အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Saturday, 25 May 2013
အမှောင်ဝင်ညလေးလင်းခဲ့ပြီ
တို့ ရွာကကိုလူလှ
အာရုံတက်ရင် လယ်တောဝင်
နွာညီနောင် ကျံစုံအင်
ခွေးညီနောင်က တခင်ခင်
သူ့ ယာပြင် သူ့ ဘဝ
သူ့ အလှက တေးသံလွင်
သောကကိုသူမမြင်
ဒေါသကိုလည်းသူမခင်
ဇနီးကြင် မမယ်ခ
နှီးဒေါင်းလန်းလေးခေါင်းပေါ်မ
ယားတောစ ကအိမ်ဦးရှင်
စားစေဖို့ အလျှင်
ဝန်တာကျေချင်သာမက
ချစ်စရာ့သူ့ အသွင်။
သူရိန်အဆင်မွန်းတည့်ရာက်
နေပြောက်ကယ်ကဟိုဒီသွက်
တဲအိုနောက်က ဘူးရုံတော
ဟင်းချိုတဖြစ်နှောလို့ ရယ်
ဝါးခွက်ငယ်နှစ်ခု ရေခွက်ပြု
စားမည်အပြု ကြင်နှစ်ဦးထံ
သဒ္ဒါပေါက်လို့စတနာခံ 
လှူရန် လက်မနှေး
သန့် စွာပေးလှူလွန်ကြည်ဖြူ
ညီတူမောင်နှံတွဲ။
နေညိုလွှဲတော့ရွာကိုဝင်
မျက်နှာအပြုံးရွှင်
လှူခဲရတဲ့မြတ်ဒါန ရင်မှာပီတိမြ
လူလှမယ်ခကြင်စုံဖော်
နိဗ္ဗာန်သို့ ရည်မျော်
ကော်ရော်ဆုခြွေ လှူမှုထွေကြောင့်
 ညအမှောင်ခွင်း အလင်းလည်းကြင်းခဲ့ ပြီ။
လေးစားချစ်ခင်လျှက်
         ရင်ခုန်ရသူ(၂၆.၅.၂၀၁၃)၁၂း၄၅
Thursday, 23 May 2013
ငါး
ငါးအသေကောင် လိုချင်ရင်
ဈေးမှာဝယ်ပါ။
ကြောက်လန့်နေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ပိုက်ကွန်တွေနဲ့ ဖမ်းပါ။
ဒဏ်ရာရနေတဲ့ ငါးတစ်ကောင်လိုချင်ရင်
ငါမျှားချိတ်မှာ အစာတပ်ပြီး မျှားပါ။
အရုပ်နဲ့တူတဲ့ ငါးတစ်ကောင်လိုချင်ရင်
မှန်တွေနဲ့ လုပ်ထားတဲ့ ရေကန်အတုထဲမှာ မွေးပါ။
ငါးအစစ်တစ်ကောင် လိုချင်ရင်တော့
ကျောက်ဆောင်တစ်ခုလို ရပ်နေပါ။
ရင်ဘတ်ကို ဖွင့်ထားပါ
လမ်းမှားလာတဲ့ ငါးအစစ်တစ်ကောင်က
မင်းရဲ့ နှလုံးသားကိုတောင်
ဝင်ပြီး တိုးခွေ့သွားလိမ့်မယ်။
အသက်ရှုသံတွေနဲ့
ရေလှိုင်းတွေကို ဖန်ဆင်လိုက်တဲ့အခါ
ပျော်ရွှင်စွာ ကစားနေမယ့်
ငါးအစစ်တစ်ကောင်ကို ရရှိမှာ
မင်းရဲ့လက်ချောင်းတွေနဲ့ သူု့ကို
ဖမ်းဖို့ မကြိုးစားတဲ့အထိပေါ့။
Wednesday, 22 May 2013
အချစ်သရဲမ
အနားကိုကပ်၊တစ်ချက်လောက်ခေါက်
တခါးပေါက်ကို၊မြှူချိုအသံ
ခေါ်ပြန်ပါပေါ့၊ခပ်သော့သော့လေး
ချစ်သောမောင်ရေတဲ့။
နှလုံးသားရဲ့၊တခါးရွက်က
အသာယာပွင့်၊အသံလာရာ
နားစွင့်ကာပေါ့။
မြင်ရသည်က
အပြုံးတစ်ပွင့်၊အမုန်းဆင့်ကာ
သုဘဒ္ဒါလို၊ငြိုးမာန်တွေပျိုး
နတ်ဆိုးတစ်ကောင်၊ကျီစယ်သယောင်
ပါးယောင်ထွားထွား၊နားကားကားနဲ့
အချစ်ရဲ့တစ္ဆေမ။
မင်းတခါးဝက
ထွက်သွားပါတော့၊တောင်းပန်ပါတယ်
ငါတကယ်ကြောက်မိ
မင်းရဲ့ကလိမှုတွေ။
အချစ်သရဲမရေ။
Tuesday, 21 May 2013
ဘလော့ဂါသူငယ်ချင်းတွေအတွက် နာရီအလန်းလေးတွေရမယ်ဗျာ
ကဲသူငယ်ချင်းတို့ ရေ သူငယ်ချင်းတို့ ရဲဘလော့လေးမှာ နာရီလေးတေါအလှဆင်ဖို့ အတွက်မျှဝေ
လိုက်ပါတယ်နော် ကျနော်နာရီ ဆယ်မျိုးလောက်ပေးပါမယ် လိုချင်တာလေးတွေယူလိုက်ပေါ့နော...
