အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Wednesday, 29 January 2014
ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ
ထင်ရှားကျော်ကြားသူများ၏ အဆိုအမိန့်များ
“ ချုံကြားမှ ဘုံဖျားသို့ ”
ဘ၀ကို မည်မျှနိမ့်ပါးနုံချာသော အခြေအနေမျိုးမှ စတင်ခဲ့ရသည် ဖြစ်ပါစေ၊
ရည်မှန်းချက် ရှိမည်၊ ဥာဏ်အမြော်အမြင် ရှိမည်၊ မလျှော့သော ဇွဲလုံ့လ
ရှိမည်ဆိုက သည်တစ်သက်တာ ဘ၀အပြီးသတ်ချိန်၌ အမြင့်မားဆုံး ထိပ်ဆုံးနေရာကို
ရရှိနိုင်ပါသည်။
သည်လို ရရှိသွားခဲ့သူတွေလည်း သမိုင်းတစ်လျှောက် အမြောက်အမြား ရှိသည်။
အထွတ်အထိပ်သို့ ရောက်ရှိကြသူတွေ၏ အတ္ထုပ္ပတိများကို လှန်လှောကြည့်လျှင် “ ချူ
ံကြားမှ ဘုံဖျားသို့ ” တက်လာနိုင်ခဲ့သူတွေ များပြားလှကြောင်း တွေ့ရှိရလိမ့်မည်။
သည်လိုတက်လာနိုင်ခွင့်သည် ပါရမီထူးသူတချို့သာ ရရှိနိုင်သည့် မဟာအခွင့်အရေး
မဟုတ်။ ဘုံဖျားသို့တက်သော လှေကားသည် အထူးပုဂ္ဂိုလ်များအတွက် သီးသန့်
ကန်သတ်ထားသည့် လှေကားမဟုတ်။ လူတိုင်းတက်နိုင်သည့် လှေကား၊ လူတိုင်းအတွက်
ဖွင့်ထားသည့် အခွင့်အရေးတံခါးသာ ဖြစ်သည်။
သင်သည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်ကြီးပွားချင်သလား၊ အနုပညာသမားအဖြစ်
ထင်ပေါ်ကျော်ကြားချင်သလား၊ လူမှုရေးနယ်ပယ်တွင် လွှမ်းမိုး တွင်ကျယ်ချင်သလား၊
ထူးခြားပြောင်မြောက်သော နိုင်ငံရေးသမားတစ်ယောက်အဖြစ် အထွတ်အထိပ်သို့
ရောက်ချင်ပါသလား။
ဘယ်အရာမဆို ဖြစ်လာနိုင်ခွင့် သင့်မှာ ရှိနေသည်။
အရေးကြီးသည်က အထက်တွင်ဆိုခဲ့သည့် ရည်မှန်းချက်၊ ဥာဏ်အမြော်အမြင်နှင့် ဇွဲလုံ့လ ဖြစ်သည်။
ရှေးဦးစွာ သင့်ကိုယ်သင် သာမန်ဘ၀နှင့် မတင်းတိမ်နိုင်သောဆန္ဒ ရှိရမည်။
ပီပြင်ပြောင်မြောက်သော ဘ၀တစ်ခု တည်ဆောက်မည်ဟူသော ရည်မှန်းချက် ရှိရမည်။
ဒုတိယ၊ ထိုသို့သော ဘ၀တစ်ခု အောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက် အဆင့်ဆင့်
ဆောင်ရွက်သွားစရာ လုပ်ငန်း အစီအစဉ်များ စနစ်တကျ ချမှတ်တတ်ရမည်။
တတိယ၊ အမြော်အမြင် ရှိစွာ ချမှတ်ထားသည့် ယင်းလုပ်ငန်း အစီအစဉ်များကို
မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရေရှည်စွဲမြဲစွာ အကောင်အထည်ဖော်ရဲရမည်။
သည်အတိုင်း လုပ်နိုင်လျှင် သင်လည်း “ ပုဂ္ဂိုလ်ထူး ” တစ်ယောက် မုချ ဖြစ်လာရလိမ့်မည်။
(ဖေမြင့်)
Saturday, 25 January 2014
*****မေးကြည့်မယ်နော်*****
အော်.......
မမြင်ချင်တော့ပါဘူး....
မကြည့်ချင်တော့ပါဘူးကွယ်...
အရှက်ကယ်တကယ်ဝေး....
