အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Saturday, 25 May 2013
အမှောင်ဝင်ညလေးလင်းခဲ့ပြီ
တို့ ရွာကကိုလူလှ
အာရုံတက်ရင် လယ်တောဝင်
နွာညီနောင် ကျံစုံအင်
ခွေးညီနောင်က တခင်ခင်
သူ့ ယာပြင် သူ့ ဘဝ
သူ့ အလှက တေးသံလွင်
သောကကိုသူမမြင်
ဒေါသကိုလည်းသူမခင်
ဇနီးကြင် မမယ်ခ
နှီးဒေါင်းလန်းလေးခေါင်းပေါ်မ
ယားတောစ ကအိမ်ဦးရှင်
စားစေဖို့ အလျှင်
ဝန်တာကျေချင်သာမက
ချစ်စရာ့သူ့ အသွင်။
သူရိန်အဆင်မွန်းတည့်ရာက်
နေပြောက်ကယ်ကဟိုဒီသွက်
တဲအိုနောက်က ဘူးရုံတော
ဟင်းချိုတဖြစ်နှောလို့ ရယ်
ဝါးခွက်ငယ်နှစ်ခု ရေခွက်ပြု
စားမည်အပြု ကြင်နှစ်ဦးထံ
သဒ္ဒါပေါက်လို့စတနာခံ 
လှူရန် လက်မနှေး
သန့် စွာပေးလှူလွန်ကြည်ဖြူ
ညီတူမောင်နှံတွဲ။
နေညိုလွှဲတော့ရွာကိုဝင်
မျက်နှာအပြုံးရွှင်
လှူခဲရတဲ့မြတ်ဒါန ရင်မှာပီတိမြ
လူလှမယ်ခကြင်စုံဖော်
နိဗ္ဗာန်သို့ ရည်မျော်
ကော်ရော်ဆုခြွေ လှူမှုထွေကြောင့်
 ညအမှောင်ခွင်း အလင်းလည်းကြင်းခဲ့ ပြီ။
လေးစားချစ်ခင်လျှက်
         ရင်ခုန်ရသူ(၂၆.၅.၂၀၁၃)၁၂း၄၅
2 comments:
မိုးနတ်ကြယ်စင် said...
:)))
Anonymous said...
ကောင်းပါတယ်
ဆက်ပြီးကျိုးစားစေချင်တယ်
Followers