အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ

Monday, 29 October 2012

အမှတ်တမဲ့မှအမှတ်တရသို့

ဝေဟင်လယ်မှာ...

ပျံသန်းဆီးမျောရင်း...

အမှတ်တမဲ့နဲ့ ...

ခိုကာဝင်ေ၇ာက်လာသော..

အို..ငှက်ငယ်လေး...

ဘယ်ဆီတွေ..မင်းရောက်ရှိခဲ့ တာ

ငါမသိရပေမဲ့

လေညှင်းမတိုး..

မိုးလည်းမထိ..

ငြိမ်လျှက်ရှိနေတဲ့ ..

ငါ့အချစ်တွေရဲ့..

အကိုင်းအခတ်ပေါ်ကို..

မင်းရဲ့ အမှတ်တမဲ့လေး..

ခိုနားမှုဟာ...

ငါ့ အတွက်တော့....

အမှတ်တရ ဖြစ်လို့ သွားတာ...

မင်းမသိလိုက်ပါလား...

ငှက်ကလေးရယ်......

(လေလွင့်အတွေးတစ)

မုန်းမေ့မရလို့ပါ

"အချစ်ရေ"..လို့ ခေါ်နေခွင့်မရတော့ပေမဲ့

ငါ့ရဲ့နှလုံးသားတစ်နေရာမှာ

နင်သာထာဝရရှိလို့နေမှာပါ။

"မောင်ရေ...."လို့မခေါ်တော့ပေမဲ့

ငါ့ရဲ့နားထဲမှာ

အမြဲကြားယောင်နေမိပါတယ်။

အေးမြတဲ့နင့်ရဲအပြုံးတွေ

ငါမြင်ခွင့်မရတော့ပေမဲ့

ငါ့ရဲ့မျက်ဝန်းထဲမှာ

အခုထိမြင်ယောင်ဆဲပါ။

နွေးထွေးတဲ့နင့်ရဲ့အကြင်နာတွေ

ပြန်လည်ကာမရနိုင်ပေမဲ့

ငါ့ရင်မှာတမ်းတလို့နေဆဲပါ။

မခေါ်ပဲလာပြီး ငါမနှင်ပဲ

ထွက်ပြေးသွားတဲ့နင့်ကို

ငါမုန်းမေ့မရလို့ပါ။

(တခါကကောင်မလေးအတွက်)

ရင်ခုန်ဘက်လူ

ဝေးနယ်မြေခြား

လေလှိုင်းကြားက

ဆုံဆည်းခဲ့ရ

တို့နှစ်ယောက်ဟာ

မိုင်ပေါင်းကုဋေ

ဝေးကွာနေလည်း

အသည်း(သဲ)ဘဝင်မှာ

ချစ်ပွဲဝင်ခြင်း

စက္ကန့် မလပ်

စည်းချက်ထပ်တူ

ရင်ခုန်ဘက်လူပါ။

(အွန်လိုင်းချစ်သူများသို့)

ပျော်ချင်ပါတယ်

တိမ်ပြာတစ်ချက်

လွှမ်းခြုံခတ်တိုင်း

ရစ်သိုင်းကာရွာ

သည်းထန်စွာဖြင့်

ငါးတို့လည်းပျော်

ဖားတကျော်ကျော်

အော်ကာမြည်ကြွေး

ကြည်နူးတေးတို့

သို့သော်ငါ့မှာ

အခါခါရွာတိုင်း

ရင်တွင်းလှိုင်းများ

လှုပ်ရှားကာသာ

ဘယ်ကိုတမ်းတ

လွမ်းနေရသည်

ငါမသိရလေပြီ။

(ဝေးနေရတဲ့ခံစားမှု)

