အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Showing posts with label မော်ဒန်ကဗျာများ. Show all posts
Showing posts with label မော်ဒန်ကဗျာများ. Show all posts
Wednesday, 29 January 2014
Saturday, 25 January 2014
*****မေးကြည့်မယ်နော်*****
အော်.......
မမြင်ချင်တော့ပါဘူး....
မကြည့်ချင်တော့ပါဘူးကွယ်...
အရှက်ကယ်တကယ်ဝေး....
ရင်လေးတယ်လည်းပြောချင်တော့ဘူး...
ကျနော်တို့ ကပညာမတတ်ပါဘူး...
မြင်တာထက်လည်းပိုမပြောချင်ဘူး...
မေးစရာလေးတော့မေးကြည့်မပေါ့နော်...
အော်....
သူလေးကမြန်မာတဲ့လား....
လှတယ်ကွာလန်ထွက်နေတာပဲ....
အပေါ်လည်းတင်းအောက်လည်းစင်းတယ်...
ဒီရှန်နယ်လေး ဘွတ်မာ့ခ် လုပ်ထား.....
ဒီအသံတွေ ဘယ်လိုတားရမလဲ....
ဘယ်နားနဲ့  ကြားရမလဲ...
အော်.......
မြန်မာတဲ့လား.....
ဘွဲ့ လက်မှတ်လေးပြ...အလုပ်လျှောက်...
နောက်ဘေးပေါက်က လက်လေးဖြန့် ..
အဟမ်း...အဟမ်း.....
ဒီဇာတ်လမ်း ဘယ်လိုသိမ်းမလဲ....
အော်....
မြန်မာပြည်..သာယာဝပြောသတဲ့...
အိမ်ခေါင်းမိုးကြည့်ပြောတယ်ထင်...
တိုင်ခြေမှာ ခြတွေစား နေတာ...
မမြင်ရော့လေသလား.......
အော်.......
သူလေးကမြန်မာတဲ့လား...
အသံးလေးကောင်းတယ်...
ဒီဘက်နဲနဲတိုးနော်...
ဘောက်စူးမျာများပေးမယ်...သိလာကလေး...
ဝ...ကလေးတို့  သရေယိုယိုနဲ့ ....
ဒီအလှည့်တွေ ဘယ်လိုကျော်ကြမလဲ....
အော်....
သူတို့ တွေ မြန်မာတဲ့လား....
ဒီကောင်တွေ...ဘီယာလေးတိုက်လိုက်...
အောတိုက်အောင်ခိုင်းလို့ ရတယ်....
ဘီယာရှိသူတို့ ပြီးတယ်....
ဒီအတွေးတွေ ဘယ်လိုအရေးနဲ့ ပြင်မလဲ...
အော်......
ဒါမြန်မာတဲ့လား.....
လေးစာလိုက်နာ...
ယုံကြည်ကိုးကွယ်လိုက်တာ....
အ၀ိုင်းလေးနဲနဲမြင် ...လင်ဆိုရင်ပြီးရော...
ဘာသောညာသော...စောဒကမတက်...
ဒီဇာတ်တွေဘယ်သိမ်းမလဲ.....
မေးချင်သေးတယ်......
လမ်းအလယ်မှာ ပဲပြုတ်ရောင်း...
သူ့ အကြောင်းမလှလို့ ...
ပဲပြုတ်တောင်းခေါင်းရွက် အရပ်လှည့်ရောင်းတာ...
ရှက်စရာလို့ မမြင်ပါဘူး....
ဆားမရှိ ငပိနဲ့ စားမယ်...
အများအသိ...အမျိုးထိရင်..
အသဲမချှိအောင်နာတယ်ဆို....
အို.....မေးလိုက်စမ်းပါ....နင်ဟာစပ်ကြားလေလား...
ပါစပ်ဖျား...ပျားရည်လူး.....
ဘယ်လိုတွေ ရည်စူးနေလဲ.....
အော်.......
မမြင်ချင်တော့ပါဘူး....
မကြည့်ချင်တော့ပါဘူးကွယ်...
အရှက်ကယ်တကယ်ဝေး....
ရင်လေးတယ်လည်းပြောချင်တော့ဘူး...
