အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Wednesday, 26 December 2012

တို့လည်းလိုက်မယ် ချန်မထားနဲ့

ဟိုရှေ့ကခရီးသည်

အဘယ်ရပ်သို့သင်သွားမယ်

သင့်မှာသယ်လာဘယ်အရာ

ပါခဲ့ပါသလဲဗျာ.....

ကျွန်ုပ်ထံမှာဘာမပါ

လက်ချည်းဗလာသာ

လက်ဗလာချည်းသည်ခရီး

အသင်လိုက်၍မရပါ.....

ဟိုဘေးကခရီးသည်

အဘယ်ရပ်သို့သင်သွားမယ်..

သင့်မှာသယ်လာဘယ်အရာ

ပါခဲ့သလဲဗျာ....

ကျွန်ုပ်ထံမှာဘာဝနာ

ဒါနသီလပါပေတာ

သင်သယ်လာရာပြည့်စုံတာ

ဤဖောင်စီး၍လိုက်ခဲ့ပါ....

ဤဖောင်နာမမဂ္ဂင်ဗျ

လိုက်ပါလိုကအထုပ်ပြင်

အပုပ်စင်တဲ့နိမ္ဗာန်ခွင်

ရောက်စေချင်ပါလျှင်....

လေးစားလျှက်

ရင်ခုန်ရသူ

Monday, 24 December 2012

(ငိုခဲ့ဘူးသော)မျက်ဝန်းထက်ကမျက်ရည်များ

ဝေဒနာဟောင်း ပြန်ပြောင်းတမ်းရ

မီးစလိုပူ အလွမ်းဟူသည်

ဆွေမညီပဲတသဲသဲဝင်

တလိပ်လိပ်ဆင်း တစ်သင်းမျက်ရည်

ချစ်နယ်ဆီမှန်း မှုန်သမ်းဝေဝါး

အသဲတခါး ချက်ချထားဖို့

ခွန်းအားတို့နဲကြေကွဲရင်းသာ။

တို့ရဲ့ခြေရင်း မြစ်တစ်စင်းလို

အနာဂါတ်ကို ဝါးမျိုမလို

မှုန်ရိုနေပြီ ဖြေမဆည်နိုင်

ရွှေလည်တိုင်ငယ် ယိုင်လည်လည်မို့

မကျက်သေးတဲ့ လွမ်းခဲ့ဒဏ်ရာ

အဖြေရှာဆဲလောကထဲမှာ

ပေါ်လာတစ်ဖန် ဒုတိယမ္ပိ

နှစ်ထပ်ရှိမှ သိရလေပြီ

တို့မျက်ရည်များ ပင်လယ်ဆီသွား။

လေးစားလျှက်

ရင်ခုန်ရသူ

Wednesday, 19 December 2012

ဘဝအမြင်

ဘဝဆို တာကျနော်တို့ ဖြစ်ခဲ့တာတွေရော ဖြစ်နေတာတွေရော အားလုံးကို ပြောတာပါ။

ဘဝဆိုတာ အလွန်ပင်တိုတောင်းလှတယ်လို့ ကျနော်တို့  ဘုရားရှင်က ဟောထားပါတယ်။

ဒါကြောင့်ကျနော်အနေနဲ့  ဘဝဆိုတာကို ဇာတ်သဘင် တစ်ခု ကပြဖျော်ဖြေနေသည်ဟု မြင်ပါတယ်။

ဘဝမှာ ကန့် လန့် ကာ စဖွင့်ချိန် ကစလို့  ကျရာနေရာ အခန်းကနေ ဝင်ရောက် လှုပ်ရှားနေကြရပါတယ်။

လူရွှင်တော်နေရာမှာ ရောက်နေသူဟာ ပရိတ်သတ်ကို ရယ်မောအောင် ပြောရဆိုရပါတယ်။

ပရိသတ်နေရာမှာ ရှိနေသူမှာလည်း ရယ်စရာတွေ့ ကရယ်၊ပြုံးစရာတွေ ကပြုံး၊မဲ့ရမည့်နေရာမဲ့၊

ငိုရမည့်နေရာငိုရပါတယ်။ဒီလိုမှ ပရိတ်သတ်ပီသပါပေလိမ့် မယ်၊လူရွှင်တော်ပီသပါပေလိမ့်မယ်။

ဘဝမှာလည်း ပွဲကြည့်ပရိတ်သတ်ဆိုလျှင် ငိုတတ်၊ရယ်တတ်၊ပြုံးတတ်၊မဲ့တတ်ဖို့ လိုတယ်။

ဘဝမှာ ခေါင်းဆောင်မင်းသားနေရာမှာကျလျှင် မင်းသားကောင်းတစ်လက်ဖြစ်ဖို့ ကြိုးစား ကပြရပါတယ်။

ဘဝမှာလည်း ခေါင်းဆောင်နေရာရောက်လျှင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ လို အပ်ပေတယ်။

ဒါရိုက်တာမှာလည်း သူလိုချင်တဲ့ပုံစံကို သူ့ ရဲ့ဇတ်မှာပါဝင်တဲ့ ကပြဖျော်ဖြေသူတွေကို ပြောပြ ညွှန်ပြရပါတယ်။

