရ

ဟိုး...ဝေးကနေ၊တွေးစလေကာ

စာပေလွှာတွင်၊ကဗျာထွင်ရေး

စုတ်မင်ရေးကို၊မြလေးပိုလှ

အလိုကျအောင်၊ဘဝနောင်တွဲ

မယ်မောင်နွှဲရန်၊စဉ်မြဲရန်ကို

မကွယ်တူလို့ချူသမို့။

လေးစားလျှက်

ရင်ခုန်ရသူ

Tuesday, 23 October 2012

***ဖုန်းမောင်အလွမ်းမယ်သို့ကမ်းစာ***

ဟေမာန်လဝယ်၊မြူနှင်းငယ်ဖြင့်

တင့်တယ်ပေဟန်၊နန်းယုဂန်စွန်း

နေခြည်သွန်းရယ်၊ရွန်းရွန်းငယ်ပေါ်

ဆွေငယ်ဖော်ရယ်၊ရင်ဝယ်မျှော်တမ်း

ရည်ရော်လွမ်းလို့၊ဝေးသူမို့ပိုင်

ဗျာဖို့လို့ယိုင်၊ရွှေလည်တိုင်ငယ်

မှိုင်မှိုင်ရယ်လူး၊အသဲဦးညှာ

မြသက်လျှာကို၊ရင်မှာရှိုက်ငို

တောမြိုင်ညိုလယ်၊ဘယ်ကိုရယ်မှန်း

ဖုန်းမောင်လွမ်းရ၊မှန်းစမပီ

ရွှေရင်စည်ကွဲမတတ်သော်။

ဝေယံစမယ်၊ရွှေစံပယ်ငုံ

သင်းတယ်ရနံ့၊လွင့်လွင့်ပျံ့စွာ

ဝင်းဖန့်မျက်နှာ၊လပမာနှယ်

လေသာပြူတင်း၊သူ့ရုပ်ဆင်းကို

အလင်းရွှေအို၊လရောင်ပြိုခါ

ဝင်းစိုစွာတည်း၊ရှုမငြီးပါ

မြသီးမြငုံ၊ဝန်းရံစုံလို့

ရင်ဖုံမှာသမ်း၊ရေစိမ့်စမ်းနှယ်

အေးချမ်းစွာပ၊အပြုံးလှသည်

ရွှေပင်စည်ခဲမတတ်သော်။

ရွေရံလှကြွယ်၊နှမငယ်ကို

အောင်သွယ်နှယ်ပြု၊မယ်ထွေးနုကို

ပေါင်းစုဝေဖြာ၊ရွှေပေလွှာထက်

မင်စာခြယ်ကာ၊ဆင့်သီကာကမ်း

ဝေဒနာလွမ်း၊မြစ်ယံကမ်းမှာ

ထွေလျှမ်းစိတ်စဉ်၊မျှော်တွေးယှဉ်ကာ

ငွေစင်စနှယ်၊နှင်းထုလယ်မှာ

သွေဖယ်မပြီး၊စစ်ခရီးနယ်

ချစ်ကြီးသူမောင်၊လွမ်းပြေအောင်ကွယ်

စာဆောင်ရယ်နှင်း၊စစ်တလင်းမှာ

ဆွေခင်ညီတွဲရမတတ်သော်။

လေးစားလျှက်

Saturday, 20 October 2012

လွမ်းသူသိစေ

ဟေမာန်ကနှောင်း၊ရာသီပြောင်းမယ်

ထနောင်းပွင့်တို့၊မြေသို့ခပြီ

ရွှေဂျိုးဖြူစုံ၊ကူပုံရယ်ဆန်း

အလွမ်းခန်းကို၊ဖွင့်လိုပြန်ပေါ့

နွေတစ်ကျော့သို့၊ရောက်လို့လာပြီ

ရော်ရည်မှန်းဆ၊လွမ်းရပြီ။

ဝေယံကကြောင်း၊ဇာခြည်နှောင်းရယ်

သတင်းရယ်ဝေး၊စာခွေလေးလည်း

ကျိုးပြီခေါက်ရိုး၊စထက်တိုးတာ

ဝေဒနာလွမ်း၊အသည်းကျွမ်းလု

ချယ်ရီရယ်ဖူး၊လေအလူးမှာ

သင်းရနံ့ဖြာ၊တောင်တန်းပြာနဲ့

ဗွေသီလျှမ်းမြ၊လွမ်းရပြီ။

(အဖြည့်ခံရတု)

လေးစားလျှက်

ရင်ခုန်ရသူ

Friday, 12 October 2012

ရတုဘုရင်သို့တမ်းချင်း

မြစ်ယံကညို၊တောင်ကပြိုလု

အလွမ်းထုကို၊ပေလွှာအိုထက်

တင်လျှက်မင်ရည်၊ကမ်းလိုသည်လေ

ရတုဘုရင်၊နတ်သျှင်နောင်သို့

တမ်းလို့လွမ်းသည်၊လွမ်းလေသည်။

စစ်ပြန်ကကို၊နှောင်းကကြိုမှု

အနမ်းယုကို၊ဆည်းဆာညိုမှာ

စုံစွာတပ်သင်း၊တံခွန်လင်းလို့

ဓါတုကညာ၊နှမလျာရယ်

တမ်းလို့မှန်းသည်၊မှန်းလေသည်။

ချစ်ဟန်ကပို၊မောင်ကဆိုခု

လွမ်းအောင်ပြုလို၊နတ်သျှင်ကိုလ

မှန်းဆရော်ရည်၊တမ်းသည်စာချိုး

မရိုးမဆန်း၊ခပ်တန်းတန်းလေ

လွမ်းနယ်မြေမှ၊ဘုရင်လှသို့

ကမ်းလို့လှမ်းသည်၊လှမ်းလေသည်။

လေးစားလျှက်

ရင်ခုန်ရသူ

Friday, 21 September 2012

သူ့ အလှလေး ဖွဲ့ နွဲ့ သီ

ဝါဝါဝင်းဝင်း၊သူ့ အဆင်းလှ
မြင်ရသည်တွင်၊စိတ်ကြည်ရွှင်၍
ဘဝင်နှလုံး၊ပီတိဖုံးကာ
မြသက်လျာအား၊ကြည်ဖြူမလား
သောကပွား၍၊မှိုင်၍ငေး၏
ဆွေးလေ၏။

သာယာရွှင်းရွှင်း၊စိတ်အလင်းနဲ့ 
ပြုံးတဲ့မျက်နှာ၊လင်းလက်စွာဖြင့်
ရင့်ရင့်ကြူးကြူး၊ပျော်လို့ မြူးကာ
ညင်သာညက်ညော၊သူ့ အပြောသို့ 
တိုးလို့ ခွေယိုင်၊စိတ်မခိုင်ခဲ့
ခပ်ရဲ့ရဲ့မို့ ၊ထိုင်လို့ တွေး၏
တွေးလေ၏။

သာသာရှင်းရှင်း၊သူ့ သတင်းက
မိုးကျရွှေကို၊လှသက်ပျိုလား
ထင်မှားစရာ၊ဖြစ်ကာလာတော့
ငွေကျော့မျက်နှာ၊လင်းလက်စွာလေး
ရေးရေးလေးပြုံး၊ရှုမဆုံးပါ
အသည်းချာတွင်၊ပိုင်လို့ စိုး၏
စိုးလေ၏။
လေးစားလျှက်
****ရင်ခုန်ရသူ****

Followers