လေးစားလျှက်
(ဇန်နဝါရီ ၂၀၁၄)
အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်
Tuesday, 24 September 2013
မနေတတ်သရွေ့ 
တွေဝေနေ...အဖြေခက်တွေ့ 
ကြွေမျက်ရည်စက်တွေလည်း...မိုးတွေသည်းလို့  လွင့်ကာစီး...
တစ်ရက်ပြီးတစ်ရက်...
အလွမ်းပြဇတ်တွေ......ငိုချင်းရှည်တစ်ပုဒ်လား......။
မယာမများတတ်တဲ့ အသည်း...
အခါခါခွဲတော့လည်း...မနာပဲရှိနိုင်ပါဘူး....
အဆိပ်တွေ စူးနင့်လို့ ...မေ့နိုင်ဖို့ အတိတ်က....အရိပ်တစ္ဆေလို..
.ကြိတ်ခါဖြေလည်း...မျက်ရည်ဝဲနေ..
ငှက်တွေတောင်...လှောင်ရယ်နေပြီ...
မညီညာတဲ့ လောကမျက်နှာစာရယ်....
ပျက်ရယ်ပြုရက်လေအား.......။
ခပ်သွယ်သွယ်နှုတ်ခမ်းပါးထက်...
တက်မက်မူးတဲ့ပျားရည်စက်တွေက...
ငါ့အသိစိတ်ကိုမွှေနှောက်ခဲ့တယ်...
ပျောက်ရှနေတဲ့  အနာဂါတ်တွေ...သယ်ဆောင်လာပေးခဲ့ပြီး..
အဝေးကြီးကိုနင်ထွက်ပြေး....တစ်စက်ကလေးနင်လှည့်မကြည့်..
ရက်စက်တဲ့နင်ရယ်....
လက်တွေချိုးရေတွက်ရင်း...မနက်ခင်းတိုင်းမှာ...
မင်းအသံမပါရင်မနေတတ်လို့ ...ငါ့ရင်မှာအဖြေခက်နေဆဲ....
လွမ်းနေမြဲ...ငါမနေတတ်သရွေ့ ပေါ့ကွယ်....
လေးစားလျှက်
ရင်ခုန်ရသူ
Thursday, 19 September 2013
လွမ်း
အချစ်...အလွမ်းတစ်စက်
ပန်းတစ်ခတ်သာဖြစ်မယ်ဆိုရင်..
အလွမ်းဇတ်ကိုဖြုတ်....ပန်းတွေနဲ့ တည်တဲ့ ..
တောအုပ်ကြီးတစ်ခု..ငါ့ရင်ထဲမှာဖြစ်လို့ နေပြီ.....
မျက်ရည်တစ်စက်....
ကောင်းကင်ပျံတက်မယ်ဆိုရင်....
ဒီကမ္ဘာ ပေါ်ကိုရွာသွန်းနေတာ...
မင်းကိုလွမ်းလို့ ကျတဲ့  ကို့ မျက်ရည်တွေများလား....
အဆင်မပြေမှုတွေများလို့ ....
စိတ်ဓါတ်တွေ..ငရဲထိကျနေချိန်တိုင်း....
အားပေးဖူးတဲ့ မင်းအသံလေး.......
အခုထိ ကို့ ကို နွေးထွေးမှုတွေ...ပေးနေဆဲပဲ.....
အကြောင်းတွေရှာ စိတ်ကောက်တော့...
ချော့ခဲ့တဲ့အချိန်များ....စကားလေးများကြားနေဆဲ....
ချစ်လို့ ချွဲတာပါကိုရယ်တဲ့....
အတူတွဲပြီးလျှောက်လည်ဖူးတဲ့....
ရည်စူးထားခဲ့...စိန္တေမြထံ...
ကိုတို့ ရဲ့ ဗိမာန်ဘုံလေး...တည်ဆောက်ဖို့ အရေး...
တို့ တွေဝေးလို့ နေရပေမဲ့ ...
အတိုင်းအဆမဲ့ လွမ်းလှပါတယ်ကွယ်....
ပန်းတစ်ခတ်သာဖြစ်မယ်ဆိုရင်..
အလွမ်းဇတ်ကိုဖြုတ်....ပန်းတွေနဲ့ တည်တဲ့ ..
တောအုပ်ကြီးတစ်ခု..ငါ့ရင်ထဲမှာဖြစ်လို့ နေပြီ.....