ဘဝမှာလည်း ညွှန်ကြားသူနေရာရောက်လျှင် စနစ်တကျ ပြောတတ် ဆိုတတ်၊စီစဉ်တတ်ရန်လိုအပ်ပေသည်။

နှစ်ပါးအကမှာ နှစ်ယောက်က,မှပြီးမြောက် အောင်မြင်သလို ဘဝမှာလည်း အများဖြင့်လုပ်မှ ပြီးမြောက်အောင်မြင်တာတွေရှိပါတယ်။

ဒါကြောင့် မိမိဘဝမှာ ကျရာနေရာကနေ အကောင်းဆုံး လုပ်ဆောင်တတ်ဖို့ ၊လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

အရန်မင်း သမီးနေရာရောက်သော် ခေါင်းဆောင် မင်းသမီး၊မင်းသားကို အကောင်းဆုံးပံ့ပိုးတတ်မှ

အရန်ကောင်းတစ်ကောင်းတစ်ယောက်ဖြစ်နိုင်တယ်။ဘဝမှာလည်း ပံ့ပိုးရာနေရာရောက်လျှင် အကောင်းဆုံး ပံ့ပိုးနိုင်ရမယ်။

ဆိုင်းဆရာနေရာရောက်လျှင် ကပြသူနှင့်အတူ ဟန်ချက်ညီညီတီးခတ်တတ်၊တီးခတ်နိုင်ရန်လို အပ်ပေသည်။

ထို့ နောက် ဘဝဆိုတာ အားကစားသမားလို  ဘောလုံးအသင်းမှာအများဖြင့် ကစားကြရသည်နှယ်၊

ဝိတ်မ,သမားတစ်ယောက်လို လေးလံသော အရာကို တစ်ယောက်တည်း မ,ရသည်လည်းရှိပေသည်။

ဘဝဆိုတာ စစ်တုရင်ကစားပွဲလို ဘေးထိုင်နေရတဲ့အခါရှိသလို ဝင်ပါလိုက်ရသောအခါများလည်းရှိလေသည်။

ဘဝဆိုတာ ဘင်ခရာ ဝိုင်းသမားတစ်ယောက်လို ဘင်ခရာလို အုန်းဒိုင်းကျဲတီးခတ်ရတာ ရှိသလို ၊ဝီစီလေးလို

တရွှီရွှီနဲ့ အေးအေးညင်သာ မှုတ်ရတာလည်းရှိလေသည်။ဘဝဆိုတာ ညဘက်ရှိသလို နေ့ ဘက်လည်းရှိလေသည်။

ဘဝဆိုတာ အရက်သမားတစ်ယောက်ကပြောသလို ဘီယာလိုများများသောက်မှမူးတတ်တာရှိသလို

ဝီစကီလို နည်းနည်းလေးသောက်တာနဲ့ မူးတတ်တာလည်းရှိပေသည်။ဘဝတိုတာ

ဘာမှမလုပ်ပဲဝေလေလေလုပ်နေလျှင် ဘာမှဖြစ်မလာပဲ ဝါးတားတားအဖြစ်နဲ့ သာလျှင် နိဂုံးချုပ်ရတတ်လေသည်။

ဘဝဆိုတာ ဘာမှဖြစ်မလားသေးတာကိုမျှော်လင့်နေရန်မလိုပါ။လက်ရှိ အချိန်မှာ အကောင်းဆုံးဖြစ်အောင်

ပါးနပ်စွာလုပ်ဆောင်တတ်ရန်သာလို အပ်အပ်ပေ သည်။ ဘဝဆို တာ ပညာတတ်တစ်ယောက်ရဲ့ စကားလို

ဘွဲ့ တစ်ခုရဖို့  ဝရိယ၊ဇွဲ၊လုံ့ လတို့ ဖြင့် စုပေါင်း အားထုတ်ရပေသည်။

ဒါကြောင့် ဘဝဆိုတာ အမျိုးမျိုး ရှိပေသည်။သူငယ်ချင်းတို့ လည်း သူငယ်ချင်းတို့ ကျရာနေရာကနေ

သူငယ်ချင်းတို့ ဘဝတွေကို အကောင်းဖြစ်အောင် နေထိုင် သင့်ပေသည်။

မိမိဘဝကို မိမိသာလျှင် ဖန်တီးနိုင်ပေသည်။

အကောင်းဆုံး ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

လေးစားလျှက်

ရင်ခုန်ရသူ

Monday, 17 December 2012

ရွှေမြို့တော်မှ ကျနော်နှင့် သူငယ်ချင်းများ(ဟာသ)

