အသစ်တင်တိုင်းfacebook မှာဖတ်ဖို့  Likeခဲ့ပါ
Friday, 26 October 2012
မေတ္တာအခါ ဘာဝနာ ပွားကြများဝေနေ
လောကတခွင်း ဂုဏ်ချိန်လင်းလို့ ....
ဘဂဝါအရှင် တို့ ဘုရားသခင်သည်.....
တို့ များမနုသ လူစင်ကြွတို့ အား.......
ဟော်ဖော်ကြားခဲ့
လမြတ်ဝါခေါင် ပြည့်ခါညောင်ဝယ်.....
အသွယ်သွယ်သန်း လင်းရောင်လမ်းကို...
နိမ္ဗာန်မြန်းဖို့  မိန့် မြွက်သွမ်းခဲ့ပေသည်.......
ဝိမုတ္တိကာလ တစ်ပြန်ကျလို့ .......
များတို့ တစ်တွေ ဘာဝနေကို.....
စီးဖြန်းကုတ်ကုတ် အဟုတ်လုပ်လေ..............
အပုပ်ရုပ်ဆွေ ခင်ကာမနေလင့်......
ယူငင်ကာစီး မဂ်ဖောင်ကြီးကို.....
လေးပါးသစ္စာ သိမြင်ကာဖြင့်....
ရုပ်နာမ်သွယ်သွယ် ခွင်းဖယ်မြင်စေ......
ချစ်သားဆွေတို့  မေတ္တာထွေးလို့ ပေးခဲ့ပြီ.....
ဝေးဖို့ မရည် နိမ္ဗာန်ဆီ.....
တို့ ဆွေညီနောင် မယ်မောင်များတို့ ......
အသိအလင်း ဥာဏ်နဲ့ ခွင်းလို့ .....
ပွားကြမေတ္တေများဝေနေကို......
ဆွေတော်များ ကုသိုလ်ပွားဖို့ 
မင်ရည်ကနုတ် ရေးထုတ်ပါ၏....
ရင်ခုန်ရသူ
Related Posts Plugin for WordPress, Blogger...
အမေ့သား
အမေ့သား
တောင်ကြီးဖဝါးအောက်ဆိုတဲ့စကား
ကြားဖူးမှာပါအမေ
တောင်ကြီးဖဝါးအောက်ဆိုပေမဲ့
တောင်သိပ်ကြီးတော့ဖဝါးပေါက်
ဆက်မလျှောက်နိုင်တော့ဘဲ
ဘဝဆိုတဲ့လမ်းဘေးထိုင်နေသူတွေ
အနန္တရှိနေကြတယ်အမေ.......။
လှိုင်းကြီးလှေအောက်ဆိုတဲ့စကား
ကြားဖူးမှာပါအမေ
လှိုင်းကြီးလှေအောက်ဆိုပေမဲ့
လှိုင်းသိပ်ကြီးတော့လှေမှောက်
လိုရာမရောက်ပဲ
လောကဓံလှိုင်းအောက်နစ်မြုပ်သူတွေ
ရေတွက်မရရှိနေကြတယ်အမေ.......။
လှိုင်းသိပ်မကြီးပေမဲ့
လှေလှော်ရင်းတက်ကျိုးကြမ္မာဝဲဂယက်ဆိုးက
ရှေ့တိုးမရနိုင်သူတွေအသင်္ချေပါအမေ.....။
တောင်ကြီးလို့ဖဝါးပေါက်
တရွတ်ဆွဲလျှောက်မယ်အမေ
ပန်းတိုင်ရောက်မှမှောက်ချင်မှောက်ပါစေ
လှိုင်းကြီးလို့လှေမှောက်ရေအောက်ရောက်လျှင်
ဇနက္ကထုံးနှလုးံမူမယ်
ပန်းတိုင်ရောက်မှနွမ်းယိုင်မှောက်ပါစေ.....။
လှေလှော်တုန်းတက်ကျိုး၊လက်ထိုးပြီးလှော်မယ်
ကြမ္မာဝဲဂယက်တွင်၊ဇွဲတင်းလို့ဆင်းမယ်