ကျနော်လင့်လေးတွေနဲ့ ပုံနဲ့ လေးတွေနဲ့ ပေးပါ့မယ်။ အောက်ကပေးထားတဲ့ လင့်ထည့်ရမည့်နေရာမှာ
မိမိနှစ်သက်တဲ့ နာရီကလင့်လေးတွေကိုထည့်ပေးရပါမယ်နော်။
 <div class="noop-clock">
<embed
src=ဒီနေရာမှာလင့်ထည့်ပါ
 width=200 height=200 wmode=transparent
type=application/x-shockwave-flash></embed>
</div>
ဒီကုဒ်ကိုcopyယူပါ လင့်ထည့်ရန်နေရာမှာမိမိနှစ်သက်ရာနာရီကလင့်ကိုထည့်ပါ။
မိမိဘလော့ ကို sign in>>desing>>layout>>add gatged>>html/javascript မှထည့်ပါ။
အဆင်ပြေမ်ာလို့ မျှော်လင့်ပါတယ်။ 
၁။ http://www.fzwp.com/flash/shizhong/clock6.swf
အချစိတ်ဖြင့်ကြည့်မြင်ခြင်း
ငါတို့ရဲ့လမ်း ဒီမှာပဲခွဲထွက်လိုက်ကြပါစို့
 အဆုံးသတ် တမ်းတမျှော်လင့်ချက်တွေလည်းဆုံးပြီ….
 သူ့ရဲ့……အတောင်ပံတွေကိုလည်း ကိုယ်တိုင်ရိုက်ချိုးခဲ့ပြီ….
 သောင်ပြင်ပေါ်က ခြေရာတွေရဲ့ အလွမ်းတွေဟာ
 ဒီရေမတက်ခင်ထိတော့ ရှိနေမှာပါ 
မချစ်လို့တော့မဟုတ်ဘူး 
ဆက်လျှောက်လှမ်းဖို့ ခြေထောက်တွေက အားအင်မရှိ….
 ဘ၀ကနိမ့်လို
့ 
စိတ်တော့မြင့်မြင့် ထားပါရစေ
 ထမင်းရည်သောက်တာလည်း…မကြည့်ရက်ဘူး
 တဲအိုပျက်မှာနေတာလည်း …မကြည့်ရက်ဘူး
 ရယ်သံများကြား ငိုကြွေးနေမှာကို ပိုတောင်မကြည့်ရက်ဘူး 
အဲဒီလိုကြိတ်မှိတ်ခံစားရင်း ဟိုး….အဝေးဆီမှာတော့ 
 တိမ်တွေထွန်းလင်းတောက်ပနေလိမ့်မယ်…။
Sunday, 19 May 2013
ချစ်သူအတွက်အမှာစာ
ဝေးနေတဲ့အချိန်း......
အမြဲသတိရနော်....
သတိရတိုင်းမတွေ့ရချိန်မှာ.....
ရင်ခုန်သံတွေပြန်ကြားယောင်နော်.....
ရင်ခုန်သံတွေမကြားနိုင်ချိန်မှာ....
အိပ်မက်တွေထဲထည့်မက်နော်.....
အိပ်မက်တွေထဲမပါနိင်ချိန်မှာ.....
မသိစိတ်ထဲကလွမ်းနေပါနော်.....
လွမ်းနေတဲ့အချိန်တိုင်းလည်း.....
တိုးတိုးပြီးချစ်နော်....
ငါတို့နှစ်ယောက်ဝေးနေတဲ့အချိန်မှာ.....