ကျနော်ရင်ခုန်ရသူသည်အသက်က၂၅ရည်းစားကဗလာနတ္ထိ

ယင်မတောင်မသန်းသေးသောလူပျိုရေမရောလေးပါ။

ကျနော့မှာအဒေါ်တစ်ယောက်ရှိတယ်။အခုချိန်ထိမစွံသေးတဲ့အဒေါ်ပါ။

ကျနော်လည်းမျိုးရိုးလိုက်မယ်ထင်တယ်။ကျနော့အဒေါ်ကရှင်းသန့်မေလို့လူသိများတဲ့

ကုမ္ပဏီပိုင်ရှင်သူဌေးမလေးပါ။မြှောက်ထားတာပြီးရင်ဖိရမှာမို့

သူကကျနော့ကိုချစ်ရှာသည်အလိုလိုက်သည်။

ကျနော်ကလည်းသိသိနဲ့ဆိုးတတ်သည်။

တစ်နေ့ကျနော့သူငယ်ချင်းငလွမ်း(လွမ်းသစ္စာ)ရောက်လာတယ်။

ရင်ခုန်းးးးးးးးမင်းကိုမေးစရာရှိတယ်
မေးလေဘာများလဲ
ငါ့ကောင်မလေးကလက်ထပ်ဖို့ပြောနေတယ်
ပြောယူလိုက်ပေါ့ကွ
ယူတာကဟုတ်တယ်အိမ်ကသဘောမတူဘူးကွ
မင်းအိမ်ကမင်းကိုသူနဲ့သဘောမတူဘူးဟုတ်လား
အင်းကွ
ဒါဆိုခိုပြေးလေကွာ
အော်မေ့နေတယ်လွမ်းရဲ့ကောင်မလေးက
ဘယ်လောက်အေးမလဲမသိဘူး
မီးသခင်တဲ့

အဲတာငါ့ကိုကူညီနိုင်မလား
ငါကဘယ်လိုကူညီရမှာလဲ
သူ့ကိုသွားခိုးပေး

ဟားးးးးမင်းသွားခိုးလေငါအဖော်လိုက်ပေးမယ်

်ကောင်မလေးကလိုက်မယ်ပြောတယ်မို့လား

အင်း.....်

ဒါဆိုသွားခေါ်လေ
ငါကြောက်တယ်

မင်းဘိုးအေတဲ့..မိန်းမတော့လိုချင်တယ်...ခိုးရမှာတော့ကြောက်တယ်...တယ်လည်းတရားပါပေတယ်ငလွမ်းးးးး

လုပ်ပါကွာကူညီပါနော်

အင်းပါငါကူညီပါ့မယ်..ငယ်ပေါင်းတွေမို့ကျနော်လက်ခံလိုက်သည်။

ဘယ်နေ့သွားခေါ်ရမှာလဲ
မနက်ဖန်ည

*+*+*+*+*+*+*

ဒီလိုနဲ့ခိုးပေးရမည့်ညရောက်လာသည်။
အဲအချိန်ကလည်းသန်းခေါင်ကျော်ပြီမို့
ကျနော့လုပ်ငန်းစရတော့သည်။
အဲ...ကျနော်လည်းကောင်မလေးကို
ဘယ်အသံနဲ့အချက်ပေးမလဲစဉ်းစားလိုက်သည်။
အားဟုတ်ပီ...ခွေးလိုအော်မယ်
သူများအတွက်ခိုးမှခွေးပါလုပ်ရသည်။

"အူး...ဝုတ်...ဝုတ်....,ဝုတ်"
အဲ..မီးဖွင့်ပီဟ..လာပီထင်တယ်

ဂျလောက်(တခါးဖွင့်သံ)
အဲသေချာလှမ်းကြည့်နေရသည်။

ထွက်လာသည်က"မီးသခင်"မဟုတ်
သူ့အဖေကိုအောင်ထက်

ဒီညမှဘယ်ကခွေးလေခွေးလွင့်တွေဒီလောက်အော်နေတာလဲမသိဘူး

အဲလိုပြောပြီးအထဲပြန်ဝင်သွားသည်။
ကျနော်လည်းပြန်အူရသည်။

ကိုအောင်ထက်ကြီးပြန်ထွက်လာသည်။

ဟာ.....ဒီခွေးတွေတော့မဟှတ်တော့ပါဘူးးးးး
ပြောရင်းနဲ့ကျနော်ရှိရာကိုတည့်တည့်ကြီးလာနေသည်။

သစ်ပင်လေးကိုကွယ်ကာကျနော်နေရသည်။ဒါပေမဲ့
အိပ်ချင်မူးတူးနဲ့ကိုရွှေချောကြီးရောက်လာသည်။
လရောင်ကလဲတိမ်ဖုံး၍မှောင်ရီရီဖြစ်နေသည်။

အဲ...အနားရောက်တော့မောင်မင်းကြီးသားက
ပုဆိုးလေးအသာလှန်ကာ
ရှူရှူးပေါက်တော့သည်။

ဟင်း...နံလိုက်တာဘယ်ထဲကအောင်းထားလဲမသိဘူး

ကျနော့တစ်ကိုယ်လုံးလည်းရေပုံးသွန်ချထားသလိုစိုရွှဲနေတော့သည်။

.အဲ..ကိစ္စပြီးသွားတော့အိမ်ပေါ်ပြန်တက်သွားရှာသည်။ကျနော်လည်းဆက်အူရမှာသည်။

ဒီခါခွေးသံမမှန်နိုင်တော့နှာခေါင်းလေးအသာပိတ်ကာ

"အအူ..ဝူး...ဝူး"