ရင်ခုန်ရသူ

ဦးတည်ချက်လေးလှစေဖို့

လာလမ်းကမှုံ၊ရိပ်မြုံကကင်း

ထွာနံကျင်းကျင်း၊ဝမ်းအိမ်တွင်းမှ

ငါကရောက်ရှိ၊လောက၏ဒဏ်

ခံပြန်ရတာ၊ဓမ္မတာမို့

တွေးလို့မပူ၊ငါသည်လူဟာ

တစ်ကိုယ်သာထဲ၊ရဲရဲလျှောက်မယ်

ပင်လယ်လိုဝေ၊ဒုက္ခဖွေရင်း

ချစ်ခြင်းမုန်းခြင်း၊စုံအောင်ခင်းကာ

ကစားရှာတယ်၊ယောင်လည်လည်နဲ့။

လားရပ်ကဝါး၊ဆန်းပြားမနော

လူ့သဘောထွေ၊တွေတွေခတ်လူး

အာရုဏ်ဦးမှ၊တစစတည်

မွန်းတည့်ဆီကို၊တစ်ဖန်ထိုမှ

ခဝါချပြီ၊နေခြည်ညိုရယ်

အဘယ်ရပ်သို့၊မြန်းလို့သင်သွား

ငါ့အားအသင်၊လမ်းထွင်ပြလား

ဟုတ်ငြားခဲ့လျှင်၊အကြင်ဆွေတော်

ရောက်လိုသောဆု၊ငါခုပြုမယ်

အချစ်ရယ်ကင်း၊အမုန်းရှင်းသော

ဒုက္ခတောမှ၊ဖယ်ရအမှန်

နိဗ္ဗာန်ရွှေပြည်၊ရောက်စေရည်သည်

ဆွေညီတစ်သင်း၊ပေါင်းရင်းဖော်မို့

ရလို့အာရုံ၊ချပြရုံမျှ

တစ်ခဏတွင်၊သင့်ဘဝင်မှာ

အသိစင်ကာရှိပါစေ။

လမ်းခွဲမှာမျက်ရည်မကျဘူးမိငယ်

အပြုံးတစ်ချက်၊စွဲမက်ခဲ့ဖူး

မျက်ဝန်းတစ်စုံ၊ငါခုံမင်ခဲ့

သာယာအပြော၊လွင့်မျောဖူးတယ်

မင်းအနာမှာ၊လိုရာဖြည့်ဆည်း

ပျော်ပျော်ကြီးနဲ့၊ငါနေခဲ့တယ်

ဒါပေမဲ့ကွာ

ဖုတ်လေငါးပိ၊ရှိတယ်မထင်

မင်းမာန်တွေနဲ့၊မာနနဲ့က

မင်းအသိကို၊ဝါးမျိုထားတာ

မသိရှာခဲ့၊ငါရဲ့အဖြစ်

မင်းမချစ်လည်း၊လောကထဲမှာ

တစ်ကိုယ်သာလည်း၊ရဲရဲနေနိုင်

မခွေယိုင်ဘူး၊အချစ်ဦးမို့

ရူးလို့ဖူးတယ်၊မိငယ်လေးရေ

ငါ့နှလုံးသား၊မင်းမုန်းသွားလည်း

အပြုံးများနဲ့၊နေတတ်ခဲ့ပြီ

လမ်းအခွဲမှာ၊ပျော်ရွှင်စွာနဲ့

မျက်ရည်မကျ၊ဘဝမှာလေ

ငါနေတတ်ပြီ။

မိငယ်အလှ၊မင်းမာနတွေ

မြေမှာချကာ၊နေသွားပါမှ

မင်းရဲ့အချစ်၊စစ်မှန်လိမ့်မယ်

အချစ်စစ်မှာ၊မာနမထား

မာယာမများ၊ရိုးသားမှလျှင်

အချစ်ရင်ခွင်၊ပျော်ရွှင်ရမယ်

မိငယ်ရေ။

ရင်ခုန်ရသူ

Friday, 26 October 2012

ဖုန်းမောင့်မေပျို

ခြေတစ်လှမ်းရယ်

ကုဋေတစ်သန်းတန်ပေတဲ့

ခါးသေးလို့ရင်ချီ

ပဒုမ္မနီအလား

အသားတော်ဝါဝါညက်ကယ်

လှမျက်ခြယ်သူဇာပျို

မူယာပိုလွန်တင့်ဆန်း

ပတုန်းရောင်ကေသာမြမှ

စပယ်ကုံးလေးမြန်းလို့ဆင်

နန်းပျိုပင်ထင်မှတ်ရ

ရွှန်းလဲ့တောက်ပ

ရွှေသမင်မ

မျက်လုံးလှရယ်

ညွှတ်သွယ်နှုတ်ခမ်း

စိမ့်စမ်းနှယ်အေးမြ

မေ့အပြုံးလှဝယ်

သွေဖယ်မရ

ဘဝင်မှာတသသမို့......။


သက်ထားကြင်သူ

ဖုန်းမောင့်ပျိုဖြူရယ်

အလွမ်းနယ်မှာ

ကျွမ်းတကယ်အသည်းနဲ့

မှန်းရွယ်ကာဆိုချင်ပ

ချိန်ရာသီဂိမာန်လတွင်

မောင့်အလာလမ်း

ခင်လှမ်းလို့ကြိုစေလို

ချစ်သူပျို......။


လေးစားလျှက်


***ရင်ခုန်ရသူ***

လွမ်းသူသို့ စေတမန်