ရင်လေးတယ်လည်းပြောချင်တော့ဘူး...
ကျနော်တို့ ကပညာမတတ်ပါဘူး...
မြင်တာထက်လည်းပိုမပြောချင်ဘူး...
မေးစရာလေးတော့မေးကြည့်မပေါ့နော်...
အော်....
သူလေးကမြန်မာတဲ့လား....
လှတယ်ကွာလန်ထွက်နေတာပဲ....
အပေါ်လည်းတင်းအောက်လည်းစင်းတယ်...
ဒီရှန်နယ်လေး ဘွတ်မာ့ခ် လုပ်ထား.....
ဒီအသံတွေ ဘယ်လိုတားရမလဲ....
ဘယ်နားနဲ့  ကြားရမလဲ...
အော်.......
မြန်မာတဲ့လား.....
ဘွဲ့ လက်မှတ်လေးပြ...အလုပ်လျှောက်...
နောက်ဘေးပေါက်က လက်လေးဖြန့် ..
အဟမ်း...အဟမ်း.....
ဒီဇာတ်လမ်း ဘယ်လိုသိမ်းမလဲ....
အော်....
မြန်မာပြည်..သာယာဝပြောသတဲ့...
အိမ်ခေါင်းမိုးကြည့်ပြောတယ်ထင်...
တိုင်ခြေမှာ ခြတွေစား နေတာ...
မမြင်ရော့လေသလား.......
အော်.......
သူလေးကမြန်မာတဲ့လား...
အသံးလေးကောင်းတယ်...
ဒီဘက်နဲနဲတိုးနော်...
ဘောက်စူးမျာများပေးမယ်...သိလာကလေး...
ဝ...ကလေးတို့  သရေယိုယိုနဲ့ ....
ဒီအလှည့်တွေ ဘယ်လိုကျော်ကြမလဲ....
အော်....
သူတို့ တွေ မြန်မာတဲ့လား....
ဒီကောင်တွေ...ဘီယာလေးတိုက်လိုက်...
အောတိုက်အောင်ခိုင်းလို့ ရတယ်....
ဘီယာရှိသူတို့ ပြီးတယ်....
ဒီအတွေးတွေ ဘယ်လိုအရေးနဲ့ ပြင်မလဲ...
အော်......
ဒါမြန်မာတဲ့လား.....
လေးစာလိုက်နာ...
ယုံကြည်ကိုးကွယ်လိုက်တာ....
အ၀ိုင်းလေးနဲနဲမြင် ...လင်ဆိုရင်ပြီးရော...
ဘာသောညာသော...စောဒကမတက်...
ဒီဇာတ်တွေဘယ်သိမ်းမလဲ.....
မေးချင်သေးတယ်......
လမ်းအလယ်မှာ ပဲပြုတ်ရောင်း...
သူ့ အကြောင်းမလှလို့ ...
ပဲပြုတ်တောင်းခေါင်းရွက် အရပ်လှည့်ရောင်းတာ...
ရှက်စရာလို့ မမြင်ပါဘူး....
ဆားမရှိ ငပိနဲ့ စားမယ်...
အများအသိ...အမျိုးထိရင်..
အသဲမချှိအောင်နာတယ်ဆို....
အို.....မေးလိုက်စမ်းပါ....နင်ဟာစပ်ကြားလေလား...
ပါစပ်ဖျား...ပျားရည်လူး.....
ဘယ်လိုတွေ ရည်စူးနေလဲ.....
အော်.......
မမြင်ချင်တော့ပါဘူး....
မကြည့်ချင်တော့ပါဘူးကွယ်...
အရှက်ကယ်တကယ်ဝေး....
ရင်လေးတယ်လည်းပြောချင်တော့ဘူး...
လေးစားလျှက်
(ဇန်နဝါရီ ၂၀၁၄)
အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်
PhotoInstrument_v5.5 build full
photoinstrument ဆိုတာလေးကတော့...မိမိတို့ ပုံးလေးတွေကို..မျက်နှာဆေးတာ..မျက်နှာမှအစက်အပြောက်တွေ ဖယ်ခြားတာ ပါစပ်ရွဲ့ တာ..နှာခေါင်းကြီးတာတွေကို လိုသလိုပြန်ပြင်လို့ ရတဲ့ ဆော့ဝဲလေးပါ..
မိမိတို့  အတွက်ပို အသုံးတဲ့မယ်ထင်ပါတယ်...full version လေးဆိုတော့ သုံးရတာအဆင်ပြေပါတယ်...
