ဆန်းလသော်တာ၊ထက်အာကာနန်း
လင်းရောင်ဖြန်းပက်၊နန်းထက်တော်ဝင်
ရွှေသဇင်ငယ်၊ပျံ့ပြယ်နှံ့လူး
ရနံ့ထူးရယ်၊ညွှတ်နူးဖွယ်သာ
လေသာပြူတင်း၊ဖြိုးဖျလင်းလက်
ချစ်ဦးသက်လျာ၊ပေါ်မလာခိုက်
စောင်းအိုပိုက်ကာ၊တိမ်ရိပ်လွှာရယ်
သွေဖယ်ပေးဖို့၊တောင်းလို့ဆိုမယ်
ချစ်သက်လယ်ဦး၊မြရည်လူးကို
မြင်လိုစိတ်စော၊ရင်မှာဇောထွေ
ကပ်လို့နေပြီ၊မိုးယံဆီမျှော်
သော်တာလှရယ်၊နှမငယ်အား
ခွန်းစကားချွေ၊ကူကာလေပြော
စောင်းသံနှောမှာ၊မောင့်သံသာတေး
ဟစ်လို့ပေးမယ်။
မောင့်တေးသံဆုံး၊အပြုံးမျက်နှာ
လမင်းသာပုံ၊ဘုံဆောင်သဉ္စာ
ခန်းဝါမှပေါ်၊မျက်နှာတော်လေး
ဖူးခွင့်ပေးရန်၊တောင်းခံလို့ရယ်
အသက်နှယ်သာ၊ချစ်ရှာရသူ
မောင့်သည်း(သဲ)ဖြူရယ်၊ငွေလရယ်ယွန်း
အနောက်စွန်းရန်၊ဖန်လာလေပြီ
ချိန်းထားတာမေ့နေပြီလားလေ။
လေးစားလျှက်
ရင်ခုန်ရသူ
No comments:
Post a Comment