လွတ်ကင်းကျော်လွှား၊ဖြတ်လျှောက်သွားမယ်အမေ.....။
အမေ့သိက္ခာ၊သားသိက္ခာအတွက်
ဘဝဆိုတဲ့စခန်းလမ်းဘယ်လောက်ဆိုးဆိုး
ဇွဲကိုဆင့်တိုး၊လုံးလဖြိုးလို့ရှေ့ဆက်လျှောက်မယ်
အမေ့သိက္ခာချမယ့်သားဆိုးဘဝ
လုံးဝမရောက်စေရဘူးအမေ.......။
လေးစားလျှက်
ရင်ခုန်ရသူ
Thursday, 25 October 2012
ဆောင်းမနက်ခင်း
ဟေမာန်အစ
နှင်းမြူလှ
ယုယဆင်းသက်ပြန်။
နေခြည်ကနွေး
လေနုအေး
ဆော့သွေးတိုက်ခတ်ပြန်။
အာရုံမနက်
လမ်းမထက်
ပြေးလတ်များစွာလူ။
ရော်ရွက်တို့ ပေါ်
ငွေနှင်းသော်
လျှောကျစီးဆင်းရိုရဲခြင်း။
ရောင်နီလာလု
မိုးတိမ်စု
ကြည့်ရှုမညီးပါ။
ကန်ရေထက်ဝယ်
ရေငွေ့ ခြယ်
ရှုဖွယ်လှပေဟန်။
ဒီဆောင်းမနက်
မြင်ကွင်းစက်
လင်းလက်လှပေပြန်။
လေးစားလျှက်
ရင်ခုန်ရသူ
Wednesday, 24 October 2012
***+ခရီးသွားတို့တတွေ+***
ခါနွေဆန်းစ၊မြူစိုင်လှရယ်
မုတ်သုန်ငယ်ဖြူး၊နွေဦးလေပြေ
ရူးထွေထွေသန်း၊ဘယ်ညာလှမ်းကာ
သံသာဥဩ၊ဂျိုးသံနှောလို့
ချွေးစို့စို့ဖြင့်၊သွားလင့်လှုပ်ရှား
ခရီးများထွင်၊ဘဝတွင်ဝယ်
နွေနှယ်ပါလား။
မာယာများလှ၊လောကထဲမှာ
ဘယ်သောင်ကိုလှမ်း၊ဘယ်ကမ်းကပ်စေ
ဖွေရန်မလို၊ဒုက္ခကိုကား
တွေ့ညားမြဲသာ၊လူ့ဘဝမှာ
အိုနာသေဘေး၊ထွက်ပြေးမလွတ်
မချွတ်ရွန်းပါ၊ကြုံရမည်သာ။
ကြုံမလာခင်၊တို့ဆွေကြင်များ
စိတ်ထားဖြူစင်၊မဂ္ဂင်စီးရန်
ဒါနံသီလံ၊ဘာဝနံစ
ပွားကြကုတ်ကုတ်၊မဆုတ်နစ်စွာ
ကျင့်ခါပါမှ၊အပ္ပါယ်မကျ
နိဗ္ဗာန်ရမည်၊ဖြစ်ပေသည်တည်း
ခရီးလမ်းမှာ၊နွမ်းရှာစေမူ
ဖေးမကူတတ်၊တို့တရားမြတ်
းပွားလတ်ချစ်အဆွေ။
လေးစားလျှက်
ရင်ခုန်ရသူ
Tuesday, 23 October 2012
***ဖုန်းမောင်အလွမ်းမယ်သို့ကမ်းစာ***
ဟေမာန်လဝယ်၊မြူနှင်းငယ်ဖြင့်
တင့်တယ်ပေဟန်၊နန်းယုဂန်စွန်း
နေခြည်သွန်းရယ်၊ရွန်းရွန်းငယ်ပေါ်
ဆွေငယ်ဖော်ရယ်၊ရင်ဝယ်မျှော်တမ်း
ရည်ရော်လွမ်းလို့၊ဝေးသူမို့ပိုင်
ဗျာဖို့လို့ယိုင်၊ရွှေလည်တိုင်ငယ်
မှိုင်မှိုင်ရယ်လူး၊အသဲဦးညှာ
မြသက်လျှာကို၊ရင်မှာရှိုက်ငို
တောမြိုင်ညိုလယ်၊ဘယ်ကိုရယ်မှန်း
ဖုန်းမောင်လွမ်းရ၊မှန်းစမပီ
ရွှေရင်စည်ကွဲမတတ်သော်။
ဝေယံစမယ်၊ရွှေစံပယ်ငုံ
သင်းတယ်ရနံ့၊လွင့်လွင့်ပျံ့စွာ