မီးလေးဖွင့်လာည်။ဟိုသိုလှောင်အိုးကြီးအခန်းကမဟုတ်တော့ပါ။

အဲ...မရွှေချော
ခုမှလာတယ်

ကိုရင်ခုန်
ဘာလဲ
နံလိုက်တာ
ကဲ.,..နံတာမနံတာအသာထား
လာအချိန်းမရှိတော့ဘူးသွားမယ်။
ဟုတ်ကဲ့

ခိုးတဲ့ကိစ္စကတော့မရှုမလှနဲ့ကျနော်ကူညီအောင်မြင်ခဲ့ပါသည်။

*+*+*+*+*+

ဒီလိုနဲ့သဘောမတူသော်လည်းမိဘတို့ဝတ္တရားအရ
မင်္ဂလာပွဲကိုပြုလုပ်ပေးခဲ့ပါသည်။

မင်္ဂလာရက်ရောက်တော့ဖိတ်ကြားထားတဲ့လူတွေကအသီသီရောက်လာကြသည်။

အဲ....ကျနော့်အဒေါ်အန်တီရှင်းလဲရောက်လာသည်။
လူပျိုကြီးကိုမှော်ဆရာကလည်း
မြန်မာမှုတယ်မြတ်နိုးတယ်ထင်သည်။

တောင်ရှည်၊တိုက်ပုံ၊ကျက်သရေခေါင်းပေါင်းနဲ့ခန့်ခန့်ကြီးရောက်လာသည်။

အဲ...သူလဲရောက်လာရောမီးသခင်ရဲ့ဦးလေး
ကိုတတိုင်းမွှေးကဘိတ်သိပ်ဆရာကြွလာတယ်ဆိုပြီး
မင်္ဂလာပွဲချီးမြှောက်ဖို့စတိတ်စင်ပေါ်ခေါ်အသွား
ဘိတ်သိပ်ဆရာအစစ်ရောက်လာကာကိုမှော်ဆရာကို
သူ့နေရာလုတယ်ဆိုပြီးစကားများနေတော့သည်။ဒီတော့မှကိုအောင်ထက်ရောက်လာကာ
ရှင်းပြမှအဆင်ပြေသွားသည်။

ကိုမှော်ဆရာလည်းရှက်ရှက်နဲ့အန်တီရှင်းရဲ့စားပွဲမှာဝင်ထိုင်လိုက်သည်။
ထိုအချိန်မှာအန်တီရှင်းရဲ့ငယ်သူငယ်ချင်း
အန်တီမေသဇင်ရောက်လာကာ

"ရှင်းရယ်သူများမင်္ဂလာပွဲပဲတက်နေတော့မှာလား၊တို့ဆိုကလေး၂ယောက်ရပီ
ဘာတွေစဉ်းစားနေတာလဲရှင်း
ဘေးမှာလည်းအရန်သင့်ရှိနေရဲ့သားနဲ့"
".ဟဲ့...မေမဟုတ်ပါဘူး"

"အပျိုကြီးရှက်မနေပါနဲ့နော့အကိုရယ်"ဟုကိုမှော်ဆရာကိုလက်တို့ရင်းပြောလိုက်သည်။

လူပျိုကြီးကလည်းဘာမသိညာမသိနဲ့"ဟုတ်ကဲ့"တဲ့

နဂိုကမှရှက်တတ်တဲ့အပျိုကြီးက"ဘာဟုတ်ကဲ့လဲရှင်က"

အန်တီမေကထိုင်ရာမှထရင်း"ကဲ...ဒီစုံတွဲရန်ဖြစ်မနေပါနဲ့"ဟုပြောကာနှုတ်ဆက်ပြန်သွားလေသည်။

လူပျိုကြီးလည်းညစ်ညစ်နဲ့ထထွက်လာသည်။
အပြင်ရောက်တော့သူ့ကားနဲ့ဆင်တူသည့်အန်တီရှင်းကားပေါ်ကို
သူ့ကားထင်ကာတက်အိပ်နေသည်။

အပျိုကြီးလည်းပြန်မယ်ဆိုပြီးထွက်လာသည်။
ကားထဲအဝင်နောက်ခန်းထဲမှာနှစ်ခြိုက်စွာအိပ်နေသောလူပျိုကြီးရဲ့

ဟောက်သံကျယ်ကျယ်ကိုကြားလိုက်ရသည်။

"ဟင်...ဒင်းကငါ့ကားထဲဝင်ပြီးဇိမ်ကျနေတယ်"

ဒီမှာဒီမှာ
ဘာလဲဗျဇိမ်ပျက်တယ်

ရှင်ကျမကားထဲဝင်ပြီးဘာခိုနေတာလဲ

ဘာဗျ

ဟုတ်တယ်လေ

ရုတ်ရုတ်ဖြစ်လာသည်။ဘိတ်သိပ်ဆရာပါရောက်ကာ

"ဟုတယ်ဒီလူစောစောကကျုပ်နေရာဝင်လုတယ်"

လူပျိုကြီးလည်းအားကိုရာမဲ့နေချိန်
ကိုအောင်ထက်ကြီးလာတော့မှ
အသက်ရှူပေါက်ရသွားသည်။

အပျိုကြီးလည်းစိတ်တိုတိုနဲ့ကားတခါးကိုပိတ်လိုက်ရာ
ကိုမှော်ဆရာရဲ့တောင်ရှည်စ
ညှပ်ပါသွားသည်။
အပျိုကြီးလည်းကားကိုဖြေးဖြေးထွက်သွားရာ
လူပျိုကြီးလည်းသုံးပတ်လောက်လည်ကာ
တောင်ရှည်ပါသွားသည်