ဆော့ဝဲကိုဖွင့်လိုက်ရင် အသုံးပြုနည်းလေးပါ ပါတယ်..သေချာလိုက်ကြည့်ထားပြီလုပ်သွားရင်..အဆင်ပြေပါတယ်...
ဒီနေရာမှာဒေါင်းလုဒ်ယူလိုက်ပါ
အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်
vlc-2.1.2-win64.exe
ကဲ vlc player ကတော့ အားလုံးသိမယ်ထင်ပါတယ်...
လိုအပ်ရင်ဒေါင်းနိုင်အောင်ပေးလိုက်ပါတယ်...
ဒီမလေယာလေးသုံးရတော်တော်ကောင်းတယ်ဆိုတာ ကွန်ပျူတာသုံးသူတတိုင်း
သိမယ်ထင်ပါတယ်...ဒါကြောင့်ရှင်းပြမနေတော့ပါဘူးနော်..လိုအပ်ရင်
ဒေါင်းလုဒ်ယူနည်းမသိရင် ဒီနေရာမှာဖတ်နိုင်ပါတယ်
ကဲအဆင်ပြေပါစေ....
အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်
facebook ကို Themesလှလှလေးတွေနဲ့ ...ပြောင်းသုံးတဲ့နည်း
ကဲ..ကျနော်ဒီတစ်ခါတင်ပြပေးချင်တာကတော့...ကျနော်တို့ သူငယ်ချင်းတွေ အင်တာနက်သုံးသူတိုင်းလိုလို
သုံးနေကြတဲ့ facebook ကို Themesလှလှလေးတွေနဲ့ ...ပြောင်းသုံးတဲ့နည်းလေးပါ။
သုံးနေကျ အဖြူရောင်ဘက်ဂရောင်း ကကြာလာတော့ရိုးလာတာပေါ့..အဲ့ ကျနော်တို့  Ningဆိုဒါတွေလို
ဘလော့တွေလို့  စတိုင်လှလှလေးနဲ့  ဆန်းသစ်ပြီးပြောင်းသုံးချင်ကြတယ်လေ...
ကဲ..စကြရအောင်နော်...ပထမဆုံး...morzila firefox မှာ add on ထည့်ဖို့ အတွက်
ဒီနေရာကို သွားလိုက်ပါ။။အောက်က ပုံအတိုင်းတွေ့ ပါ့မယ်။
add to firefox ကို ကလစ်ပီး အင်စတောလုပ်လိုက်ပါ...
stylish 1.4.0 ကို အင်စတော လုပ်ပြီးရင် facebook themes ရှိတဲ့နေရာကို သွားရဦးမယ်လေ။
အဲတော့ ဒီနေရာလေးမှာ သွားလိုက်ပါနော်
ပြီးရင် မိမိသဘောကျတဲ့ themes ကိုတွေ့ ပီဆိုရင် မိမိသဘောကျတဲ့ ပုံပေါ်ကို တစ်ချက်ကလစ်ထောက်လိုက်ပါ ။ အောက်မှာပြထာတဲ့ပုံအတိုင်း
install with stylish နဲ့ ဒေါင်းလိုက်ပါ....
အဲလိုလုပ်ပြီးတဲ့အချိန်မှာ မိမိရဲ့ firefoxကို restart လုပ်လိုက်ပီး Facebook ကိုဖွင့်လိုက်ရင်
ကျနောသုံးနေတဲ့ ပုံအတိုင်း themes လှလှလေးနဲ့  လန်းနေတာကိုတွေ့ ရမှာဖြစ်ပါတယ်...
ကဲအားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်နော်.....
အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်
Saturday, 18 January 2014
စိမ်းရက်လေသူ
လေပြေညှင်းက တသင်းသင်းလေးဝှေ့ 
တငွေ့ ငွေ့ နဲ့ အတွေးစိတ်က
အာရုံတွေထွေးပိုက်ရင်း...
...
ဒီညနေခင်းလေးမှာ...
အဖော်မပါတစ်ယောက်တည်း...
မြေနီလမ်းလေးထဲလျှောက်လို့ ..
ခရေပင်အောက်မှာ ပန်းကြွေတွေက...
အတိတ်ကခြေရာတွေကို တူးဖ်ာနေတော့...
နီဖျော့ဖျော့ဆံနွယ်တွေက..