မျက်ရည်တစ်စက်....
ကောင်းကင်ပျံတက်မယ်ဆိုရင်....
ဒီကမ္ဘာ ပေါ်ကိုရွာသွန်းနေတာ...
မင်းကိုလွမ်းလို့ ကျတဲ့  ကို့ မျက်ရည်တွေများလား....
အဆင်မပြေမှုတွေများလို့ ....
စိတ်ဓါတ်တွေ..ငရဲထိကျနေချိန်တိုင်း....
အားပေးဖူးတဲ့ မင်းအသံလေး.......
အခုထိ ကို့ ကို နွေးထွေးမှုတွေ...ပေးနေဆဲပဲ.....
အကြောင်းတွေရှာ စိတ်ကောက်တော့...
ချော့ခဲ့တဲ့အချိန်များ....စကားလေးများကြားနေဆဲ....
ချစ်လို့ ချွဲတာပါကိုရယ်တဲ့....
အတူတွဲပြီးလျှောက်လည်ဖူးတဲ့....
ရည်စူးထားခဲ့...စိန္တေမြထံ...
ကိုတို့ ရဲ့ ဗိမာန်ဘုံလေး...တည်ဆောက်ဖို့ အရေး...
တို့ တွေဝေးလို့ နေရပေမဲ့ ...
အတိုင်းအဆမဲ့ လွမ်းလှပါတယ်ကွယ်....
Friday, 30 August 2013
သရေပွဲပါ.....
အချစ်ရေ........
နှစ်တွေလည်းပြောင်း...သက္ကရာဇ်တွေထပ်လောင်းခဲ့
နင်နဲ့ ငါရဲ့..အချစ်..မေ့ပစ်ဖို့ ခက်ခဲ.....
အမြင်တွေလွဲခဲ့ကြတယ်...
အချစ်ရေ....
အမြဲရန်ဖြစ်တတ်တဲ့ နင်နဲ့ ငါ....
မာနတွေတုပြိုင်ရင်း...
ချစ်ခြင်းတွေ မျက်ကွယ်ပြုလို့ ...
ဝေးဖို့ တွေဖြစ်ခဲ့ကြတယ်....
အချစ်ရေ........
ကမ်းလှမ်းဆုပ်ကိုင်မယ့် လက်တစ်စုံကို...
နင်နဲ့ ငါ အတူ..ကြည်ဖြူစွာနဲ့ ..
ပေးအပ်ခဲ့ကြဖူးတယ်နော်...
အချစ်ရေ.....
သေချာပြန်စစ်ဆေးကြမယ်ဆို...
နင်လည်းနာ..ငါလည်းနာ..
နင်လည်းလွမ်း..ငါလည်းလွမ်း...
တို့ အသည်းတွေလည်း...နွမ်းလှပါပြီ...
အချစ်ရေ...
ပြေလည်စွာငြိမ်းချမ်းမှုနဲ့ ...
နှလုံးသားနှစ်ခုကို..အရင်းပြုကြရင်း...
ငါတို့ ချစ်ခြင်းတွေ..အသက်ပြန်သွင်းဖို့ ..
ငါတို့ ရဲ့ မာနတွေနဲ့ ကစားတဲ့gameလေးကို...
သရေပွဲနဲ့ ရပ်ကြပါစို့ ကွာ.....
လေးစားလျှက်
ရင်ခုန်ရသူ
Saturday, 10 August 2013
တွဲလက်
အတွေးခက်ခက်၊လောကရဲ့မျက်နှာစာပေါ်
ပျော်မရောင်နဲ့ ၊လှောင်ပြောင်ခဲ့တဲ့ နေ့ တွေ
တရွေ့ေ၇ွ့ ကုန်ခမ်း၊ခရီးလမ်းမှာလည်း
ခွန်အားတွေနည်းခဲ့ ရတယ်မောင်....။
မှော်ဝင်ညတွေ၊အိပ်မက်ဆိုးတွေဝေလို့ 
ငိုကြွေးဖို့ တောင်၊မေ့ လို့ နေမိ
မြေနိမ့် ရာလှံစိုက်၊လောက မသမာသူတွေစရိုက်က
ရေနစ်သူ ဝါးကူထိုးတာ၊သူတို့ ဝါသနာတဲ့...မောင်...