တောင်တိုဖြင့်သာလူအုပ်ထဲကျန်ခဲ့တော့သည်။

အမတ်ကြီးပေါ်ဦး ယမမင်းထံ အစစ်ခံ သံပေါက်

ယမမင်း ထံ အစစ်ခံရခြင်း

၁။ အိုကွဲ့ ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။ ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

၃။ အမောင်ယောက်ျား၊ သတိထား၊ စဉ်းစားပါဦးကွယ်။ ဗုဒ္ဓမြတ်စွာ၊ သာသနာ၊ မထွန်းပါလားကွယ်။ ကျွန်တော်တို့ရွာ၊ သာသနာ၊ ထွန်းလှပါတော့တယ်။

၎။ ပဗ္ဗဇ္ဇိ၊ ဒုလ္လဘ၊ မရခဲ့လားကွယ်။ သာသနာစက်၊ ရဟန်းဘက်၊ စိတ်မျှ မကွက်တယ်။

၅။ ရဟန်းဖြစ်မှာ၊ မင်းဆရာ၊ မဟောပါလားကွယ်။ ကျွန်တော့်ဆရာ၊ ဟောပြရှာ၊ နားမှာမဝင်တယ်။ ကျွန်တော့်စိတ်မှာ၊ သည်အခါ၊ ရွာသာ ရောက်တော့တယ်။

၆။ ယောက်ျားစစ်ပ၊ လှလှရ၊ မင်းဘဝကို နှမြောတယ်။ လူတို့ပြည်ရွာ၊ အမောင့်မှာ၊ ဘာများလုပ်ခဲ့တယ်။ ကျွန်တော်မယား၊ စားဖို့များ၊ ကြိုးစား လုပ်ခဲ့တယ်။

၇။ အမောင်,အမောင်၊ ယောင်တောင်တောင်၊ အမောင် မှားခဲ့တယ်။ သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍ လှူခဲ့တယ်။

၈။ လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။ သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာ လျှောက်တော့မယ်။ ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူ မျှော်မိတယ်။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။ ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

၉။ ယုတ်မြတ်မဟူ၊ စားသောက်သူ၊ ကြည်ဖြူပါလားကွယ်။ ငွေကူများရာ၊ လူချမ်းသာ၊ မျက်နှာလိုက်၍ ကျွေးခဲ့တယ်။ မျက်နှာနည်းပါး၊ လူမွဲများ၊ မလွဲသာကျွေး ကျွေးခဲ့တယ်။ လူချမ်းသာပင်၊ မဏ္ဍပ်ဝင်၊ ဖျာလျှင်သင်ဖြူး ခင်းပေးတယ်။ သည်ကို ဟိုကို၊ ကြွပါဆို၊ ဗျို့ဗျာမစဲ ခေါ်ခဲ့တယ်။ ကွမ်းဆေးလက်ဖက်၊ ဆီစက်စက်၊ ဝက်နှင့်ကြက်သား ကျွေးခဲ့တယ်။ ကျွန်တော်မျိုးမှာ၊ ငွေမျက်နှာ၊ သည်လိုဟာမှ သဒ္ဓါတယ်။

၁ဝ။ မင့်အလှူမှာ၊ ငွေတွေဟာ၊ နှမြောပါဘိကွယ်။ ပရိက္ခရာ၊ ဆောင်ရန်မှာ၊ ကောင်းစွာ လှူလားကွယ်။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှ ဝယ်ပေးတယ်။

၁၁။ လှူသောအခါ၊ ပစ္စည်းမှာ၊ စင်ကြယ်ပါလားကွယ်။ ကျွန်တော်လှူတာ၊ ပစ္စည်းမှာ၊ ခိုးတာများခဲ့တယ်။

၁၂။ ပစ္စည်းကုန်မှာ၊ မင်းလှူတာ၊ ဝမ်းနည်းပါလေတယ်။ ဘုန်းကြီးပင့်ခန်း၊ အလမ်းလမ်း၊ ပြောစမ်းပါဦးကွယ်။ အကျင့်သိက္ခာ၊ ရွေးချယ်ကာ၊ မြတ်ရာ ကိုယ်တော် ပင့်လားကွယ်။ သည်လိုဟာမှာ၊ မလေ့လာ၊ မျက်နှာ,နာမှ ပင့်ခဲ့တယ်။ နှုတ်ဆက်ခေါ်ငင်၊ မျက်နှာရွှင်၊ ပုဂ္ဂိုလ်ကောင်းလို့ ထင်ခဲ့တယ်။ သည်လိုဆရာ၊ ကျွန်တော့်မှာ၊ များစွာပင့်ခဲ့တယ်။ တို့အမျိုးပါ၊ တို့ဆရာ၊ တို့ရွာကိုယ်တော် ပင့်ဦးမယ်။ ပြောင်းနှင့်စပါး၊ မင်းတို့များ၊ ဘယ်လောက်ရလားကွယ်။ ကျောင်းကိုများသွား၊ ရယ်ဟားဟား၊ လက်ဖက် ကွမ်းစားတယ်။ ငှက်ပျော အုန်းသီး၊ ဒကာကြီး၊ မြည်းစမ်းပါဦးကွယ်။ သည်လိုခေါ်ဆို၊ မျက်နှာချို၊ ထိုပုဂ္ဂိုလ်ကိုမှ ပင့်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လှူကြတာ၊ သည်လိုချည်းသာ ပင့်ကြတယ်။