ဝင်းပပ ပါးမို့ မို့ ထက် တစ်ခါတစ်ခါ ရိုက်ခတ်လို့ ..
ညှို့ မျက်ဝန်းတွေဆီခြယ်..
နှင်းဆီရောင် နှုတ်ခမ်းဖူးများ...
သွဲ့ သွဲ့ လေးပြုံးပြရင်း....
ဘဝဆိုတဲ့  ပုစ္ဆာတစ်ပုဒ်ကို...
ပကာသနတွေနဲ့  အဖြေထုတ်ချင်ခဲ့သူ..
လိုအင်တွေ ပြည့်ဖို့ ..အဝေးသို့ ပြေးထွက်သွားခဲ့တယ်နော်..
ပျော်ပါစေ...သူ့ ရဲ့လမ်းလေး....
ပန်းတွေလည်းမွှေးပါစေ....
ဒီညနေခင်းလေး....
စိမ့်စိမ့်ကလေးအေးလာ...
ခြုံနေတဲ့  အလွမ်းဝတ်ရုံလွှာကို..
အသာအယာဖယ်ချရင်း.....
ကြယ်စင်လင်းတဲ့ ညဆီကိုမျှော်...
သြ....လမင်းလည်း..ကိုယ့်လိုပဲပေါ့.....

Wednesday, 27 November 2013
~~~****တိမ်တွေငိုတဲ့နေ့ ****~~~
ရှစ်တိုင်းရပ်လုံး၊ဂျိုးဂျိမ်းသံဖုံးလို့ ရယ်
အာကာနယ်ရစ်ကာသိုင်းပါလို့ 
အမုန်းမာန်တွေသူပျိုးပေါ့
အငြိုးတွေနဲ့ ပြိုတော့မယ်......
ဂျူလိုင်မှာ ခရေတွေကျဲလို့ ..
မိုးရေတွေချွဲချွဲစိုရင်း...
ခရေပင်ခြေရင်းက..အချစ်မှတ်တိုင်...
လက်တွေအတူဆုပ်ကိုင်ပြီး...
တိုင်တည်းဖူတဲ့သစ္စာ..ရှစ်ကမ္ဘာတိုင်..
မယိုင်လဲဘူးကွယ်ရယ်လို့ ...တို့ ပြုခဲ့ဖူးလည်း..
ဒီတစ်ကြိမ်မှာပြိုတဲ့မိုး....
သစ္စာတိုင်တွေရိုက်ချိုး...မေတ္တာစမ်းရေအိုင်လည်း..
ဂုဏ်ဒြပ်တွေရောလို့ ..အငြိုးတွေနှစ်ဆတိုး.
စိမ်းကားစွာရွာတဲ့မိုးရယ်မို့ ...
အသည်းတွေကျွမ်းရပေါ့လားကွယ်.....
ဂျူလိုင်ရယ် ဘယ်လိုပင်ဆိုစေဦး..
မိုးတွေးကို ကိုဘယ်တော့မှမမုန်းနိုင်..ဘူး
ရူးတယ်ပဲပြောချင်ပြောပေါ့...
ကို့ အတွေးမှာတော့...ခရေပင်အောက်က
တုန်ရီနေတဲ့နှုတ်ခမ်းပါးထက်က..ဂျူလိုင်မိုးရေစက်တွေပါ....
လေးစားလျှက်
ရင်ခုန်ရသူ
အားပေးကြသောသူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်ခင်ဗျ facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်
Sunday, 17 November 2013
တန်ဆောင်တိုင်အလှနဲ့  Discoည
....ကျွီ..................
