နှင်းမြူတွေစိုင်း၊အုံ့မှိုင်းအာကာ
သာယာရှုမော၊ရိုးမတောတောင်
လျှိုမြှောင်ချိုင့်ဝှမ်း၊တောင်ပေါ်လမ်းမှာ
သင်းရနံ့ဖြာ၊မာလာချယ်ရီ
ထင်းရူးညီတန်း၊ကျွန်းပင်တန်းနဲ့
မောမြေရဲ့ဟန်၊ပန်းချီဆန်လို့
နန်းတို့စကား၊ကြားရဘဝင်
ကြည်ရွှင်လှပေ။
မြေပြန့်ကမောင်၊အလွမ်းနှောင်ပြီ
ချယ်ရီကငို၊တောင်ပြာညိုတယ်
ပိတောက်ကယ်ဝေ၊ရွှေရည်ကလူး
မောင့်အသဲဦး၊နန်းခင်မှူးရယ်
မောင့်ရင်မယ်လေ၊ဖြေမဆည်နိုင်
လွမ်းလို့မှိုင်ကာ၊နေရရှာပြီ
မြန်းမယ်ဧကန်၊နန်းတို့ထံကွယ်
မောင့်အလာလမ်း၊ကမ်းလို့ကြိုစေ
နန်းပျိုရေ။
လေးစားလျှက်
ရင်ခုန်ရသူ
1 comment:
i come to hear
Post a Comment