၁၃။ အမောင်လှူတာ၊ ဗလချာ၊ တန်ပါဦးတော့ကွယ်။ အင်္ဂါငါးလီ၊ ပဉ္စသီ၊ ဆောက်တည်မြဲလားကွယ်။ သီလငါးပါး၊ ကျင့်တရား၊ ပျက်ပြားများခဲ့တယ်။ သက်သတ်ခိုးမှု၊ ကာမေသု၊ တစ်ခုမကျန် ပေါက်ခဲ့တယ်။ မုသားသေရည်၊ ဤနှစ်လီ၊ ဝသီရှိတိုင်း ကျင့်ခဲ့တယ်။

၁၄။ ဖြစ်ခဲလေစွ၊ လူ့ဘဝ၊ သနားလှတော့တယ်။ ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ လူတကာလည်း ပျက်ကြတယ်။ မိန်းမတွေဟာ၊ ပျက်လိုက်တာ၊ ဈေးဝယ်တာတောင် ရန်ဖြစ်တယ်။

၁၅။ သည်မှတစ်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဘုရား တရား၊ သံဃာများ၊ ဝပ်တွားပါလားကွယ်။ ဘုရားဖူးများ၊ တဟားဟား၊ ပျော်ပါးရအောင်လိုက်ဖူးတယ်။

၁၆။ လိုက်သောအခါ၊ မြတ်ဗုဒ္ဓါ၊ ကြည်ညိုလှစွာ ဖူးလားကွယ်။ ဗုဒ္ဓဂုဏော၊ စိတ်မစော၊ ရယ်မော စားသောက် ပြန်ခဲ့တယ်။

၁၇။ မာတာပိတ၊ မိနှင့် ဖ၊ ညွတ်တွား ခယ ပါလားကွယ်။ မညွတ်ခ,ဘဲ၊ ကျွန်တော်လည်း၊ ဆဲတောင် ဆဲသေးတယ်။

၁၈။ မှားစွမှားစွ၊ မောင်ဗာလ၊ သနားပါဘိကွယ်။ တရားတော်မှာ၊ ဒေသနာ၊ ကြားနာရဲ့လားကွယ်။ စိတ်ကမပါ၊ ရှက်လိုက်တာ၊ လူဆိုမှာကြောင့် နာဖူးတယ်။

၁၉။ နာသောအခါ၊ မင်းစိတ်မှာ၊ သဒ္ဓါကြည်နူး ရှိလားကွယ်။ ကယောင်ချောက်ချား၊ စိတ်ကသွား၊ တောထဲများတောင် ရောက်သေးတယ်။

၂ဝ။ ပုဂ္ဂိုလ်များစွာ၊ ဟောကြားပါ၊ သည်တစ်ခါလားကွယ်။ ကျွန်တော်မျိုးမှာ၊ သည်တစ်ခါ၊ လူမျက်နှာကြောင့် လိုက်သေးတယ်။

၂၁။ သည်တစ်ခါ,နာ၊ အမောင်မှာ၊ ကြည်ညိုပါလားကွယ်။ တရားလည်းချ၊ အိပ်ရေးဝ၊ ထ၍ ပြန်ခဲ့တယ်။ မိန်းမတွေဟာ၊ ငိုက်လိုက်တာ၊ ကျွန်တော့်ထက်တောင် သာသေးတယ်။

၂၂။ စံကျောင်းဝိဟာ၊ မြတ်သံဃာ၊ ဆည်းကပ်ပါလားကွယ်။ ဆွမ်း မုန့် ငှက်ပျော၊ ကျောင်းမှာပေါ၊ ရော၍လိုက်ဖူးတယ်။

၂၃။ လိုက်သောအခါ၊ ထေရ်သံဃာ၊ ရဟန္တာသို့ ထင်လားကွယ်။ ဘုန်းကြီးနားမှာ၊ မရောက်ပါ၊ တော်ရာချောင်က ခိုခဲ့တယ်။

၂၄။ ခိုသောအခါ၊ မင့်စိတ်မှာ၊ ကြည်ညိုပါလားကွယ်။ ကြည်ညိုဝေးကွာ၊ ကျွန်တော့်မှာ၊ စားစရာသာ ကြည့်ခဲ့တယ်။ သူရကာယ်ပင်၊ ကျိုးမမြင်၊ ဘုန်းကြီးကပင် နှမြောတယ်။ သည်လိုများပေ၊ ကျွန်တော်လေ၊ ဆိုတောင်ဆိုမိတယ်။ ကျွန်တော်ချည်းသာ၊ မဟုတ်ပါ၊ သူတကာလည်း ဆိုကြတယ်။