အပြာရောင်မိုးကောင်းကင်၊တိမ်တွေကအလှဆင်လည်း
မိုးသည်းညတွေချည်းမို့ ၊မှောင်မိုက်စိုစွတ် လို့ နေဆဲပါ...
အညတရတွေရဲ့ ပါစပ်ထဲ ၊အာခြောက်လို့ နေဆဲပါမောင်....
မောင်..........
အနွေးဓာတ်တွေပေး၊ယုယလို့ ထွေးပိုက်
လမိုက်ညတွေထဲက ကြယ်စင်တွေလို....
ရင်ခွင်မှာ လင်းလက်၊ရေကြည်တွေ ကမ်းဆပ်
ချစ်တတ်ပါနော်မောင်....
တွဲလက်တို့  စုနှောင်၊မယ်နဲ့ မောင်လေ
အားနည်းသူဖေးမ၊ကြင်နာကြမယ်နော်.................
လေးစားချစ်ခင်လျှက်
ရင်ခုန်ရသူ
Tuesday, 9 July 2013
မဟူရာညထဲ မိန်းကလေးသို့ 
ပြိုကွဲခြင်းတွေ၊ပေါက်ပြဲခြင်းတွေ
ကွာဟခြင်းတွေ၊မညီညွှတ်ခြင်း
မာနတွေနဲ့  တို့ နှစ်ယောက်အချစ်
ကမ္ဘာစစ်ဖြစ်သလိုနဲ့ 
တစ်စစီပျက်ယွင်း၊ တောင်စွယ်နေကွယ်မှာ
သုတ်သင်ခြင်းခံလိုက်ရသလို
ကိုနဲ့ မင်းရဲ့အိမ်မက်က ဇရပ်ပျက်တစ်လုံး
အမုန်းတရားကိုဦးတင်
ကဝေပျိုတစ်ကောင်းရဲ့အကြည့်
တောနက်ထဲကငှက်ဆိုးတစ်ကောင်လို
မင်းမျက်လုံးတွေကအရောင်လက်
ဒေါက်ဖိနပ်ကို မစီးတတ်တဲ့မိန်ကလေးလို
ကမ်းပါးတစ်ခုမှာကိုပြုတ်ကျခဲ့ပြီ။
အကြင်နာမဲ့ညနေတွေမှာ
ခေါ်သံတွေကိုလေးညှင်းကလည်း မသယ်ဆောင်တော့
ကမ်းစပ်ကလှိုင်းကြက်ခွပ်တွေ
မာန်ဟုန်တွေတင်းလို့ 
နေမင်းက ခုနှစ်စင်ထက်ပူပြင်း
ညမှာလကလည်းမလင်းတော့
ကို့ ကမ္ဘာတစ်ခုလုံး အမှောင်တွေဖုံးသွားခဲ့ရပေါ့၊
လမ်းတဝက်မှာ လှမ်းတက်ဖို့ ခွန်အားကို
ရေမရှိပဲ ထမင်းခဲစားခဲ့သလိုမျိုး
ရင်ထဲမှာတနင့်တပိုးနဲ့ 
ဝေဝါးတဲ့အနာဂါတ်မျက်ခင်းစိမ်းဆီကို
ကိုအားတင်းကာလျှောက်ခဲ့ရတယ် ။
ပကာသနနဲ့ ဂုဏ်ဒြပ်
မင်းမက်တဲ့အရာတွေ ကိုပိုင်ဆိုင်ခဲ့ပြီ
ဒါပေမဲ့ ကိုလိုချင်တာက
အဖြူရောင်စာရွက်ပေါ်က အပြာရောင်စာသားတွေကို
မင်းရဲ့ပန်းနုရောနှုတ်ခမ်းပါးရဲ့အနမ်းတစ်ပွင့်
မင်းပေးနိုင်တာက
ငွေရောင်စက္ကူပေါ်က ရွှေဝါရောင်တေးသွားတွေကို
နီရဲတဲ့နှုတ်ခမ်းနဲ့ အနမ်း...
အချစ်ရေ...ရှိပါစေတော့...
မင်းပေးနိုင်တဲ့ အနမ်း...မင်းလမ်းမှာပဲရှာလိုက်ပါ
အကြင်နာတွေသိုသိပ် မင်းအတွက် ကို့ အချစ်
ဒီဘဝတရေးအိပ်လိုက်တော့မယ်.......