စမ်းရေကအေး

လေပြေသွေးမှာ

သင်းစွာရနံ့ပန်း။


နေခြည်ကဖွေး

ဆိုလွမ်းတေးတို့

ဝေးသို့မျှော်ကာလွမ်း။


ရော်ရွက်တွေကြွေ

ခလို့မြေဝယ်

သွယ်သွယ်လွင့်လို့ပေါ့။



မျောက်ကကြိုးခွေ

ဒေါင်းအိုးဝေ

မဲဇာတောင်ခြေရောက်သည်ပင်။



မြိုင်ယံသာမော

ဂိမာန်တောမို့

မောင်ဖုန်းလွမ်းလို့ဖြေမဆည်။



ဗွေသီထက်ခေါင်

ကြားနိုင်အောင်

လွမ်းမောင်အော်လို့ဆွေး။



မယ်ထွေးလုံမ

လေးဝတော်ဝင်

ပျိုခင်လှသက်ထား။



ကြင်သူနဲ့ဝေး

တို့မဆွေးရန်

အပြေးအမြန်လာခဲ့မည်။



ထောက်လို့ကြိုစေ

မောင့်ချစ်ဆွေရယ်

လမ်းဝယ်ဆီးလို့လေး။



လေးစားလျှက်


****+ရင်ခုန်ရသူ+****

အမုန်းတို့ နိဂုံးချုပ်ချိန်

မင်းရဲ့နှုတ်ဖျားက

တမာလိုခါးတဲ့စကား

မင်းမာနများက

ဓါးသွားထက်က

ပျားရည်စက်လို

ငါထင်မှတ်ကာ

တရှိုက်မတ်မတ်

ငါလျက်ခဲ့တယ်.....။


မာကျောတဲ့မင်းနှလုံးသားက

အမုန်းမာန်တွေပွားလို့

အရှုံးနံရံများပေါ်ကို

ငါ့လက်သီးတွေကျခဲ့ရ

ငါ့အတ္တ္တတို့လည်း

မင်းမာနတွေအောက်

ဒူးထောက်ခဲ့ပါတယ်.....။


သို့သော်အချစ်ရယ်

အမျက်မပြယ်သေးတဲ့မင်းအမုန်းကို

သက်ထက်ဆုံးမအိပ်စက်ရင်လည်း

နေပါစေရှိပါစေတော့လေ

အမုန်းတွေရပ်နားနှလုံးကသားပျော့ပြောင်း

အတိတ်ဟောင်းကိုတမ်းတ

မင်းလွမ်းလို့ရပြီဆိုရင်

ဟိုအရင်ထက်ပိုတဲ့အချစ်တွေနဲ့

ငါလာခဲ့ပါ့မယ်ချစ်သူ.....။


လေးစားလျှက်

ရင်ခုန်ရသူ

သုံးရာသီအလွမ်း

ဆောင်းရဲ့မျက်ရည်
ဝေစီနှင်းစက်
အေးစက်စက်ဖြင့်
အတွေးဂယက်
အဆွေးဓါတ်ရယ်
မပျယ်လေတော့။





မြူနှင်းကြားက
လမ်းမထက်မှာ
ဖြေစရာမဲ့
ဖွေရှာခဲ့မိ
အတိတ်၏ရိပ်
ဆိတ်ဆိတ်သာတည်း။

မိုးရေပက်ဖြန်း
ဝဿန်ပန်းလည်း
လန်းမြဲနေမို့ 
တွေဖို့ ရည်မိ
အတိဖွင့်ဟ
လွမ်းသမျှကို
အချစ်လို့ ဆိုမယ်

နွေတစ်ကျော့ရယ်
လည်လာပြန်တော့
နွမ်းဖြော့အာရုံ
ဂိန်မာန်ဟုန်နဲ့ 
တွဲခဲ့ပါပြီ
မျှော်ရည်တမ်းတ
လွမ်းရလှပေါ့။...။

လေးစားလျှက်

ပန်းခရေဘဝ

အညိုမှာ အဖြူသက်

** *တလှပ်လှပ်နဲ့* **

ပွင့်ဖတ်လေးတွေစီ လို့


**ပင်ယံမှာဝင့်* *

** *အမြင့်ထက်စံ* **

သဏ္ဍန်ကသေးသေး

သင်းပျံ့ရနံ့လေးမွှေးကြူလို့ပေါ့

အဆင်းလှမခန့်ညား

မြေခလို့ကြွေသွားလျှင်တောင်

ဘုရားမှာကပ်

လှကညာဆံနွယ်ထက်မှာ

သူငါလုယက်ပန်ဆင်

** *ဘဝင်ငယ်မရှိ* * *

ဘယ်သူသိနိုင်ပါ့မလဲ

** * *သြော်..* * *

နေဝင်ချိန်ရောက်

ငြှိုးငယ်ခြောက်တော့

**စွန့်ပစ်ခြွေချ**

အနေမလှတော့လည်း

ခရေပန်းကတော့

သင်းပျံ့နေဆဲပါကွယ်...

Followers