၂၅။ ကျောင်းပစ္စည်းများ၊ အမောင်အား၊ မစားမသောက် ကင်းလားကွယ်။ စားသည့်ထမင်း၊ ဝမ်းတောင့်တင်း၊ ကျောင်းကအနိုင် ဆင်းခဲ့တယ်။

၂၆။ စားသည်မယွင်း၊ ကျောင်းတလင်း၊ ခတ်ခြင်း တံမြက် လှည်းလားကွယ်။ မလှည်းမိပါ၊ ကျွန်တော့်မှာ၊ စားပြီး သောက်ခါ ပြန်ခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ သည်လိုချည်းသာ စားကြတယ်။

၂၇။ အမောင် ယောက်ျား၊ မင်းဖြစ်ငြား၊ သနားပါဘိတယ်။ ဥပုသ်စောင့်ခန်း၊ ရှေ့သို့လှမ်း၊ မေးစမ်းပါဦးမယ်။ ဥပုသ်အင်္ဂါ၊ အရိယာ၊ ဖြူစွာသီလ စောင့်လားကွယ်။ ဘုန်းကြီးများထံ၊ သီလခံ၊ ကြွက်ဆူညံအောင် ပြောခဲ့တယ်။

၂၈။ ပြောသောစကား၊ မင်းဖြစ်ငြား၊ တရားကြောင်းလားကွယ်။ လယ်,ယာ,ကျွဲ,နွား၊ ပြောင်းစပါး၊ သားမယားကြောင်း ပြောခဲ့တယ်။ စပ်မိစပ်ရာ၊ ပြောလိုက်တာ၊ နွားချင်းလဲရာ ရောက်သေးတယ်။ စကားမဆုံး၊ တစ်နေ့လုံး၊ အုံးအုံးကြွက်အောင် ပြောခဲ့တယ်။ သည်လိုနှင့်ပင်၊ နေသာဝင်၊ အိမ်လျှင်ပြန်ခဲ့တယ်။ ဥပုသ်စောင့်ရာ၊ ပြောကြတာ၊ မိုးမရွာကြောင်းသာ များကြတယ်။

၂၉။ သီလပြောက်ကြား၊ စောင့်လေငြား၊ မိုးကား ကွက်ကြားရွာတတ်တယ်။ မင်းတို့လူ့ဘောင်၊ သီလကြောင်၊ မိုးရှောင်ကွင်းတတ်တယ်။ မင်းတို့ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်တွေးပကွယ်။ မင်းတို့စောင့်တာ၊ ဥပုသ်မှာ၊ ထမင်းဆာတာ သနားတယ်။ ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းပါလားကွယ်။ ဘာဝနာလမ်း၊ ကမ္မဋ္ဌာန်း၊ စီးဖြန်းနည်းခဲ့တယ်။

၃ဝ။ တရားစကား၊ အမောင့်အား၊ ဆွေးနွေးပါလားကွယ်။ တတ်သည်ဆိုလျှင်၊ ကျွန်တော်ပင်၊ အလွန်မေးချင်တယ်။

၃၁။ မေးသောအခါ၊ မင်းစိတ်မှာ၊ ဘာဝနာလားကွယ်။ မဖြေနိုင်က၊ အရှက်ရ၊ နာမည်ပျက်အောင် မေးခဲ့တယ်။ တစ်ခါတစ်ခါ၊ ကျုပ်တို့ရွာ၊ စာ စကားသာ ပြောကြတယ်။ သင်္ဂြိုဟ်ဘေးပေါက်၊ ကောက်သင်းကောက် ရောက်မိရောက်ရာ ငြင်းကြတယ်။ ကျွန်တော်ကတောင်၊ တတ်ဟန်ဆောင်၊ ဖောင်ဖောင်လန်အောင် ငြင်းခဲ့တယ်။

၃၂။ ငြင်းသောအခါ၊ မင်းစိတ်မှာ၊ ဘယ်လိုပါလဲကွယ်။ ကျွန်တော်ကပင်၊ ဂုဏ်လိုချင်၊ တတ်သည်ထင်အောင် ငြင်းခဲ့တယ်။ ကျွန်တော်တို့ရွာ၊ လူတွေဟာ၊ စာငြင်းတာနှင့် ရန်ဖြစ်တယ်။

၃၃။ အမောင်ယောက်ျား၊ လျှောက်စကား၊ အမှားတွေသာ များခဲ့တယ်။ အားကိုးစရာ၊ ကုသိုလ်မှာ၊ ဘယ်ဟာကိုမျှ မရှိတယ်။ တစ်ခုကိုမျှ၊ မေးမရ၊ ဝမ်းနည်းလှချေတယ်။ အမောင့်ဖြစ်ထွေ၊ သနားလေ၊ လူ့ပြည်မယား မကယ်တယ်။ မကယ်ဖြစ်တာ၊ မင်းတစ်ခါ၊ ကြမ္မာမှောက်တော့မယ်။ အမောင့်ဖြစ်ပုံ၊ အလုံးစုံ၊ အကုန်သနားတယ်။ ယမရာဇာ၊ မေးသောခါ၊ ခမျာမှိုင်၍ နေတော့တယ်။ သည်သောအခါ၊ ငရဲရွာ၊ ဆွဲကာချတော့တယ်။