အရင်ကထက်သစ္စာရှိပေးပါနော်.....။
(ဝေးကွာချစ်သူများသို့)
Saturday, 18 May 2013
facebookမှာ စာသားအပြာရောင်နဲ့ ရေးကြမယ်
သူငယ်ချင်တွေစိတ်ဝင်စားမယ်ထင်လို့ ပြန်တင်ပေးလိုက်ပါတယ်နော်....
facebookမှာ statusကိုစာ သားအပြာရောင်နှင့်ရေးချင်သူအတွက်ပါ။
လိုချင်တဲ့သူ လုပ်ချင်တဲ့သူတွေက အောက် အနီရောင်ကုဒ်လေးကို သိမ်းထားရပါမယ်နော် 
ဒါမှရေးတဲ့ အချိန်တိုင်း...သုံးလို့ ရမှကိုး....
သုံးနည်းကလွယ်လွယ်လေးပါ....ststus တစ်ခုရေးတော့မယ်ဆိုရင်...မိမိရေးချင်တဲ့ စာသားတွေကို
အောက်ကကုဒ်ထဲမှာပေးထားတဲ့ စာသားဒီနေမှာပြောင်း ဆိုသောနေ၇ာတွင်ထည့်ပေးရမှာပါ....
 ဒီလိုဗျာ....ကုဒ်ကိုcopyယူလိုက်...ပြီးရင်..ရေမည့်status boxထဲမှာpasteချလိုက်..
ပြီးရင် စာသားဒီနေရာမှာပြောင်း  ဆိုတာကိုဖျက်လိုက်ပါ...အဲနေရာ မိမိရေးချင်တဲ့စာသားထည့်လိုက်ပါ....
ဒါဆို...post..လုပ်လိုက်ရင်  အပြာရောင်စာသားလေးတွေရပါပြီ....
@[1: ]@@[1:[0:1: စာသားကို ဒီနေရာမှာပြောင်း ]]
အဆင်ပြေပါစေဗျာ.....
ဘလော့မှာ youtube ကသီချင်းတွေကို တိုက်ရိုက်ပွင့်အောင်တင်ချင်လျှင်
 ကျနော့်သူငယ်ချင်းတွေအတွက် youtube ကသီချင်းတွေ ဟာသတွေ ဇာတ်လမ်းတွေကို
သူငယ်ချင်းတို့ ရဲ့ဘလော့မှာ တိုက်ရိုက်ပွင့်အောင် တင်ပေးချင်တယ် ထားချင်တယ်ဆိုရင်
အဆင်ပြေနိုင်တဲ့နည်းလမ်းလေးကျနော်ပြန်လည်မျှဝေလိုက်ပါတယ်နော်....
ကျနော်ပုံလေးတွေနဲ့ ပြထားပါတယ်။သိပြီးတဲ့သူငယ်ချင်တွေလည်းရှိမှာပါ။မသိသေးတဲ့သူတွေက
ဆက်လက်ကြည့်လိုက်ပါနော် ..လုပ်နည်းကလွယ်ပါတယ်။
               ကဲစလုပ်ကြရအောင်ဗျာနော့...........အဆင့်(၁)။မိမိတင်ချင်တဲ့ သီချင်း၊ဇာတ်လမ်း၊ဟာသကို
youtubeမှာတွေ့ ပြီ ဆိုရင် အောက်ကfigure(1)ပြထားတဲ့နေရာက shareဆိုဆာဆလးကိုနှိပ်ပါ။တစ်ချက်ကလစ်ပါ
                                                     figure(1)
ကဲနောက်တစ်ဆင့် ကြည့်ရအောင်...အဆင့်(၂)။ shareကိုနှိပ်ပြီးချိန်မှာ နောက်ထပ်
အဆင့်လေးတိုးလာတာကို တွေ့ ရပါမယ်။ထိုတိုး၍လာတဲ့ အဆင့်ထဲကမှ figure(2)မှာပြထားတဲ့အတိုင်း
Embedဆိုဆာလေးကိုနှိပ်ပါ ။တစ်ချက်ကလစ်ပါ။
                                                    figure(2)
နောက်တစ်ဆင့် ...အဆင့်(၃)Embed ကိုနှိပ်လိုက်တဲ့အခါ့ HTML ကုဒ်လေးကို
လေးထောင့်ကွက်ထဲမှာ အပြာရောင်လေးနဲ့ တွေရပါမယ်။အဲဒီကုဒ်ကို copyယူပြီး
မိမိဘလော့တင်လျှင် Compose နဲ့ HTMLနှစ်ခုရှိတဲ့အထဲက HTMLကိုရွေးပြီး copy
ယူထားသောကုဒ်ကိုထည့်ပါ။ ထို့ နောက်မိမိ ရေးလိုသောစာများအား Composeကိုပြန်ရွေး
၍ ရေးသားနိုင်ပါသည်။
                                                   figure(3)
အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။။။လေးစားလျှက်......