လေးစားလျှက်
ရ/င်ခုန်ရသူ
အမျိုးအစား
ကဗျာလေးများ,
မော်ဒန်ကဗျာများ
Thursday, 23 May 2013
ငါး
ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ။
ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ။
ဒဏ်ရာရနေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ငါမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ။
အရုပ်နဲ့တူတဲ့ ငါးတစ်ကောင်လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ။
ငါးအစစ်တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ။
ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မယ်။
အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်လိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင်ကို ရရှိမှာ
မင်းရဲ့လက်ချောင်းတွေနဲ့ သူု့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိပေါ့။
Tuesday, 21 May 2013
အချစိတ်ဖြင့်ကြည့်မြင်ခြင်း
ငါတို့ရဲ့လမ်း ဒီမှာပဲခွဲထွက်လိုက်ကြပါစို့
အဆုံးသတ်
တမ်းတမျှော်လင့်ချက်တွေလည်းဆုံးပြီ….
သူ့ရဲ့……အတောင်ပံတွေကိုလည်း
ကိုယ်တိုင်ရိုက်ချိုးခဲ့ပြီ….
သောင်ပြင်ပေါ်က ခြေရာတွေရဲ့ အလွမ်းတွေဟာ
ဒီရေမတက်ခင်ထိတော့ ရှိနေမှာပါ
မချစ်လို့တော့မဟုတ်ဘူး
ဆက်လျှောက်လှမ်းဖို့
ခြေထောက်တွေက အားအင်မရှိ….
ဘ၀ကနိမ့်လို
့
စိတ်တော့မြင့်မြင့် ထားပါရစေ
ထမင်းရည်သောက်တာလည်း…မကြည့်ရက်ဘူး
တဲအိုပျက်မှာနေတာလည်း …မကြည့်ရက်ဘူး
ရယ်သံများကြား ငိုကြွေးနေမှာကို ပိုတောင်မကြည့်ရက်ဘူး
အဲဒီလိုကြိတ်မှိတ်ခံစားရင်း ဟိုး….အဝေးဆီမှာတော့
တိမ်တွေထွန်းလင်းတောက်ပနေလိမ့်မယ်…။
Sunday, 19 May 2013
ချစ်သူအတွက်အမှာစာ
ဝေးနေတဲ့အချိန်း......
အမြဲသတိရနော်....
သတိရတိုင်းမတွေ့ရချိန်မှာ.....
ရင်ခုန်သံတွေပြန်ကြားယောင်နော်.....
ရင်ခုန်သံတွေမကြားနိုင်ချိန်မှာ....
အိပ်မက်တွေထဲထည့်မက်နော်.....
အိပ်မက်တွေထဲမပါနိင်ချိန်မှာ.....
မသိစိတ်ထဲကလွမ်းနေပါနော်.....
လွမ်းနေတဲ့အချိန်တိုင်းလည်း.....
တိုးတိုးပြီးချစ်နော်....
ငါတို့နှစ်ယောက်ဝေးနေတဲ့အချိန်မှာ.....
အရင်ကထက်သစ္စာရှိပေးပါနော်.....။
(ဝေးကွာချစ်သူများသို့)
အမြဲသတိရနော်....
သတိရတိုင်းမတွေ့ရချိန်မှာ.....
ရင်ခုန်သံတွေပြန်ကြားယောင်နော်.....
ရင်ခုန်သံတွေမကြားနိုင်ချိန်မှာ....
အိပ်မက်တွေထဲထည့်မက်နော်.....
အိပ်မက်တွေထဲမပါနိင်ချိန်မှာ.....
မသိစိတ်ထဲကလွမ်းနေပါနော်.....
လွမ်းနေတဲ့အချိန်တိုင်းလည်း.....
တိုးတိုးပြီးချစ်နော်....
ငါတို့နှစ်ယောက်ဝေးနေတဲ့အချိန်မှာ.....