ဝင်းဖန့်မျက်နှာ၊လပမာနှယ်
လေသာပြူတင်း၊သူ့ရုပ်ဆင်းကို
အလင်းရွှေအို၊လရောင်ပြိုခါ
ဝင်းစိုစွာတည်း၊ရှုမငြီးပါ
မြသီးမြငုံ၊ဝန်းရံစုံလို့
ရင်ဖုံမှာသမ်း၊ရေစိမ့်စမ်းနှယ်
အေးချမ်းစွာပ၊အပြုံးလှသည်
ရွှေပင်စည်ခဲမတတ်သော်။
ရွေရံလှကြွယ်၊နှမငယ်ကို
အောင်သွယ်နှယ်ပြု၊မယ်ထွေးနုကို
ပေါင်းစုဝေဖြာ၊ရွှေပေလွှာထက်
မင်စာခြယ်ကာ၊ဆင့်သီကာကမ်း
ဝေဒနာလွမ်း၊မြစ်ယံကမ်းမှာ
ထွေလျှမ်းစိတ်စဉ်၊မျှော်တွေးယှဉ်ကာ
ငွေစင်စနှယ်၊နှင်းထုလယ်မှာ
သွေဖယ်မပြီး၊စစ်ခရီးနယ်
ချစ်ကြီးသူမောင်၊လွမ်းပြေအောင်ကွယ်
စာဆောင်ရယ်နှင်း၊စစ်တလင်းမှာ
ဆွေခင်ညီတွဲရမတတ်သော်။
လေးစားလျှက်
Saturday, 20 October 2012
ဥာဏ်ကြီးရှင်
တခါကရွာတစ်ရွာမှာ
မောင်လှဖေဆိုတဲ့လူတစ်ယောက်ရှိတယ်
သူဟာနေ့စဉ်နဲ့အမျှ
သူ့ရဲ့မုတ်ဆိတ်မွေး(မေးစေ့မွေး)တွေကိုကိုင်နေတတ်တယ်တဲ့
.အဲ....တစ်နေ့ရောက်တော့ရွာသူကြီးကရွာထဲထွက်လာတယ်
သူကြီးကမောင်လှဖေကိုမြင်တော့တခုစဉ်းစားမိသွားသတဲ့
"အင်း...ဒီကောင့်ကိုကြည့်ရတာစီးပွားရေးအမြင်ရှိမဲ့ပုံပဲ"ဆိုပြီးအိမ်ပြန်သွားတယ်
အိမ်ရောက်တော့သမီးကိုမောင်လှဖေနဲ့လက်ထပ်ဖို့နားချတယ်
သမီးကလည်းမိဘစကားနားထောင်လိုက်တယ်ပေါ့
ဒါနဲ့မောင်လှဖေနဲ့သူ့သမီးကိုနေရာချထားပေးလိုက်တယ်
မောင်လှဖေကလည်းထုံးစံအတိုင်းမုတ်ဆိတ်မွေးလေးသပ်ကာသပ်ကာနဲ့ပေါ့
အင်းသူကြီးကလဲသူ့ကိုစီးပွားရေလုပ်ဖို့
အရင်းနီးထုတ်ပေးလိုက်တယ်
ဒါလဲမရသေးဘူးမောင်လှဖေကသပ်နေတုံးပဲသူ့အမွေးလေးကို(မုတ်ဆိတ်ေ
မွးပါ)
သူကြီးကလည်းအော်...ဒီကောင်ငါပေးတာနည်းလို့ထင်တယ်ဆိုပြီးထပ်ပေးတယ်လေ
ဒါလည်းလှဖေကထုံးစံမပျောက်ဘူးဗျ
ဒီခါသူကြီးကအင်း...ဒီကောင်ဘယ်လောက်တောင်ကြီးတဲ့စီးပွားရေးလုပ်ချင်နေတာပါလိမ့်
မေးကြည့်ဦးမှပဲဆိုကာ
ဟ..လှဖေရဘာလုပ်ငန်းလုပ်ဖို့ဒီလောက်စဉ်းစားနေတာကွ
ဒီတော့လှဖေက
ကျနော်စဉ်းစားနေတာဗျ
ကျနော့ခေါင်းကဆံပင်တွေရဲ့အမြစ်တွေက
ဒီမေးစေ့ကများထွက်လာသလားလိုဗျတဲ့လေ
(သူငယ်ချင်းတို့ပျော်ရွှင်ပါစေ)
ရင်ခုန်ရသူ
လူပျိုကြီး