လေ့လာရင်းတွေ့ တာလေးတွေပြန်လည်မျှဝေနေသူလေး
window 8သုံးသူများအတွက် start menu လေးရပီနော် (သုံးရတာလွယ်ကူအောင် ဆွဲထားလိုက်နော်)
ကဲဒီတစ်ခါတော့ window 8သုံးတဲ့သူငယ်ချင်းတွေ သုံးရတာသိပ်အဆင်မပြေကြသူတွေအတွက် start menuလေးရပါပြီဗျာ
သုံးရတာအဆင်ပြေအောင် ဆွဲလိုက်နော....
ကဲလိုအပ်သူများဒီမှာဒေါင်းလိုက်ပါနော်
http://lee-soft.com/vistart/windows-8-start-menu-update-vistart-8.1.html
အဆင်ပြေကြပါစေနော.........
ရင်ခုန်ရဲ့ ကဗျာ စာလေးတွေကို အားပေးကြတာကျေးဇုးတင်ပါတယ် ရင်ထဲကခံစားချက်လေးမျာနှင့်တိုက်ဆိုင် ကွန်မန့် လေးရေးသွားနော် ကွန်မန့် လေးတွေက စာရေးသူအတွက်အားဆေးပါ။ရင်ထဲကရှိတဲ့ အတိုင်းလည်းဝေဖန်နိုင်ပါတယ်ခင်ဗျ
Friday, 17 May 2013
အဖြူရောင်သူငယ်ချင်း
အဖြူရောင်စာရွက်လေးတစ်ရွက်
အသိတတ်စ ငယ်ဘ၀မှာ
သူငယ်ချင်းတစ်ယောက်
ပေးခဲ့ဖူးတယ်။ ။
"ကကြီး ခခွေး ငါတို့ရေး
Aရယ် Bရယ်တို့ရွေးချယ်
ပညာတတ်ကြီး ဖြစ်ဖို့ကွယ်
ဆရာကြီးလည်း လာခဲ့ပါ
ဆရာမကြီးလည်း လာခဲ့ပါ
စာတွေရတဲ့ ဒီနေ့မှာ
သားသားလေးကို မုန့်ကျွေးပါ "တဲ့
မျက်ရည်တွေ တစ်ဝေ့ဝေ့လည်
အတွေးအိမ်ထဲ
မျက်နှာငယ်နေတဲ့ သူငယ်ချင်း
မင်းကို ငါ သတိရတယ်ကွာ။ ။
ခွဲခွါခြင်း လမ်းဆုံးမှာ
မျက်ရည်တစ်ခုသာ
လက်ဆောင်ပေးနိုင်တဲ့
ငါ့ကိုယ်ငါ
နာကျည်းမိသလို။ ။
အတိတ်ပုံရိပ်ကို
စာစုတစ်ခုလို စုပုံရေးသားခဲ့တဲ့
မင်းအတွက်တော့ တန်ဖိုးကြီးတာပေါ့။ ။
ဒါပေမယ့်…
ငါငိုတာ… သံယောဇဉ်
မင်းပေးတဲ့ စာရွက်ကလေးက
အသိတရား တစ်ခုရဲ့ အစ။ ။
အလှမ်းတွေဝေးကွာ
နံရံတွေခြား တံတိုင်းတွေများ
ရေပြင် သစ်တောများစွာက
သူငယ်ချင်း… မင်းနဲ့ငါ့ကို
ပြန်ဆုံဖို့ရာ စောင့်ပါအုံးလို့
နေ့တိုင်း လာလာပြောနေသလို။ ။
ငါ့မေးလ်ထဲကို ပို့ ပို့လာတဲ့
မင်းဓါတ်ပုံတွေ စားသားတွေက
စာရွက်လေးထက် ရင့်ရော်နေပါလား။ ။
မင်းဓါတ်ပုံကို ကိုင်ကြည့်နေတဲ့
ငါ့လက်ကို ငါပြန်ကြည့်လိုက်တော့
အိုမင်းခြင်းထဲ စမျောနေပါလား။ ။
ချစ်သော သူငယ်ချင်းရေ…
ငါတို့ နှစ်ယောက် ခွဲသွားရတဲ့ သက်တမ်းတွေက
ငါတို့ရဲ့ လက်ရှိကို ဖေါ်ပြနေကြပြီ။ ။
ငါတို့နှစ်ယောက်ရဲ့ သံယောဇဉ်တွေကို
အိုဟောင်းနေတဲ့ အဖြူရောင် စာရွက်လေးက သိသလို
ငါ ငိုထားတဲ့ မျက်ရည်ကကြိုးစကို ရှည်စေတယ်။ ။
ပြန်လာပါတော့ သူငယ်ချင်းရာ
ငါတို့ အတူတူ အိုမင်းရအောင်လို့။ ။
Thursday, 16 May 2013
မြတ်ဗုဒ္ဓ၏ကိုယ်ပိုင် အင်တာနက်