အရင်ကထက်သစ္စာရှိပေးပါနော်.....။
(ဝေးကွာချစ်သူများသို့)
Wednesday, 15 May 2013
ရင်ထဲကဒဏ်ရာ
ရူးကြောင်ကြောင်ငါ့ရဲ့အတွေးနဲ့
တစ်ခေါက်မှမလျှောက်ဖူးတဲ့လမ်းပေါ်ကို
ယောင်လည်လည်နဲ့ငါလျှောက်ခဲ့မိတယ်
ဘာမသိညာမသိရောက်လို့သွားတာက
မာယာတွေနဲ့ဖုံးလွှမ်းနေတဲ့
မင်းအမုန်းများရဲ့နယ်ပယ်
"ကယ်ပါဦး"လို့တောင်မအော်နိုင်ခဲ့
ယိုင်နဲ့နဲ့နစ်ကျွံနေတာသိရက်
ရုန်းမထွက်နိုင်ခဲ့ဘူးလေ.......။
အဆုံးသတ်မှာငါရတာက
နှလုံးသားရဲ့ဝေဒနာ
ဖြေစရာပင်ဆေးမရှိခဲ့
ဝေမှငါသိလိုက်ရတာကတော့
ကျော့ကျော့လေးထွက်သွားတဲ့မင်းခြေလှမ်း
"နေခဲ့စမ်း"လို့တောင်နှုတ်မဆက်
ရုတ်တရက်ကြီးငါ့အသည်းကို
နင်ခွဲလို့သွားပေမဲ့
စွဲစွဲမြဲမြဲရှိသွားခဲ့တယ်.......။
မင်းရဲ့ရင်ထဲ
မုန်တိုင်းတွေဆဲနှင်းတို့ကွဲပြီး
ယောင်ယမ်းကာသတိရရင်
ငါ့ကိုမမေ့ပါနဲ့
မခုန်တစ်ချက်ခုန်တစ်ချက်ငါ့နှလုံးသား
မင်းအတွက်တခါးဖွင့်ထားမယ်
သိပ်ချစ်လို့ရယ်တော့မထင်နဲ့
နာကျင်ခဲ့တဲ့ငါ့အသည်းက
ကလဲ့စာချေဖို့ဆိုတာမင်းသိထား.......။
လေးစားလျှက်
တစ်ခေါက်မှမလျှောက်ဖူးတဲ့လမ်းပေါ်ကို
ယောင်လည်လည်နဲ့ငါလျှောက်ခဲ့မိတယ်
ဘာမသိညာမသိရောက်လို့သွားတာက
မာယာတွေနဲ့ဖုံးလွှမ်းနေတဲ့
မင်းအမုန်းများရဲ့နယ်ပယ်
"ကယ်ပါဦး"လို့တောင်မအော်နိုင်ခဲ့
ယိုင်နဲ့နဲ့နစ်ကျွံနေတာသိရက်
ရုန်းမထွက်နိုင်ခဲ့ဘူးလေ.......။
အဆုံးသတ်မှာငါရတာက
နှလုံးသားရဲ့ဝေဒနာ
ဖြေစရာပင်ဆေးမရှိခဲ့
ဝေမှငါသိလိုက်ရတာကတော့
ကျော့ကျော့လေးထွက်သွားတဲ့မင်းခြေလှမ်း
"နေခဲ့စမ်း"လို့တောင်နှုတ်မဆက်
ရုတ်တရက်ကြီးငါ့အသည်းကို
နင်ခွဲလို့သွားပေမဲ့
စွဲစွဲမြဲမြဲရှိသွားခဲ့တယ်.......။
မင်းရဲ့ရင်ထဲ
မုန်တိုင်းတွေဆဲနှင်းတို့ကွဲပြီး
ယောင်ယမ်းကာသတိရရင်
ငါ့ကိုမမေ့ပါနဲ့
မခုန်တစ်ချက်ခုန်တစ်ချက်ငါ့နှလုံးသား
မင်းအတွက်တခါးဖွင့်ထားမယ်
သိပ်ချစ်လို့ရယ်တော့မထင်နဲ့
နာကျင်ခဲ့တဲ့ငါ့အသည်းက
ကလဲ့စာချေဖို့ဆိုတာမင်းသိထား.......။
လေးစားလျှက်
နှလုံးသားစာစီစာကုံး
ငါ့နှလုံးသားရဲ့နိဒါန်းမှာ
ငါမင်းကိုတမ်းတမ်းစွဲချစ်ခဲ့တယ်
အရမ်းလည်းမြတ်နိုးခဲ့မိတယ်
ငါ့အသိမှာမင်းအမြဲစိုးမိုးခဲ့တယ်။
ငါ့နှလုံးသားပန်းခြံထဲမှာ
အရောင်သွေးစုံတဲ့ပန်းအလှတွေ
မင်းတယုတယစိုက်ခဲ့လို့
ငါရေလောင်းပေါင်းသင်ခဲ့တယ်
နှစ်ဦးကြည်နူးစွာနဲ့ပေါ့။
ဒီလိုငါ့နှလုံးသားစာကိုယ်မှာ
မင်းနဲ့ပျော်မြူးခဲ့ရတယ်.....