လူပျိုကြီးလူပျိုကြီးနဲ့ခေါ်ပါများလာတော့စိတ်ထဲကမလုံတလုံဖြစ်လာတယ်ဗျကိုယ့်ဖာသာတစ်ကိုယ်တည်းအဖော်မစုံတာဘယ်သူထိခိုက်နေလို့လဲဗျာအင်းသည်လိုပြောလိုက်ပေမဲ့ဟဲဟဲးးးးမိန်းမလေးတော့ယူချင်သေးတယ်ဗျဒီလိုစိတ်ကူးပြန်တော့လည်းကြိုက်မည့်သူကမရှိအခက်ကြုံပြီဒါမှအင်းတစ်ယောက်လောက်တော့ရှာမှရမယ်အယ်ဒါနဲ့ဘယ်သူ့ကိုတော်ကောက်ရမလဲစဉ်းစားဆန်းအင်းစဉ်းစားရင်းနဲ့အပြင်းဖျားပြန်ပြီဘာလို့လဲသိလားဟင့်...ဟင့်ငိုချင်တယ်သားရဲ့ဖူးစာဖက်ကခေါ်နေတယ်လေအသံလေကသာယာလိုက်တာအုဝဲ....အုဝဲ.,နဲ့လေ
(ရယ်ရွှင်ပျော်ပါစေ)
ရင်ခုန်ရသူ
ချစ်သူ
ချစ် သူ....ကျေးငှက်ကလေးတွေတောင်
တေးသံမြိုင်မြိုင်သီကြူးနေကြပြီ
အာရုဏ်ဦးကိုစောင့်လို့ကြိုနေကြပြီ။
ချစ်သူ...အရှေ့ရပ်ဆီမှကိုသူရိန်လည်း
သူ့ရဲ့တစ်နေ့တာဝန်ကျေပွန်ဖို့
တစစနဲ့ပေါ်ထွက်လာလေပြီ။
ချစ်သူ....ပုထုဇဉ်လူသားတို့လည်း
ဝမ်းခါးအတွက်လုပ်ငန်းဝင်ရန်
နိုးထ၍နေကြလေပြီ။
ချစ်သူ....အရာတိုင်းသည်
ကိုယ်စီကိုယ်စီတာဝန်တွေ
ထမ်းဆောင်နေကြလေပြီ။
ချစ်သူ....မင်းအိပ်နေဆဲလား
မင်းနိုးထသင့်ပြီ
မင်းရဲ့တာဝန်တွေကျေပွန်အောင်
ထမ်းဆောင်သင့်ပြီ။။
(အနာဂါတ်သို့ရည်မျှော်ခြင်း)
ရင်ခုန်ရသူ
လိပ်ပြာငယ်လေးသိစေချင်
မွှေးရနံ့တို့လေအဝှေ့မှာ
ထုံသင်းကြိုင်စွာလှနေရှာ
တင့်တယ်ရှုမော
ပန်းခင်းတောဝယ်
လူးလွန့်ခေါက်တုံ
လမ်းသွယ်စုံအောင်
လှည့်ကာနမ်းရှိုက်
ပန်းတစ်သိုက်ကို
အိုလိပ်ပြာငယ်
ပန်းများထဲဝယ်
အန္တရာယ်ရှိသော
အဆိပ်ပန်းနှင့်
ဆူးတို့ဝန်းရံ
ပန်းဖိုးတန်များ
ရှိနေသားဟု
နှိုးဆော်သတိ
ပေးလိုက်ပါ၏
လိပ်ပြာငယ်။။
(အချစ်စစ်ပါစေ)
ရင်ခုန်ရသူ
လွမ်းသူသိစေ
ဟေမာန်ကနှောင်း၊ရာသီပြောင်းမယ်
ထနောင်းပွင့်တို့၊မြေသို့ခပြီ
ရွှေဂျိုးဖြူစုံ၊ကူပုံရယ်ဆန်း
အလွမ်းခန်းကို၊ဖွင့်လိုပြန်ပေါ့
နွေတစ်ကျော့သို့၊ရောက်လို့လာပြီ
ရော်ရည်မှန်းဆ၊လွမ်းရပြီ။
ဝေယံကကြောင်း၊ဇာခြည်နှောင်းရယ်
သတင်းရယ်ဝေး၊စာခွေလေးလည်း
ကျိုးပြီခေါက်ရိုး၊စထက်တိုးတာ
ဝေဒနာလွမ်း၊အသည်းကျွမ်းလု
ချယ်ရီရယ်ဖူး၊လေအလူးမှာ
သင်းရနံ့ဖြာ၊တောင်တန်းပြာနဲ့
ဗွေသီလျှမ်းမြ၊လွမ်းရပြီ။
(အဖြည့်ခံရတု)
လေးစားလျှက်
ရင်ခုန်ရသူ
Followers