ယနေ့ ကမ္ဘာကြီး၌ အိုင်တီနည်းပညာသည် လျင်မြန်သော အဟုန်ဖြင့် တိုးတက်လျက်ရှိရာ
international network (internet) ဆိုသည့် အပြည်ပြည်ဆိုင်ရာ ကွန်ရက်ချိတ်ဆက်မှုဖြင့်
ကမ္ဘာကြီးတစ်ခုလုံးကို ရွာလေးတစ်ရွာအလား ထင်မှတ်ရလောက်အောင် ကမ္ဘာ့အရှေ့ ခြမ်းမှ အနောက်ခြမ်းသို့
E- mail ဖြင့်သော်လည်းကောင်း၊ G talk, VZO chat, Yahoo messenger, Skype စသည်တို့ဖြင့်
ချက်ခြင်းပင် webcam နှင့် ရုပ်မြင်၍ဖြစ်စေ၊ စာရိုက်၍ဖြစ်စေ၊ အသံဖြင့်ဖြစ်စေ ဆက်သွယ်၍
ရနေပါပြီ ဖြစ်ပါသည်။ ထို့ကြောင့် ရှေးယခင်က ကမ္ဘာကြီးသည် အလွန် ကျယ်ဝန်းသည်ဟု ဆိုရသော်ငြားလည်း
ယနေ့ အိုင်တီခေတ်ကြီးတွင် အလွန်ကျဉ်းမြောင်းသွားလေပြီ ဟု ဆိုရပါမည်။
တစ်ခါက ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် (internet connection) ရက်ပိုင်းလောက်
ပြတ်တောက်သွားရာ သူ၏ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် အဆက်အသွယ်
ပြတ်တောက်ခဲ့ရသည့်အတွက် Internet မရှိလျှင် သူ့အတွက် အဆင်ပြေမှု မရှိသည့်အပြင်
စီးပွားရေး အဆက်အသွယ် ပြတ်တောက်ကုန်တော့မှာ ဖြစ်သည့်အတွက်ကြောင့် internet မရှိလျှင်
သူ့တွင် အလွန်နစ်နာကြောင်း၊ ပြောဆိုခဲ့ဖူးပါသည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် ယနေ့ခေတ်၌
လူသားများအတွက် Internet သည် အလွန်အရေးပါ အရာရောက်သည့်အပြင် မရှိမဖြစ် အလွန်လိုအပ်သော
အရာတစ်ခုအဖြစ်လည်း သက်သေခံနေပေသည်။
အကယ်၍ လူသားတို့အတွက် အင်တာနက်(Internet) သည် မရှိမဖြစ် လိုအပ်နေသော အရာတစ်ခုဖြစ်နေပြီဆိုလျှင်
လွန်ခဲ့သော ထောင်စုနှစ် နှစ် ခုကျော်တုန်းကလည်း အင်တာနက်(Internet) ကို လိုအပ်လိမ့်မည်
ဟု တွေးတောစရာပင်ဖြစ်သည်။ အကြောင်းမှာ ထိုခေတ်တုန်းက အင်တာနက် မပေါ်ပေါက်သေးချေ။ သို့သော်လည်း
အင်တာနက်ထက် အဆပေါင်းများစွာ စွမ်းရည်မြင့်မားပြီး လောက၌ မည်သည့်အရာနှင့်မျှ တုနှိုင်းမမီသော
အရာတစ်ခုကား အမှန်တကယ်ဖြစ်ပေါ်ခဲ့လေသည်။ ထိုအရာကား တစ်ခြားမဟုတ်၊ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတရွှေ
ဥာဏ်တော်ကြီးပင် ဖြစ်ပါသည်။ ယနေ့ခေတ် အင်တာနက်၏ ဆက်သွယ်နိုင်သော ဧရိယာမှာ ကမ္ဘာတစ်ဝန်း
လောက်မျှသာ ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ သဗ္ဗညုတရွှေဥာဏ်တော်သည် ဤကမ္ဘာမျှသာမက စကြာဝဠာ ကမ္ဘာပေါင်းများစွာသို့လည်း
ဆက်သွယ်နိုင်ပါသည်။
Followers