ငါ့နှလုံးသားပန်းခြံမှာ
ပန်းမျိုးစုံပွင့်လန်းလာခဲ့တော့မှ
ပန်းတွေအားလုံးကို
မင်းလက်နဲ့ဆွတ်ခူးပြီး
တစ်ပါးသူကိုနမ်းရှိုက်စေခဲ့တယ်။
ငါ့နှလုံးသားနိဂုံးမှာ
အရှုံးတွေနဲ့ငါကျန်ခဲ့တယ်
ရက်စက်လိုက်တာချစ်သူရယ်.....။
လေးစားလျှက်
ငါမင်းကိုတမ်းတမ်းစွဲချစ်ခဲ့တယ်
အရမ်းလည်းမြတ်နိုးခဲ့မိတယ်
ငါ့အသိမှာမင်းအမြဲစိုးမိုးခဲ့တယ်။
ငါ့နှလုံးသားပန်းခြံထဲမှာ
အရောင်သွေးစုံတဲ့ပန်းအလှတွေ
မင်းတယုတယစိုက်ခဲ့လို့
ငါရေလောင်းပေါင်းသင်ခဲ့တယ်
နှစ်ဦးကြည်နူးစွာနဲ့ပေါ့။
ဒီလိုငါ့နှလုံးသားစာကိုယ်မှာ
မင်းနဲ့ပျော်မြူးခဲ့ရတယ်.....
ငါ့နှလုံးသားပန်းခြံမှာ
ပန်းမျိုးစုံပွင့်လန်းလာခဲ့တော့မှ
ပန်းတွေအားလုံးကို
မင်းလက်နဲ့ဆွတ်ခူးပြီး
တစ်ပါးသူကိုနမ်းရှိုက်စေခဲ့တယ်။
ငါ့နှလုံးသားနိဂုံးမှာ
အရှုံးတွေနဲ့ငါကျန်ခဲ့တယ်
ရက်စက်လိုက်တာချစ်သူရယ်.....။
လေးစားလျှက်
Tuesday, 2 April 2013
***တောမီး***
လေပြင်းကထန်ထန်တိုက်
သစ်ရွက်တွေမြေမှာကျဲ
တကွဲတပြားစီနဲ့
တောကြောင်တွေကလက်ခမောင်းခက်
ပြောင်လက်လက်ဓါးသွားလို
မှုံရိုနေတဲ့ဒီတော
ဝါးနဲ့သစ် စစ်ဖြစ်ကာနွှဲ
မီးစစွဲလို့တောကိုလောင်
မိုးယံမှာမှောင်မိုက်ဖယ်
ကြမ္မာငယ်တဲ့ဒီတော
မီးအသောနဲ့နိဌာရုံ
ဟိုနားကတစ်ခါမြိုက်
သည်နားကတစ်ခါလောင်
တောနေသတ္တဝါတွေတောင်
မျက်မှောင်ကုတ်တုန်လှုပ်နေရ
တောင်စဉ်ကကျတဲ့ရေတံခွန်က
ရပ်တန့်ရတော့မလို
အို--သည်မီး
ဒီတောကိုလောင်တဲ့မီးရယ်
ဒီတောကိုမျက်နှာငယ်စေချင်တာလား
ကံတရားနဲ့ဖန်ဆရာများ
တောသူတောင်သား
တစ်သားတည်းကျပါစေကွာ။။
လေးစားလျှက်
ရင်ခုန်ရသူ(2.4.2013)
Subscribe to:
Posts (Atom)
Followers
!-မောင်(စွယ်စုံကျမ်း)-http:>