အသံ၇ှည်ကြီးနားထဲစူးစူးရှရှ ဝင်ရောက်နေရာယူလိုက်၏။
အသံချဲ့ စက်ဂေါ်လံကြီးမှထွက်လာသော...အသံဖြစ်လေသည်။ထိုအသံရပ်သွားသည်နှင့်...တစ်ပြိုင်
နက်.......မေတ္တာနိသာကတော လောကီသမ္မာ ဗန္တု သုခံကတော မေတ္တာသီတလ ဒံသီဟိ သုခန္တု
ပုသိတာ ပစာ...ဟုအစိချီကာ..မေတ္တာပို့ ၍
ပေးတော်မူလာသော ရွာဦးကျောင်းဆရာတော် ဘုရား၏ မေတ္တာပို့  လင်္ကာသံထွက်ပေါ်လာလေ
သည်။အ၇ှင်ဘုရား သည်မေတ္တာပို့ ၍ပေးပြီးနောက်မှာ တန်ဆောင်မုန်းလတွင် ဗုဒ္ဓဘာသာမြန်မာ
လူမျိုးတို့ေ၇ှးဘိုးဘေးဘီဘင်ကစလာခဲ့သော တန်ဆောင်တိုင် ပွဲများ ခင်းကျင်းကြပုံနှင့်
တန်ဆောင်မုန်းလတွင် ကောင်းမှုပြုရလေ့၇ှိသော ကထိန်ခင်းခြင်း၏ အကျိုးကျေးဇူးများကို ၇ှင်း
ပြပေးတော်မူ၏။အလှူမှာ ကထိန်..ဘုရားမှာစိန်...ကျောင်းမှာသိမ် ဆိုသည့်ပင် အလှူတို့ တွင်
ကထိန်အလှူသည် မည်မျှပင်မြတ်ကြောင်း..သို့ လောသို့ လော ရှင်းပြပေးလေသည်။
ထို့ နောက် တန်ဆောင်တိုင်ပွဲတော်ကို..ကျင်းပကြရန် ကာလသား လူငယ်မောင်မယ်၊သက်ကြီး၇ွယ်
အို လူကြီးသူမများကို ဆော်အော၍ ပေးပါသည်။သိုနှင့်  နောက်တစ်ရက်မှာ...ရွာသူကြီး ဦးလေး
ဦးမြင့်သိန်းက တန်ဆောင်တိုင်အတွက်တာဝန်ခွဲချပေး၇န် သံချောင်းခေါက်ကာ တစ်အိမ်လျှင်တစ်
ယောက် တက်ရောက်ပေးဖို့ ဆင့်ခေါ်ပါသည်။ ဒီလိုနှင့် ညကိုရောက်လာခဲ့ပါသည်။ ကျနော်လည်း
အစောတလင်ပင် သူကြီးအိမ်သို့ ရောက်ခဲ့ပါ။ ကျနော်ရောက်သွားသောအခါ လူမစုံသေးပါ။
Saturday, 9 November 2013
~~အမြတ်ကိုလိုလျှင် အရင်းစိုက်ပါ~~
နေရောင်တွေ...ပြိုးပြိုးပျက်ပျက်တောက်ပနေတဲ့ နွေခေါင်ခေါင် ပေတရာလမ်းမထက်တွင်
ဖိနပ်မပါခြေဗလာဖြင့် လျှောက်လှမ်းနေရသလို ဘဝကိုတိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့ လူသားအချို့ မှာ
လောကဓံကို ရင်ဆိုင်အံတုဖို့ ခွန်အားတွေ မွေးမြူ စိုက်ထုတ်ရပါတယ်။အရာတစ်ခုကို ကျနော်တို့ ရ၇ှိဖို့ အတွက်
မျက်လှည့်ဆရာတစ်ယောက်လို ဟက်ချလောင်း ဆိုပြီး လုပ်လို့ ဘယ်အရာမှ မရနိုင်ပါ…
ထိုက်သင့်သောအရင်းနှီးတစ်ခုကို ကျနော်တို့ ပေးဆပ်ရပါမည်။ခရီးတစ်ခုကိုရောက်ဖို့  ကျနော်တို့ ရဲ့
ခြေထောက်တွေ လှမ်းပေးရပါတယ်...နေရာတင်ထိုင်နေရုံမျှဖြင့် ကျနော်တို့ လိုချင်သော ပန်းတိုင်
သို့ တည်းမဟုတ်ရည်းမှန်းချက် ကိုရောက်နိုင်လိမ့် မည်မဟုတ်ပါ။သို့ ပင် လှမ်းရုံမျှနှင့် ရောက်မည်လော...ရောက်တော့ရောက်ပေမည်။