ယမမင်းထံ အစစ်ခံ သံပေါက် နိဋ္ဌိတံ။

(ဘုန်းဘုန်းဦးလောကနာထ ဘလော့မှကူးယူဖေါ်ပြပါသည်။)

လင်္ကာရေးသူ အမတ်ကြီး ဦးပေါ်ဦး။ ၆ -ဒေဝဒူတသုတ် မှ၊ ဒေ၀ဒူတ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်။ (အမတ်ကြီး ဦးပေါ်ဦး၏ ယမမင်းထံ အစစ်ခံ သံပေါက်) by U PawOo (အမတ်ကြီး ဦးပေါ်ဦး)

Sunday, 16 December 2012

ကဗျည်းတင်လို့ပေးပါ

တ ရံခါကပုဂံရာဇဝင်ထဲမှာ

မှတ်တမ်းတစ်ခုကဗျည်းပြုခဲ့

မင်းကျန်စစ်ရဲ့ဇာတ်လမ်းလို

ရှင်သခင်ပေါ်သစ္စာတော်စူးရောက်

ရူးမလောက်ချစ်ခဲ့ရတဲ့ချစ်သူ

အပြစ်ယူငြူဆူမှာလည်းတို့မလိုလားပါ....။

ဥဿာဘုရင်ရွှေပြည့်ရှင်နဲ့

ပုဂံအရှင်အနော်ရထာဘုရင်တို့

နှစ်ပြည်ရွှေလမ်းဖောက်လှမ်းကြရာ

ဆက်သပစ္စည်းမဏိစန္ဒာမင်းသမီးကို

ရှင်ဘုရင်အားဆောင်ပါးဆက်သ

နှလုံးလှပိုင်ရှင်ကျန်စစ်ဘုရင်လို

တို့အသည်းမမာဘူးမိန်းကလေးရယ်....။

မင်းမြတ်အနော်မျက်တော်ပေါ်ကာ

သစ္စာမဲ့လူကျန်စစ်သူကို

အရိန္ဒမာလှံသွားပျံသန်းရာအမှန်

ရွယ်ကာပစ်ခွင်းရင်ဝယ်တွင်းသို့

ယင်းသို့တစေပစ်ပင်လေငြား

ထိရှမသွားအရိန္ဒမာအလား

ငါ့သစ္စာတရားကိုမင်းသိပါချစ်သူ....။

ပုဂံစစ်သားကျန်စစ်ဘုရားဟာ

သစ္စာတရားမှတ်ကျောက်ထားရင်

ငါ့မေတ္တာစကားမင်းကြားလို့သွားရင်

မင်းအသည်းဘဝင်မှာကဗျည်းတင်လို့ပေးပါချစ်သူ....။

လေးစားလျှက်

** *ရင်ခုန်ရသူ* * *

Saturday, 15 December 2012

တော်တော်ကောင်းတဲ့နာမည်(ဟာသ)

သူငယ်ချင်းလာလည်လို့သူ့ကိုကျနော်မေးခွန်းတစ်ခုမေးလိုက်တယ်ဗျ။

"သူငယ်ချင်းမင်းလေ သူများတကာတွေပြောနေကြတဲ့ မိုးနတ်မယ်တို့၊မယ်ဗမာ၊မယ်ကမ္ဘာတို့ကိုမင်းသိလားကွ"

သူငယ်ချင်းက "အေးသိတယ်လေကွာ"တဲ့

ကျနော်ကဆက်ပြောလိုက်တယ်ဗျ။

"အေး...ငါမနေ့ကကောင်မလေးချောချောတစ်ယောက်လမ်းမှာတွေ့လို့ စကားလိုက်ပြောတာ ငါသူ့ကိုနာံမည်မေးတာပေါ့

သူကငါ့ကိုပြောတယ်ကွ"

ဘာတဲ့တုန်းကွ

"ပါးကျိုးမယ်တဲ့"

Thursday, 13 December 2012

ထာဝရလန်းတဲ့ပန်း

ရင်မှာအမြဲ

အသည်းစွဲ

အေးမြဲမေ့မေတ္တာ။

သောကပူဆွေး

ဘယ်မပေး

အပြုံးများပေးရင်သို့အေး။

နေပူကျဲကျဲ

တစ်ကိုယ်တည်း

ကြိုးစားရှာဆဲအမေ့ဇွဲ။

သားသမီးများ

ပျော်စေသား

လိုလားတဲ့အမေ။

မေ့မေတ္တာစမ်း

ဘယ်မခန်း

အရမ်းအေးမြသည်။

မေ့မေတ္တာပန်း

ဘယ်မနွမ်း

လန်းဆန်းမွှေးကြူသည်။

အမေ့ရင်ခွင်

ထာဝစဉ်

လွန်ပင်နွေးလှသည်။

တို့များမေမေ

တောင်းဆုခြွေ

တို့တွေလှပစေ။

ထာဝရလန်း

မြတ်သောပန်း

အမေ့ရင်နန်းပျိုးတဲ့ပန်း။

လေးစားလျှက်

ရင်ခုန်ရသူ

Followers