လှမ်းသွားပုံချင်းမတူချေက အချိန်ကွာခြား၍သွားပေမည်ဖြစ်သည်။ဒေသတစ်ခုကို ကား၊ဆိုင်ကယ်၊မီးရထား၊ဆိုက်ကား၊မြင်းလှည်း အစရှိ
သဖြင့် သွား၍ရောက်နိုင်ပါတယ်။ ကားနှင့်သွားလျှင် အမြန်အစောတလင်ရောက်၍ မြင်းလှည်းဆိုက်ကားတို့ ဖြင့်
သွားလျှင်နောက်ကျမှာအသေချာပင်။ ထိုသို့ ကားနှင့် သွားဖို့ အတွက် ကားခအလုံလောက် ကျနော်တို့ မှာပါဖို့ လိုပါတယ်။
ကားခအလုံလောက်မပါလျှင် ကျနော်တို့ ဟာ မီရထား ဆိုက်ကားတွေနှင့်သွားရမည်...မီးရထားဆိုက်ကားနှင့် သွားလျှင်
ခ၇ီးပမ်းပင်ပန်းရပေမည်။ထိုနည်းတူစွာပင် အောင်မြင်သာ ပန်းတိုင်းကိုရောက်လိုပါလျှင် ထိုပန်းတိုင်နှင့်ပတ်သတ်သော…
ထိုအလုပ်နှင့်ပတ်သတ်သော ထိုကဏ္ဍနှင့်ပသတ်သတ်သော ပညာ ၊ဥစ္စာ၊အရင်းနှီးတို့  ကျနော်တို့ မှာရှိဖို့ လိုအပ်ပါတယ်။
ိအဲဒီလို ပညာဥစ္စာအရင်းနှီး တွေကိုကြိုတင်စုဆောင်းထားမှသာလျှင် ကျနော်တို့ လှမ်းချင်တဲ့
လမ်းကို ချောချောမွေ့ မွေ့ လျှောက်လှမ်းတိုင်မှာဖြစ်ပါတယ်။
အမြတ်များများရဖို့ အတွက် ကျနော်တို့ မှာ အရင်းများများ၇ှိဖို့ လိုပါတယ်....အရင်းမစိုက်ထုတ်နိုင်ပဲ
မည်သည့်အကျိုးအမြတ်ကိုမှ မျှော်ကိုးနေ၍မရနိုင်ပါ...
ပိုက်ဆံမရှိ၍ ခိုးဝှက်စားသောက် ရလျှင်ပင် ခိုးနည်းခိုးဟန် ခိုးသည့်ပညာကို တတ်ထားရပါသေး
သည်။တချို့ သောသူများသည် နေရာ၌ပင် နေချင်ပြီး ဟိုရောက်ချင်တယ် ဒီရောက်ချင်တယ်
ပြောနေတတ်ကြသည်။ ထိုသို့ ရောက်ချင်လျှင် သွားဖို့ လှမ်းဖို့ လိုအပ်ပါတယ်...သူများမ,ရွှေ့ လို့ 
ရောက်တညမျိုးဟာ..ကိုယ်ပိုင်ခွန်အား..ကိုယ်ပိုင်ဥာဏ် မရှိသူများသာဖြစ်ပေမည်။
ကိုယ်ပိုင်ခွန်အား ကိုယ်အစွမ်း၇ှိသူများသည် အရင်းစိုက်မှ သာလျှင်အမြတ်ကိုရပေမည်......

Monday, 4 November 2013
နေညိုညိုမှအလွမ်း...
ငါမျှော်နေတယ်...နင်မသိဘူး...
အတူရှိဖူးတဲ့...နေ့ ရက်တွေ..
မေ့ပျက်ဖို့ ခဲ..နက်နဲတဲ့ဆူး
ရင်မှားစူးခဲ့တော့...ရူးရတာပေါ့..
ထူးလို့ မလာတာသိပေမဲ့....အရိုးစွဲနေတဲ့အလွမ်းဓါတ်က..
ကမ်းစပ်ကလှိုင်းကြက်ခွပ်တွေလို..လှိုက်ဖိုနေဆဲ...
ချွဲစိုနေတဲ့ငါ့ခေါင်းအုံးလေး...မျက်ရည်ပုံးတွေသီလို့ ....
ရီညိုနေတဲ့ဆည်းဆာက...ပလီပလာတီတီတာတာတွေမဆိုပဲ...
ကြိုကျဲတဲ့ ဗျိုင်းအုပ်တသင်းကိုအဖော်ပြုရင်း....
လွမ်းဇာတ်ကို..ခင်းနေပါပေါ့လား......

facebookမှာလည်း likeလေးလုပ်သွားပေးကြဦးနော်.... မန်ဘာလေးလည်းလုပ်သွားနော်... ဝေဖန်ချက်လေးလည်းပြုသွားပါနော်
Subscribe to:
Posts (Atom)
Followers
!-မောင်(စွယ်စုံကျမ်း)-http:>